ပြီးဆုံးခဲ့ပြီးပြီဆိုပေမဲ့ မနေ့တစ်နေ့ကအတိုင်းပဲ
ဆုံးရှုံးခဲ့ပြီးပြီးဆိုပေမဲ့ ပိုင်ဆိုင်နေသေးသလိုပဲ
အားပါးတရလဲ လွတ်လပ်စွာ အတူရယ်မောခဲ့ရသလို
ရှိုက်ကြီးတငင်လဲ ဖြေမဆည်နိုင်အောင် ငိုကြွေးခဲ့သေးတယ်
တခါတရံမှာတော့လဲ နာကြင်လွန်းလို့
တိတ်တဆိတ်လဲ ကျိတ်မျက်ရည်ကျခဲ့ရသေးတယ်လေ
အခုချိန်မှာ မြင်တွေးကြည့်တော့
အရိပ်ဆိုပေမဲ့ ထင်းနေပါသေးတယ်
ကံကြမ္မာရယ် နောင်ခါများမှာတော့
ဆောင်ကြဉ်းခွင့်ပြုပါ
ပျော်ရွှင်ခြင်းသာ ……………
အရိပ်သစ်ဆီသို့……………………..

3 comments:

မြစ်ကျိုးအင်း said...

၂၀၁၀မှာ အဆင်မပြေတာတွေ ရှိရင်လည်း ၂၀၁၁ မှာ ပျော်ရွှင်နိင်မှာပါ။
မငုံအတွက်
ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ပါစေဗျာ

ချမ်းလင်းနေ said...

မပြေလည်တာများ ရှိရင်လဲ ပြောပါလေ....။

kiki said...

မငုံ နော် ..မငုံ..
ဘာတွေ အုံ့ ပုံးပူ မိ နေတာ လည်း..

အဆင်ပြေသွားမှာပေါ့ ..
Carry On ! ! !

နောက်တနှစ် မှာ ပြန်တွေ့ ကြမယ် လေ..