ဥသြတေးတွေ
ကြားရမိနေ
အသည်းလည်းနွမ်းနေ
ဒီနွေရက်များ....

မင်းလည်းဝေးနေ
လမ်းလည်းပျောက်နေ
အလွမ်းနဲ့ကျွမ်းနေ
ဒီနွေရက်များ....

မိုးလည်းသည်းစေ
မင်းလည်းရောက်စေ
အလွမ်းလည်းပျောက်စေ
ဒီနွေရက်များ....



(နွေနှောင်း)

     မငုံ မောင်လေးရဲ့ ကဗျာလေးပါ။ မငုံ တအားကြိုက်လို့ ဝေမျှလိုက်တယ်နော့။ ဒီကဗျာလေးကိုလဲရေးပြီးရော မိုးမည်းပြီး မိုးချုံးသံတွေ ကြားလာရတယ်။ ဒါက ကဗျာလေးရေးချိန်မှာ အမှတ်တရတစ်ခုပေါ့။
 

တောင်တိုင်း ယှက်၍၊ ၀န်းကာဝှေ့သည်၊
တောင်ငွေ့  ဝေေ၀၊ အထွေထွေနှင့်၊
လေလည်းရောရော၊မိုးမပါပဲ၊ သံဝါဖြောက်ဖြောက်၊
ဆီးနှင်း ပေါက်လည်း၊ မိုးလောက်ပြင်းထန်၊သွန်းချပြန်သော်၊
နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်
မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊
စေ့ရေ လှည့်လည်၊ တ လျက်မည်သည်။ ။
နေခြည်ဖြာမှ နွေးသောကြောင့်။ ။

လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့  မဲဇာတောင်ခြေရတု ထဲကလိုပဲ ရှမ်းပြည်တောင်ပိုင်းရဲ့ အအေးဆုံးမြို့ဖြစ်တဲ့ မငုံတို့ ပင်လောင်းမြို့ရဲ့ဆောင်းကတော့ ခိုက်ခိုက်တုန်ရက်တယ်။ မနက်ဆို မြူတွေအုံ့ဆိုင်း၊ နေ့ခင်းဘက်ဆို နေရောင်မပီ၊ ညခင်းတောင် စောစောမှောင်လို့ ညနက်လာလေ ဆီနှင်းကျလေမို့ မီးဖိုဘေးက မခွာရက်သလို ဂွမ်းစောင်ကို အထပ်ထပ်ခြုံလို့ ဒီဆောင်းရယ် အအေးပိုအားရက်တယ်လို့ ညည်းချင်းမိတော့တယ်လေ။
ဒါလေးကို အမတ်ကြီးရဲ့ ရတုကို မှီပြီး ရေးလိုက်ချင်တာက -

တောင်ခိုးဝေသီလို့  ချမ်းအေးစံမှီသည်
မြူနှင်းဝေေ၀  တောင်ယာခင်းမှ မီးခိုးတွေနှင့်
ဆောင်းလေမြူလို့ မိုးရိပ်ပါဆင်လိုက်တာ
နေမင်းပင် ရောင်ဝါညှိုးလို့ ချမ်းရှာလေပြီ။
ညချမ်းမှောင်ချိန် လင်းပျောက်သည်နှင့်
ဆီနှင်းဖြောက်ဖြောက် တပေါက်ပေါက်ရယ်
မီးဖိုဘေးမှာ ကျုံ့ကျုံ့ထွေးလို့
သို့တည်းမှသာ….
စိမ့်ချမ်းရယ်ပြေ

မင်္ဂလာသတင်းတွေ
 ဝေဒနာရင်နင့်များအတူ
ဒွိဟတွေနဲ့ပါ
နှုတ်ဆက်ထွက်ခွာသွားတယ်
ဟော……
ရောက်လာပြန်ပြီ
မိတ်ဆွေ….
အသင်လာရင်
အကြင်နာလက်သာ ကမ်းလှည့်ပါ။