အခုတလော စိတ်ရှုပ်စရာ စိတ်ပျက်စရာတွေချည်း ကြုံနေရတော့ ပိုစ့်တွေသာ ရေးနေတယ်။ စိတ်ညစ်စရာတွေချည်းလိုလို ဖြစ်နေတယ်။ ဒါကြောင့် စိတ်ညစ်စရာ မတွေးချင်ပဲ ပျော်စရာတွေပဲ ရေးချင်နေတော့တယ်။ ကျွန်မဘ၀မှာ တော်တော်လေး တစ်လွဲလုပ်ခဲ့တာတွေ အများကြီးပဲ။ အဲဒါလေးကို မျှဝေမယ်နော်။ ကြုံရင် ကြုံသလို ရေးမှာမို့ အမှတ်စဉ် တပ်လိုက်ပါတယ်။ အခုပထမဆုံး အနေနဲ့ကတော့ ဒီဒူဘိုင်းရောက်မှ ဖြစ်တဲ့ အဖြစ်လေးတစ်ခုကို အရင်ပြောပြမယ်။
ကျွန်မ ရုံးကိုနေ့တိုင်း bus စီးသွားလေ့ရှိတော့ ကြာလာတော့.မှတ်တိုင်မှာ နေ့တိုင်းတွေ့ဖန်များတော့ သိလာခင်လာတာတွေ ရှိတယ်လေ။ အဲဒီထဲမှာမှ ကျွန်မနဲ့ စီးတဲ့ကားချင်း တူတူ၊ ရုံးကလဲ building တစ်ခုတည်းဆိုတော့ နေ့တိုင်းလိုလိုကို တွေ့ဖြစ်တယ်ပေါ့။ သူ့ကို မေးမိတယ်။ ဘာလူမျိုးလဲလို့။ သူက သီရီလင်္ကာဆိုတော့ သိလိုက်တယ်။ ဒါဗုဒ္ဓဘာသာပဲ။ အဲဒါနဲ့ ဗုဒ္ဓဘာသာနဲ့ ပက်သက်တဲ့ စကားတွေ ပြောဖြစ်ကြပါလေရောပေါ့။။။အဟဲ လာပါပြီ. ဖြစ်တော့မယ်လေ။ တစ်လွဲ.သူ့နာမည်က မြန်မာလို အသံထွက်ရင် မင်္ဂလာတဲ့။

မင်္ဂလာ ။။။ နန်းတို့ မြန်မာမှာ ဘုရားရှိခိုးရင် ဘယ်ကနေစသလဲ။
ကျွန်မ။။ " သြကာသ" ကနေစပါတယ်။
( ဟုတ်သေးပါဘူး။ ဘုရားရှိခိုးတာပဲ သူတို့က ဘယ်ကနေစရှိခိုးလို့လဲ..မေးလိုက်ဦးမယ်)
မင်္ဂလာတို့ကကော ဘယ်ကနေစတာလဲ။
မင်္ဂလာ။။ " နမောတဿ " ကနေစပါတယ်။

ကဲ ကြည့်ပါဦး။လုပ်လိုက်ပုံက တစ်လွဲ။ ကြောင်တောင်တောင်နဲ့ ။ ဟုတ်သားပဲ။ နမောတဿ ကနေစတာလေ။ တော်တော်လေးလဲ ရီချင်သွားတာနဲ့ ဟန်ဆောင်လို့ မရတော့ဘူး။ အားရပါးရကို ရီလိုက်မိတယ်။ နောက်ပိုင်းမှာတော့ သူက သူ့အမျိုးသားကိုပါ ပြောပြတော့ သူ့အမျိုးသားကလဲ လိုက်ပို့ရင်း မေးပါတယ်။ ရွတ်ခိုင်းတယ်။ ငါးပါးသီလ တွေ ဆယ်ပါးသီလတွေ. တူမတူလေ။ အသံထွက်ချင်းကိုပေါ့။
အဒေါ်ပြောသလိုပါပဲ။ ဒူဘိုင်းရောက်မှ မှတ်တိုင်မှာ ငါးပါးသီလခံတာနဲ့ တိုးနေတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ။လာဖတ်ပေးကြတဲ့ သူငယ်ချင်းတွေ နဲနဲပြုံးမိသွားရင် ၀မ်းသာပါတယ်ရှင်။
:( ခေါင်းစဉ်ကို စရေးကတည်းက စိတ်ထဲအီလည်လည် ဖြစ်သွားတယ်။ Tagထားတာကို သွားဖတ်တော့ ဒါလေးများတဲ့။ အခုတော့ ဘယ်ကနေ.စရေးရမယ် မသိ။ ကိုရဲ..ကိုရဲ.ဒုက္ခနဲ့လှလှပေးသွားတယ်။ မရေးမနေရေးရမယ်တဲ့။
အင်း......ဘယ်လိုပြောရမလဲ။ သေချာရေရာမသိဘူးနော်။ အခုလက်ရှိ စိတ်ထဲမှာ ခံစားမိတာကိုရေးမှာ။( အဟဲ..အငှားရည်းစားထားပြီး ရေးမယ်။)
အမှန်တကယ်လဲ ချစ်တယ်ဆိုတာကို သေချာအဓိပ္ပာယ်ဖွင့်ဖို့ ခက်တယ်။ လူတစ်ယောက်စီမှာ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်မျိုးစီ ရှိနေတတ်တယ်။ မတူဘူးပေါ့နော်။ အခုချိန်ထိ ဘာလို့ ချစ်သူမရှိတာလဲ မထားတာလဲ လို့ခဏခဏအမေးခံရ၊ သူငယ်ချင်းတွေ မင်္ဂလာဆောင်သွားရင် နင်ကော အိမ်ထောင်ပြုဖို့ စိတ်မကူးတော့ဘူးလား။ တသက်လုံး ပညာတွေပဲ သင်နေတော့မှာလား။ အစရှိသည်ဖြင့် အမြဲ မေးခြင်းခံရတယ်။ အယ်.. သူတို့ပဲ ရည်းစားနဲ့ စိတ်ဆိုးရင်၊ ယောက်ျားနဲ့ စကားများလာရင် " ဖူး.ရည်းစားမထားနဲ့ ၊ အိမ်ထောင်မပြုနဲ့ "လို့ သူတို့ပဲ ကိုယ့်ကိုပြောတာ။ ကိုယ်မှာ ကိုယ်ဘာသာကိုယ်နေတာကို ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလား။ လို့ အမျိုးမျိုး ပြောခံထိနေတော့တာပါပဲ။ ကျွန်မကလဲ လူတစ်မျိုး ၊ ဘာလို့ ရည်းစားချစ်သူ ထားဖို့ စိတ်ကိုမ၀င်စားတာလဲမသိဘူး။( အဟဲ အပျိုကြီးကံဇာတာပေါ့နော်။) တစ်ချိန်လုံးသိနေရှိနေတာကတော့ အိမ်မှာ သူငယ်ချင်းတွေဆီမှာ ဗိုလ်ကျမယ် ဆိုးမယ်။ ဒါပဲစဉ်းစားတယ်။ ရည်းစားထားရင် စိတ်ရှုပ်စရာလို့ မြင်တယ်။ မလိုအပ်ဘူးလို့လဲ မြင်တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးစာ အတွက်မဟုတ်ဘူးတဲ့။ အစိတ်အပိုင်းလေးတစ်ခုပါတဲ့။ နောက်တစ်ယောက်ကျတော့ အိမ်ထောင်ကျလို့ ပိုက်ဆံမရှိရင် အချစ်ဆိုတာ ပြတင်းပေါက်ကနေ ခုန်ချသွားတတ်တယ်တဲ့။ ( သင်ပေးကြတာလေ။။) အဲဒါက မိန်းကလေး သူငယ်ချင်းတွေပြောတာ။
အဲ. သူငယ်ချင်းတစ်ယောက် ( ယောက်ျားလေး တစ်ယောက်ပေါ့) ကျတော့ ချစ်သူနှစ်ယောက်ကြားမှာ ချစ်တယ်ဆိုတဲ့ စကားက တကယ်ပြည့်စုံတယ်တဲ့။ :P အဲဒီလို ပြောကြတာပါပဲ။ ကိုယ်ကတော့ သိဘူး။ ၀ါးတားတားပဲ။
အဲဒိလို အခုချိန်ထိ ပေါ့ပေါ့ပါးပါး နေလာပြီးမှ ခံစားမိလာတယ်လို့ ထင်မှတ်ထားတဲ့ ကျွန်မခံစားမိတဲ့ အချစ်ဆိုတာကတော့.....
သံဃောဇဉ် အရမ်းတွယ်မြန်၊ မဖြတ်တတ်တာ ကျွန်မရဲ့ အကျင့်တစ်ခုပဲ။ သေးသေးမွှားမွှားလေးကအစ သံဃောဇဉ်ထားတယ်။ ကိုယ့်ကိုခွဲသွားဖို့ လုပ်ရင် စိတ်မကောင်းဖြစ်ပြီး ငိုတတ် ၀မ်းနည်းတတ်တယ်။ ဒါပေမဲ့ တကယ်ဖြူဖြူစင်စင်လေးပါ ဒီသံဃောဇဉ်တွေက..
တစ်ခါတစ်လေကျတော့ မထင်မှတ်ပဲ ဒီသံဃောဇဉ်ကနေ ချစ်တဲ့ဘက်ဆီ ရောက်သွားတတ်တယ်နော်။ ဘာကြောင့် ဒီလိုပြောင်းလဲသွားမှန်း မသိဘူး။ အဲဒီခါကျတော့ အရင်ကအေးမြပါတယ်ဆိုတဲ့ သံဃောဇဉ်ကနေ ပူလောင်မှု့ ခံစားချက်တွေ ရရှိလာရော။ ဒါပေမဲ့လဲ အဲဒီပူလောင်မှု့ကို လိုချင်တာလေ။ လိုလိုလားလား လက်ခံထားတယ်လေ။ သိပ်စိတ်ပျက်မိတယ်။ ဘာလို့ စိတ်ပျက်မိတယ်လို့ ပြောတာလဲဆိုတော့ မာနနဲ့ ယှဉ်ပြီး ဒီပူလောင်မှု့ကို လက်မခံချင်လို့။
ဘာလို့ စချစ်မိတာလဲ ? ဘယ်လို အချစ်ဆိုတာ ခံစားမိလာတာလဲဆိုရင် ..သနားတာက စမယ်၊ သူ့အရည်အချင်း ၊ စိတ်သဘောထားတွေကို သဘောကျနှစ်သက်ရာကနေ ဖြစ်မယ်။ သေချာမသိဘူး။ ဖြစ်နိုင်ခြေကိုပြောတာလေ။ ဒါကြောင့် ပြောတာပေါ့.ချစ်တယ်ဆိုတာ ဘာလဲလို့မေးရင် ပြောရခက်တယ်လို့။ သူငယ်ချင်းတွေ ပြောတယ်။ သာယာမှုနဲ့ တကယ့်အချစ်က မတူဘူးတဲ့။ ပြီးတော့ ရုတ်တရက် မခွဲခြားနိုင်ဘူးတဲ့။ အဲဒါတော့ မသိလို့ မရေးတော့ဘူး။
ဘာကြောင့် ဖြစ်ဖြစ်ပါ။ ကျွန်မသာဆိုရင်ပေါ့.ကိုယ့်ချစ်တဲ့သူကို သူဘာလိုအပ်တယ်ဆိုတာ မပြောရပဲ သိအောင်လုပ်ပြီး ဖြည့်ဆည်းပေးမယ်။ သူဝမ်းသာရင် လိုက်ဝမ်းသာသလို ၀မ်းနည်းတဲ့အခါကျတော့လဲ တူတူခံစားပေးချင်တယ်။ ကိုယ့်ဘက်မှာ ပျော်ရွှင်ဝမ်းနည်းမှု့ ရှိလာရင်လဲ သူ့ကိုပဲ တိုင်ပင်ပြောချင်တယ်။ သူမကြိုက်တဲ့ ကိစ္စလို့ထင်ရင် တတ်နိုင်သလောက် ရှောင်မယ်။ အဲ..တမင် အနိုင်ကျင့်ပြီး ငါပြောသလိုလုပ် ငါလုပ်သလို လိုက်မလုပ်နဲ့ ဆိုတာမျိုးတော့ မရဘူးပေါ့။ မျှတရမယ်။ သူမှန်နေတယ်ဆိုရင်ပေါ့ ပြောစကားနားထောင်ပေးမယ်။ အတ္တကြီးတယ်ပဲ ပြောပြော ချစ်မိရင် ပိုင်ဆိုင်ချင်တယ်။ ထွက်သွားခွင့် မပေးချင်ဘူး။ ပေးဆပ်မှု့အတွက် ဆိုတာ မလိုချင်ဘူး။ ပြိးတော့ ရုပ်ရည်လှခြင်း မလှခြင်းတွေ၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတွေဆိုတာ တကယ်တမ်းချစ်မိရင် အပေါ်ယံပါလားဆိုတာ သိလာမှာပါ။ ဒါပေမဲ့ ဦးဆောင်မှု့ ပေးနိုင်တဲ့သူတော့ ဖြစ်သင့်တာပေါ့။ ဒါပဲ.:))
အရေးကြီးတာ တစ်ခုက ကျွန်မကို အလိုလိုတ်ရမယ်။ ခွင့်လွှတ်ပေးနိုင်ရမယ်။ :))
ကဲ ကိုရဲ ..ဒီလောက်ဆိုကျေနပ်တော့ သိတာလေး စိတ်ထဲရှိတာလေးရေးတာနော်။ တောင်ရောက်မြောက်ရောက် ဖြစ်နေတယ်။ အဟဲ လာဖတ်ပေးကြတဲ့ သူငယ်ချင်းတွေလဲ သည်းခံဖတ်ပေးပါနော်။ လွယ်လွယ်လေးထင်လို့ ရေးလိုက်မှ ဘာမှထွက်မလာတော့ဘူး။ ဒါကြောင့် ရေးတာတွေက အစီအစဉ်မကျနေတော့ဘူး။ ကျွန်မသိတဲ့ အချစ်ဆိုတာ အခုထိတော့ ဒီလောက်ပါပဲ။။။။
လူ့သဘော၊ လူ့မနောတွေကလဲနော် အခုတစ်မျိုး ၊ တော်ကြာနေ တစ်မျိုးနဲ့ ။ လူ့စိတ်လောက်မြန်တာ ဘာမှမရှိဘူးတဲ့။ သိပ်မှန်တယ်နော်။ တစ်ထိုင်တည်းနဲ့ စိတ်အမျိုးမျိုးပြောင်းနေတော့တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အဲဒီ လူ့စိတ်ဆိုတာနောက်လိုက်ရင် ဘ၀မှာ သံသရာကြီးကတော့ ရှည်ပြီးရင်းရှည်နေတော့မယ်။ ဒါကြောင့် တစ်ခါတစ်လေ တွေးမိတယ်။ ကိုယ့်အပေါ်နားလည်စေချင်တယ်။ တကယ်ဆို တွေးသင့်တယ်နော်။ ကိုယ်တောင် ကိုယ့်စိတ်ကိုယ်တောင် နားမလည်တာ ဘယ်သူကလာ နားလည်ပေးနိုင်မှာလဲ။ ကျွန်မတော့ မထင်ဘူး။ နားလည်တယ်ဆိုတာ အပေးအယူမျှတအောင် လိုက်လျောမှု့တစ်ခုလို့ မြင်တယ်။ ဒါပေမဲ့ အမြဲနားလည်ပေးဖို့ဆိုတာ မိဘကလွဲ မဖြစ်နိုင်ဘူး။ မောင်နှမသားချင်းအရင်းတောင် မဖြစ်နိုင်ဘူး။ မိဘဆိုတာ အေးမြတဲ့ မေတ္တာနဲ့ စုန်ရေအဖြစ်တည်ရှိနေလို့သာ သားသမီးအပေါ် နားလည်ပေးနိုင်တာလေ။ ဒါတောင် လောကမှာ မိဘနဲ့ သားသမီးကြား သဘောထားနားလည်မှု့ ကွဲလွဲနေတာတွေ အများကြီးရှိပါတယ်။ အမြဲ နားလည်ပေးမဲ့သူကို မျှော်လင့်ကြတာ မှန်ပေမဲ့ ကိုယ်ကရော နားလည်ပေးနိုင်မလား ဆိုတာ တွေးတောရင်း ကိုယ်ချင်းစာ တင်းတိမ်ရောင့်ရဲကြရအောင်လား။
ဒါပေမဲ့ ပုထုစဉ်လူသားဖြစ်နေတော့လည်း ခက်သားလားနော်။
ဒီနေ့ ဖေဖော်ဝါရီလ ဆယ့်ကိုးရက်နေ့မှာ မင်းအသက် ၂၅နှစ်ပြည့်ခဲ့ပြီနော်။ တောင်းပန်တယ်ကွာ။ ငါလေ အလုပ်တွေရှုပ်ပြီး မေ့နေခဲ့မိတယ်။ တကယ်ဆို မဖြစ်သင့်ဘူးနော်။ သားရေ. မင်းဟာ ငါတို့မိသားစုရဲ့ တစ်ဦးတည်းသော သားယောက်ျားလေးနော်။ ငါ အခုထိမှတ်မိနေသေးတယ်။ သမီးချည်းသုံးယောက် မွေးတယ်။ သားယောက်ျားလေး လိုချင်ခဲ့ကြတယ်။ မင်းကို တောင်ကြီးမှာမွေးခဲ့တယ်။ အဲဒီတုန်းက ငါဟာ လေးနှစ်ကျော်ကျော် အရွယ်ဆိုတော့ လူကြီးတွေက မေးကြတယ်။
“ပူးရေ.မေ့ ဘယ်သွားလဲ” လို့ မေးတဲ့အခါ.ငါက “ ဖိုးလမင်း သွားမွေးတယ်” လို့ ပြန်ဖြေခဲ့တယ်တဲ့။
ဒါကြောင့် မင်းတောင် လူ့လောကထဲ မရောက်လာသေးဘူး။ ဖိုးလမင်း လို့ နာမည်ကတွင်နေပြီးသားနော်။ ငါပေးခဲ့တဲ့ နာမည်လေးပေါ့။ မျက်လုံးဝိုင်းဝိုင်း သွယ်သွယ် မြင့်မြင့်နဲ့ မင်းက ဘ့ ငယ်ငယ်ကနဲ့ တော်တော်တူတယ်လို့ြေ့ပာကြတယ်။ ဒါပေမဲ့ အားလုံး ဆုံးသွားတဲ့ မေ့ရဲ့အဖေ ၀င်စားတာလို့ ယုံကြည်ကြတယ်နော်။ ဟုတ်တယ် မင်းက အဘိုးနဲ့ ပိုတူတယ်။ အရပ်မြင့်တာပဲ ဘ့နဲ့တူတာပါ။
မင်းက မေ့ နဲ့ မမတို့ရဲ့ အချစ်ဆုံးသားနဲ့ မောင်လေးတစ်ယောက်ပေါ့။ အိမ်မှာ အထူးအခွင့်ရေးခံ လူသားပေါ့လေ။ ငါမှာတော့ အငယ်ဆုံးဘ၀ကနေ နို့ညှာဘ၀ကို ရောက်သွားရတယ်။ ငါလဲ ချစ်ပါတယ်။ တစ်ခါတစ်လေ အမြင်ကတ်တယ်။ မင်းက ဗိုလ်ကျဆိုးတယ်။ မင်းလိုချင်တာဆို မေ့ နဲ့ မမ က ချက်ချင်းဖြည့်ပေးကြတယ်။ မနာလိုဘူး။
အခုချိန်ထိ ကိုယ်ဘာသာကိုယ် ” သား” လို့ ပြောပြောနေပေမဲ့ ဟွန့် မပြောချင်ဘူး။ ကောင်မလေးတွကျ တန်းစီပြီး ၇ည်းစားထားတယ်။ မင်းနော်..မင်းက ၇ည်းစားတစ်ယောက်ထားလိုက်၇င်း အမတွေကို မိတ်ဆက်ပေးလိုက်၇င်း. မကြာဘူး ပြတ်သွားလိုက်ရင်း နောက်တစ်ယောက်ထားလိုက်ရင်းနဲ့ ငါတို့တောင် နာမည်တွေ မှားခေါ်မိကုန်ပြီ။ ဒါပေမဲ့ ကြိုပြောထားမယ်နော်။ ဘ့နဲ့ မေ့ကို ချစ်တဲ့ သမီးလို ချွေးမ ယောင်းမ ပဲလိုချင်တယ်။ အဟဲ ငါနဲ့တော့ အေးဆေးပါ။ တည့်မှာပါ။ ကျန် အမနှစ်ယောက်ကိုတော့ တာဝန်မယူဘူးနော်။
မင်းက စိတ်ထားကောင်းပြီးလိမ္မာပေမဲ့ သူငယ်ချင်းပြောစကားဆို အရမ်းယုံလွယ်တယ်။ သူငယ်ချင်းတွေ အပေါ်ဆို ကောင်းလွန်းနေတယ်။ သတိထားပါနော်။
ကဲ ငါစာရေးတာရှည်သွားပြီ။ သာသနာကို စောင့်ရှောက်နိုင်သော၊ မိဘကိုကျေးဇူးသိတတ်သောသား လိမ္မာသာ ဖြစ်ပါစေလို့ မွေးနေ့ဆုတောင်းပေးတယ်နော်။။။။။။
ကျွန်မရဲ့ ကန္တာရမိုးစက်များက နဂိုကတည်းက စာအရေးအသား မကျွမ်းကျင်မှု့ ၊ ဗဟုသုတ နည်းပါးနေမှု့တွေကြောင့် သူတစ်ပါးကို ပညာရသွားစေမဲ့ စာမျိုးမရေးတတ်တော့ ကျွန်မရဲ့ ဒိုင်ယာရီ မှတ်တမ်း၊ ကျွန်မရဲ့ စိတ်ခံစားမှု့ ရသမျှကိုသာ ရေးနေကျဆိုတော့ အခုလဲ ဖိအားဒဏ်ကို မခံနိုင်တော့လို့ ချရေးလိုက်ပြန်ပြီနော်။
အခုတစ်လော ကျွန်မတစ်ယောက် အလုပ်မှာ ဖိအားတွေများလွန်းလို့ ခေါင်းတွေပေါက်ထွက်မတတ် နာကျင်နေရတယ်။ ကမ္ဘာ့ စီးပွားရေးကျဆင်းမှု့ကြောင့် နိုင်ငံတိုင်း.ကုမ္ပဏီအချို့ ပိတ်သိမ်းခြင်း ၊ အလုပ်သမား လျော့ချခြင်းကြောင့် အလုပ်လက်မဲ့မှု့တွေ များလာခြင်း ရှိသလို၊ ကုမ္ပဏီကို ဆက်လက်တည်မြဲအောင် ထိန်းသိမ်းနေရ၊ကြိုးစားနေတာတွေ အများကြီးပါ။ ကုမ္ပဏီတိုင်း အနည်းအများ ထိခိုက်မှု့ ရှိကြတော့ ကျွန်မတို့ ကုမ္ပဏီကိုလည်း မယိုင်လဲအောင် အားလုံးတတ်အားစွမ်းသမျှနဲ့ ၊လူတိုင်း ဖိအားတွေနဲ့ ကြိုးစားနေကြပါတယ်။ အဲဒီတော့ ကျွန်မမှာ သူဌေးမကပေးတဲ့ ဖိအား၊ ကျန်ဝန်ထမ်းတွေ အပေါ် စီမံခန့်ခွဲရမှု့ အပြင် ရုံးအသုံးစရိတ်မျှတနေအောင်၊ ချွေတာရေးစီမံကိန်းကို ကိုယ်ဥာဏ်မှီသလောက်လေးနဲ့ ထိန်းနေရတဲ့ ဖိအားတွေ၊ အခြားအခြား.ဖိအားတွေ တအားများနေတယ်။ တစ်ခါတစ်လေများ စိတ်တောင်ပျက်မိတယ်။ အဲဒီချိန်ဆို အိမ်ကိုပိုလွမ်းမိတယ်။ကျွန်မဘ၀ ၂ရနှစ်ကျော်ကျော် ၂၈နှစ်အထိ ပညာသင်ကြားနေခြင်းနဲ့သာ အချိန်ကို အသုံးပြုနေခဲ့တော့ ဖိအားဆိုတာ စာမေးပွဲ ဖြေခါနီးလောက်မှသာရတဲ့ စာမေးပွဲ မဖြေနိုင်မှာ စိုးရိမ်တဲ့ ဖိအားသေးသေးလေးကို အကြီးကြီးထင်ပြီး သောင်းကျန်းနေခဲ့မိတယ်။ စာမရရင် အိမ်ကမိသားစုတွေကို မျက်နှာစူပုတ်ပုတ်နဲ့ ရစ်နေတတ်တဲ့ ကျွန်မ အခုတော့ တကယ့် ပြသာနာကြီးနဲ့ နဖူးတွေ့ ဒူးတွေ့မှ သေချင်စိတ်တောင်ပေါက်မိတယ်။ မိသားစုနဲ့ အဝေးမှာနေရတော့ပိုဆိုးတယ်။ မျက်ရည်ကျရုံကလွဲ ဘာမှမတတ်နိုင်ဘူး။ ကိုယ်ရွေးချယ်ထားတဲ့လမ်းမို့ ကြိုးစား ဆက်လျှောက်ရပေဦးမယ်။
ဒီတော့ ဒီဖိအားဒဏ်ကို ဘယ်လိုလျော့နည်းအောင် လုပ်ရမလဲ ဆိုတာမသိတော့ဘူး။ ကိုယ်စိတ်ထဲရှိတာလေးကိုပဲ ပျော်အောင်ရှာကြံ လုပ်တော့တာပါပဲ။ အစည်းအဝေးပြီးမှ အိမ်ပြန်ရတဲ့နေ့တွေဆို အရင်က ပုံမှန် ၈နာရီမထိုးခင် အိမ်ရောက်တတ်တဲ့ အချိန်က ခုတေှာ့ ရုံးကထွက်လာရတဲ့ အချိန်လို ဖြစ်နေပြီ။ မွန်းကြပ်လွန်းလို့ အိမ်အပြန်လမ်းက ( လမ်းထိပ်က) ကလေးကစားကွင်းဆီ ၀င်ပြီး ဒန်းစီးနေလိုက်တယ်။ အိမ်ေ၇ာက်၇င် အွန်လိုင်းပေါ်တက်ပြီး သူငယ်ချင်းတစ်အုပ်နဲ့ စနောက်နေလိုက်နဲ့ပဲ ဒီ ဖိစီးနေတဲ့ ဖိအားဒဏ်ကို လျော့ချနေရတယ်။ သီချင်းနားထောင်လိုက်တယ။်၊ တရားနာလိုက်တာကတော့ အကောင်းဆုံးပါပဲ။ စိတ်ငြိမ်တာပေါ့။နောက်တစ်နေ့ မနက် ရုံးသွား၇မှာကို ကြောက်မိတဲ့ရက်တွေလဲ ရှိပါတယ်။ မလွယ်ဘူးနော်။ အားလုံးသော သူငယ်ချင်းတွေလဲ ခံစားနေရမယ်ဆိုတာ သဘောပေါက်တယ်။ ကိုယ်တိုင်ရွေးချယ်ထာြး့ပီးသား လမ်းဆိုတော့လဲ ဆက်လျှောက်ရပေဦးမှာပေါ့နော်။
ဒိလိုဖိအားတွေက တစ်စုံတစ်ယောက်ဆီသို့ ပေါက်ကွဲ အော်မိလိုက်ရင် မှားသလား...?
ချစ်သူများနေ့တဲ့ ။ ဟဟဟ ရယ်ချင်တယ် ကိုယ့် အတွက်ကတော့။ ဖေဖော်ဝါရီ ၁၄ရက်နေ့ကို ရောက်တဲ့ နာရီချိန်လေးမှာ ကျွန်မ အလေးထားရဆုံးသော သူတစ်ယောက်နဲ့ အပြီးခွဲရတယ်။ မျက်ရည်လွယ်တဲ့ ကျွန်မ ဘာလို့များ မျက်ရည်တစ်စက် ကျမလာတာလဲ မသိဘူး။ ထစ်ခနဲ ငိုဖို့ ၀န်မလေးတဲ့ မျက်ရည်ကျလွယ်တဲ့ ကျွန်မ ငိုလို့မရနေဘူး။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ မသိပေမဲ့၊ ပြန်အော်မိ၊ ပြန်ပြောဖို့ ၀န်မလေးလိုက်မိတာ အမှန်ပဲ။
တော်ပြီကွာ။။။။ချစ်သူများနေ့လေးမှာ ကိုယ့် သူငယ်ချင်းပေါင်းသင်းတွေ ပျော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဖိအားတွေ လျော့ချနည်း ရှိရင်လည်း ဝေမျှပါဦး။။။။။။
မင်းနဲ့ငါကြား မညီမျှမှု့ အတော်များတယ်။ အစကတော့ နားလည်ပေးနိုင်တယ် ထင်ခဲ့ပေမဲ့ ကြာလာလေ အငြင်းပွားမှု့တွေ များများလာတော့ စိတ်ပျက်မှု့ဆိုတာ ဖြစ်ပေါ်လာရတယ်။ နားလည်မှု့ဆိုတာ တည်ဆောက်ရ လွယ်မယ်ထင်ခဲ့တာ။ တကယ်တမ်းကျ အင်မတန် ခက်ခဲတယ်နော်။ ဘယ်အချိန်ကစပြီး ဒီလိုတွေ ဖြစ်ရတာလဲဆိုတာ မတွေးတတ်တော့ဘူး။ အမှန်ဆို တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရတိုင်း ဘာမဟုတ်တဲ့ အသေးအမွှားကိစ္စတွေကြောင့်ချည်းပဲ။ နှစ်ဘက်စလုံး.လျော့ရင် ဖြစ်ရဲ့သားနဲ့ မာနကိုယ်စီ အပြိုင်ထားကြတယ်။ ဒီလိုပုံအတိုင်းသာ ဆက်လျှောက်လှမ်းရင် ပိုဆိုးကုန်မယ် ဆိုတာ သိရက်နဲ့ ဘာကြောင့် မပြင်နိုင်ရတာလဲနော်။ တစ်ခါတစ်ရံ မအားဘူး။ အလုပ်တွေရှုပ်နေတယ် နားလည်ပေးရမှာပေါ့ ဆိုတဲ့စကားတွေက ငါ့ဘက်ကကော အားနေလို့လား။ pressure တွေကြားမှာ တစ်နေကုန် အလုပ်လုပ်နေရတာလေ။ အစကတည်းက စကားပြောရင် အမှန်အတိုင်းပြောတတ် လုပ်ချင်တာကို ဇွတ်လုပ်တတ်တာတွေကို သိထားရက်နဲ့၊ ငါ့ရဲ့ စိတ်နေစိတ်ထားတွေကို သိရက်သားနဲ့ အခုမှလာ ပုံကြီးချဲ့နေတာ မင်းဘက်ကကော အမှားကင်းနေလို့လား။ မင်းဖြစ်စေချင်တဲ့အတိုင်း တသွေမတိုင်း လိုက်လုပ်ပေးနိုင်ဖို့ဆိုတာ လူတိုင်းရဲ့စိတ်ထားက တထပ်တည်းမှမကျတာ။ ဒါကိုနားလည်ရမှာပေါ့။
အမှန်ဆို ငါတို့နှစ်ယောက်ရဲ့ အပြင်ပန်း ပကာသနတွေသာ ကွာခြားရင် ကွာခြားမယ်။ စိတ်သဘောထားဟာ ဒီလောက်ထိ မကွာခြားပါဘူး။ ဘာလို့ ခုမှ တဖြည်းဖြည်းနဲ့ ကွာခြားမှု့တွေ များများလာတာလဲ။ တစ်စုံတစ်ခု နှစ်ယောက်ကြားမှာ မှားယွင်းနေတယ် ဆိုတာသိတယ်။ ဘာဆိုတာ အဖြေမထုတ်နိုင်သေးတော့ ညီမျှခြင်းဆိုတာ ဘယ်မှာရှိနိုင်သေးမှာလဲနော်။
မညီမျှမှု့တွေ များနေမှန်းသိရက်နဲ့ ညီမျှခြင်းထိုးချင်ခဲ့လို့ ဒီသင်္ချာပုစ္ဆာကို ငါကိုယ်တိုင် ရွေးထားတာပဲ။ ဒါပေမဲ့ တတ်စွမ်းသလောက် ဖော်မြူလာနဲ့တော့ ကြိုးစားတာလေ။ နောက်ဆုံး ပုစ္ဆာကိုယ်တိုင်က ညီမျှခြင်းထိုးလို့ မရရင်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ညီမျှခြင်းဆိုတာ ဖော်မြူလာနဲ့ ပုစ္ဆာတစ်သားတည်းကျမှပါ။ အခုထက်ထိတော့ မညီမျှခြင်းပါပဲလား။။။။။
"၀ဋ္ဋ်မှာအမြဲ ငရဲမှာအပ" တဲ့။ သိပ်မှန်တာပဲ။ ၀ဋ္ဋ်များလည်တာ နောက်ဘ၀တောင်မကူးဘူး။ ချက်ချင်းလည်တယ်။ဒီရက်ပိုင်း အတွင်း ကွန်ပျူတာပျက်လိုက် ကောင်းလိုက်နဲ့ ဆိုတော့ ဘလော့ဂ်လဲ မရေးနိုင်ဘူး။ သူငယ်ချင်းတွေနဲ့လဲ မတွေ့ဆိုတော့ ၊ တော်တော်ပျော်နေကြမှာပဲ :( ။ ကျွန်မရဲ့ဘက်ဘက်မျက်လုံးကလဲ မျက်အိတ်ရောင်နေတယ်လေ။ ကျွန်မကပါဝါသမားလေ ။ ဒါပေမဲ့ မျက်ကပ်မှန်ထဲ့ထားတော့ ဒီဒူဘိုင်းရာသီဥတုနဲ့ကျတော့ သိပ်မကိုက်လှဘူး ။ ပူတာကော၊ နောက် လေတိုက်လိုက်ရင် သဲမှုန့်တွေ မျက်စိထဲဝင်တာ နဲ့တင် မျက်လုံးကမခံနိုင်အောင် နာပြီ။ တော်တော်ဂရုစိုက်ရတယ် ။ ကျွန်မ မျက်လုံးနာတိုင်း ၀ဋ္ဋ်လည်တာများလားလို့ အမြဲ့တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့.....
ကျွန်မတို့မိသားစုတွေက ကြောင်ကိုကြောက်ကြ ၊ မုန်းကြပေမဲ့ ခွေးကလေးတွေကိုတော့ တော်တော်ချစ်ကြတယ်။ ကျွန်မလဲ ချစ်ပါတယ် ။ ဒါပေမဲ့ လာပြီး ပွတ်သပ်နေရင် မကြိုက်ဘူး။ ( အသဲယားတယ်။)။ အဲဒါကြောင့် ထင်ပါရဲ့။ အိမ်ကခွေးလေးတွေက ကျွန်မနား သိပ်မကပ်ကြသလို ကြောက်လဲကြောက်ကြတယ်။ အဲဒါနဲ့ တစ်နေ့ ကျွန်မစာကျက်နေတုန်း ခွေးပေါက်စနလေးက လာပြီး ကျွန်မခြေကို လာလာပြီး သူ့ခေါင်းနဲ့ ထိနေတယ်။ အစကတော့ "ဟေ့ကောင်" လို့ပဲအော်ပြီးနေတာ။ နောက်တစ်ကြိမ်မှာတော့ လာလဲထိရော ကျွန်မက " မင်းနော်.ငါရိုက်ထဲ့လိုက်ရ" လို့ ပါးစပ်ကတော့ ပြောလိုက်တာပဲ ၊ လက်ကအရင် စာအုပ်နဲ့ လှမ်းရိုက်ပြီးသား ဖြစ်သွားတယ်။ ခွေးက ပေါက်စနလေး ၊ ကျွန်မကျောင်းစာအုပ်က အထူကြီးဆိုတော့ ရိုက်ထဲ့မိလိုက်တာ မျက်နှာကိုသွားထိပုံပေါ်တယ် ။ သတိမထားလိုက်မိဘူး ။ နောက်ရက်မှာ အိမ်ကလူကြီးတွေက ခွေးကလေးမျက်လုံးတစ်ဘက် ရောင်နေတယ်လို့ ပြောတော့မှ 'ဟာ.ငါရိုက်ထဲ့လိုက်လို့လား မသိဘူး" လို့ တွေးမိပြီး စိတ်မကောင်းဖြစ်သွားတယ်။ စိတ်မကောင်းပါဘူး ဆိုနေမှ အဲဒီခွေးကလေးလေး သိပ်မကြာခင်မှာ သေသွားတယ်။ နေမကောင်း ဖြစ်ပြီး သေပေမဲ့ ဘာပြောပြော ကျွန်မ အပြစ်မကင်းတာတွေ ပါမှာပဲနော်။ သူသေတဲ့ အထိ မျက်လုံးကရောင်နေဆဲလေ။ နောက်ပိုင်း ကျွန်မလေ ပါးစပ်ထက် လက်ကမြန်တာကို တော်တော် သတိထားရတယ်။ မျက်အိတ်ရောင်တိုင်း ခွေးကလေးကို သတိရတယ်။ ၀ဋ္ဋ်လည်တာနေမှာနော်။ ကျွန်မ တစ်ခါတစ်လေ မျက်အိတ်ရောင်ရင် စိတ်ညစ်တယ်။ ငိုရတယ်။ အဲဒီခါကျ တွေးမိတာက လူဆိုတာက နာရင် ပြောလို့ရသေးတယ်။ အဲဒီခွေးကလေးဆို နာတာကို ဘယ်လိုပြောမလဲနော်။ သနားပါတယ်။
ဒါကြောငိ့ ဒီပိုစ့်လေးဖတ်ပြီး စိတ်မြန်စွာနဲ့ ပြုမူတာတွေ လျော့ကြရအောင်နော်။ သူတစ်ပါး ထိခိုက်နာကျင်မှု့ရပြီး ခံစားရတာမျိုး မဖြစ်အောင်ရှောင်ကြတာပေါ့။ ကျွန်မတော့ တော်တော်လေး လန့်သွားပြီ။ လူဆိုတာမျိုးက မကောင်းမှု့မှာ ပိုမိုမွေ့လျော်ကြတော့ ၀ဋ္ဋ်လည်မဲ့ ကိစ္စလဲ မရှောင်နိုင်တော့ဘူး လုပ်နေကြတာပဲနော်။ ၀ဋ္ဋ်ဆိုတာ ချက်ချင်းလည် တတ်တယ်ဆိုတာ ယုံပါလို့ြေ့ပာချင်ပါတယ်။ သိသိမသိသိ လုပ်လိုက်မိရင်ပဲ ၀ဋ္ဋ်ဆိုတာက မသိလို့ပါဆိုတာကို ခွင့်လွှတ်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် တတ်နိုင်စွမ်းသလောက်လေးမှ သတိထား လုပ်ဆောင် ကြရအောင်လားနော်.
(မှတ်ချက်။ ။ ကျွန်မ ၀ဋ္ဋ်နဲ့ပက်သက်ပြီး သိပ်မလေ့လာပဲ ကျွန်မစိတ်ထဲ ရှိတာလေး၊ နားလည်ထားလေးကိုရေးသားထားတာပါ။ အကယ်လို့ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးပါလို့။ )