အဖြူထည်


စံပယ် ဇွန်ငယ် မြတ်လေးနွယ်မှ
အဆင်းကဖြူ ရနံ့ ကကျူ
ငြိမ်းအေးစေရန် သင်ပေးဆပ်သည်
အဖြူထည်ပင်တည်း။

နှလုံးသားဖြူဖြူ ရောင်စဉ်ကင်းမဲ့
ပြစ်မျိုးမှဲ့ မထင် ရယ်ရွှင်ခြင်းဖြင့်
ကလေးငယ်လေး သင်ပေးဆပ်သည်
အဖြူထည်ပင်တည်း။

အဖြူရောင်လွှမ်း ငြိမ်းချမ်းရာလမ်း
မျှော်လင့်ရင်းနဲ့ တောင့်တလှသည်
နှလုံးသားငယ် ပေးဆပ်နိုင်စွမ်း
အဖြူထည်ပင်တည်း။