တစ်နေ့သော ၁ရ ရက်နေ့မှာ လှေငယ်တစ်စီးနဲု့ လူနှစ်ဦး ခရီးတစ်ခုကို အတူတူသွားရန် စိတ်တူကိုယ်တူ ထွက်လာကြတယ်။ ခရီးတစ်လျှောက် လှော်ခတ်သူက ခတ်လိုက် ၊ မီးအိမ်လေးနှင့် လမ်းပြသူက ပြလိုက်နဲ့ပေါ့။ လမ်းခရီးမှာ ငြိမ်သက်ငြိမ့်ညောင်းတဲ့ ရေပြင်အထိအတွေ့ကိုလဲ ပျော်ရွှင်စွာ ခံစားကြတယ်။ သာယာကြည်လင်နေတဲ့ ကောင်းကင်အောက်မှာ ရေပြင်ငြိမ်ငြိမ်လေးပေါ် တူညီစွာ လှော်ခတ်ခဲ့ကြတယ်။ တစ်ခါတစ်ရံ လှိုင်းကြပ်ခွပ်ငယ်လေးတွေ ကျီစယ်တာကို ခံရတယ်။ လှေကလေး လူးလွန့်သွားပေမဲ့ ခရီးသည်နှစ်ဦး ပျော်ရွှင်ခဲ့ကြတယ်။ တစ်ခါတစ်ရံကျတော့လဲ မာယာကြွယ်တဲ့ သဘောတရားတွေကို ကြောက်ရွံ့မိတော့လဲ တစ်ဦးကို တစ်ဦးဖေးမကူပြီး ခရီးဆန့်ခဲ့တယ်။ လှေကလေးကို ကြံ့ခိုင်အောင် တည်ဆောက်ပေးလိုက်ကြတဲ့ သူတို့နှစ်ဦးရဲ့ မိဘညီအကိုများနဲ့ အပေါင်းအသင်းတွေအားလုံးကလဲ ခရီးစဉ်သာယာဖို့ပဲ မျှော်လင့်ကြတယ်။

 ဒီလိုနဲ့ လှေကလေး တစ်နေ့မှာ မုန်တိုင်းကြီး ကျရောက်လို့ လှေမှောက်မဲ့အနေအထား ဖြစ်သွားခဲ့တယ်။ မှောင်မည်နေးတဲ့ ရေပြင်အလယ် မုန်တိုင်းထန်လို့ လှေငယ်လေး မတိမ်းခင်မှာ ခရီးသည်နှစ်ဦး သတိအပြည်နဲ့နဲ့ မီးအိမ်ပြသူက နေရာမှန်ပြသကဲ့သလို လှော်ခတ်သူကလဲ ကြိုးစားပြီး ဖြတ်ကျော်ခဲ့လို့ လှိုင်းကြီးလှေအောက်ရောက်ကာ အမြင့်ဆုံးနေရာမှ ပြန်အကျမှာတေ့ တည်ငြိမ်နေဆဲ ရေပြင်အထိကို ခံစားသွားကြရလို့ နှစ်ဦးသား ရင်မောစွာ ဒီကံကောင်းခြင်းကို ဆုပ်ကိုင်နိုင်ခဲ့ကြတယ်လေ။ မုန်တိုင်းထန်ပစေ လေကြမ်းတိုက်ပစေ ။ လှေငယ်လေးမမှောက်အောင် ထိန်းနိုင်ခဲ့တဲ့ ဒီခရီးသည်နှစ်ဦး ဆက်လက်ပြီး အရင်လိုပဲ တေးတကြော်ကြော် ၊ ဘေးဘယာကင်းစွာနဲ့ လိုရာခရီးကို လှော်ခတ်နေဆဲပါ။
တစိမ့်စိမ့်လေး ကြည့်နေတယ်
ပါးပြင်ထက်က သနပ်ခါးကို၊
နှစ်နှစ်ကာကာလေး ပြုံးနေတယ်
မြတ်နိုးမှု့တွေနဲ့ ၊
ဟော...
သူအနားတိုးလာတယ်
တရှိုက်မက်မက်နမ်းသွားလေရဲ့။