“ သံသရာကြောမှာ တ၀ဲဝဲလည်နေခဲ့တာ အသင်္ချေပေါင်းမနည်းလှဘူးထင်တယ်။ ငိုလာခဲ့ရတဲ့ မျက်ရည်တွေ သမုဒ္ဒရာဆယ်စင်းမကဘူး ” တဲ့ ။ ဘုရားဟောခဲ့တာရှိပေမဲ့လည်း...ပုထုဇဉ်လူမို့ မျက်ရည်မကျပဲ မနေနိုင်ဘူး ဖြစ်နေတယ်။ ဘ၀ဆက်တိုင်းမှာ ဆွေမျိုးတော်စပ်ခဲ့တဲ့သူချည်းဆိုပေမဲ့ ဒီဘ၀ကိုသာ တိတိကျကျသိတာမို့..သားရေ...ဘယ်ဘ၀မှာ ငါတို့ဘယ်လိုဆွေမျိုးတော်စပ်ခဲ့လဲ မသိပေမဲ့........ ဘယ်လောက်ငိုခဲ့ရလဲ မသိပေမဲ့.....အခုဘ၀မှာတော့ ငါဆို့နင့်လွန်းလို့ ပူလောင်လိုက်တာဟာ။
သားရေ...မမျှော်လင့်ပဲ ဘယ်သူ့ကိုမှ နှုတ်မဆက်ပဲ ထွက်သွားတာ မြန်လိုက်တာ. ငါမယုံနိုင်ဘူး။ ငါ့ကိုယ်ငါ အိပ်မက်မက်နေတယ်ထင်လို့ နိုးအောင်လုပ်နေတာ အကြိမ်ကြိမ်ပဲ ...
ညအိပ်ချိန်ထိ ရီမောပြီး နောက်ပြောင်နေတဲ့ ပျော်နေတဲ့ အသံတွေ...အိပ်နေတဲ့အတိုင်းပဲ အခုပဲ နိုးလာတော့မလား...အခုပဲ ပြုံးပြတော့မလား...အခုပဲ သားကလေ ...သားကလေ ဆိုပြီး ချွဲတော့မလားနဲ့...မျက်နှာလေးကို ထိုင်ကြည့်ပြီး စောင့်ကြည့် ပွတ်သပ်မိနေတယ်...
ငါဆိုတဲ့ နင့်အမကလေ...လူသေတွေကို အင်မတန်ကြောက်တတ်...ရှာကြံတွေးပြီးကြောက်တတ်လွန်းတဲ့ ငါကလေ....နင့်ကို ဘာလို့ ပါးလေးတွေ မျက်ခုံးလေးတွေ မျက်တောင်လေးတွေ နဖူးလေးတွေကို ကိုင်ပြီး. စကားပြောနေတာလဲ...အမေ့နဲ့ မမတို့ရဲ့ ဘယ်လိုမှ ဖြေမရတဲ့ ငိုကြွေးသံကို ငါ ဘယ်လိုနားထောင်ရသလဲ သိလားဟာ...
အမေ့ကပြောတယ်..အဖေဆုံးဖူးတယ်။ ညီမဆုံးဖူးတယ်..အဘွားဆုံးဖူးတယ်..သူများကလေးတွေဆုံးတာ သွားပြီး နှစ်သိမ့်နိုင်နေတယ်..ငါ့သားကျ ဖြေမရဘူးကောတဲ့.....
သား...နင် ငါတို့ကို လုပ်ရက်တယ်ဟာ....ဘာမှမပြောပဲ ရုတ်တရက်ကြီးထွက်သွားတယ်ဟာ...


သားအတွက် အမှတ်တရ...

(ဒီနေ့ မငုံရဲ့ တစ်ဥိးတည်းမောင်လေး ဖိုးလမင်း အသက်(၂၉)နှစ်ပြည့်မွေးနေ့လေးပေါ့။ လွန်ခဲ့တဲ့ နှစ်လကျော်  (၁-၁၂-၂၀၁)ရက်နေ့လေးမှာ မိသားစုနားကနေ ထာဝရထွက်သွားတယ်။ သားသားအတွက် ခံစားမိသမျှကို ရေးချပေမဲ့ ခံစားရတာကိုမမှီဘူးလေ...မောင်လေးအတွက်..မငုံ ဘလော့ဂ်စရေးစမှာ အမှတ်တရဖြစ်အောင် သူ့မွေးနေ့ပိုစ့်လေး တင်ပေးဖူးတယ်။။ ဒါလေးကို မငုံ အမှတ်တရဖြစ်အောင် ပြန်တင်လိုက်ပါတယ်...)


ဒီနေ့ ဖေဖော်ဝါရီလ ဆယ့်ကိုးရက်နေ့မှာ မင်းအသက် ၂၅နှစ်ပြည့်ခဲ့ပြီနော်။ တောင်းပန်တယ်ကွာ။ ငါလေ အလုပ်တွေရှုပ်ပြီး မေ့နေခဲ့မိတယ်။ တကယ်ဆို မဖြစ်သင့်ဘူးနော်။ သားရေ. မင်းဟာ ငါတို့မိသားစုရဲ့ တစ်ဦးတည်းသော သားယောက်ျားလေးနော်။ ငါ အခုထိမှတ်မိနေသေးတယ်။ သမီးချည်းသုံးယောက် မွေးတယ်။ သားယောက်ျားလေး လိုချင်ခဲ့ကြတယ်။ မင်းကို တောင်ကြီးမှာမွေးခဲ့တယ်။ အဲဒီတုန်းက ငါဟာ လေးနှစ်ကျော်ကျော် အရွယ်ဆိုတော့ လူကြီးတွေက မေးကြတယ်။
“ပူးရေ.မေ့ ဘယ်သွားလဲ” လို့ မေးတဲ့အခါ.ငါက “ ဖိုးလမင်း သွားမွေးတယ်” လို့ ပြန်ဖြေခဲ့တယ်တဲ့။
ဒါကြောင့် မင်းတောင် လူ့လောကထဲ မရောက်လာသေးဘူး။ ဖိုးလမင်း လို့ နာမည်ကတွင်နေပြီးသားနော်။ ငါပေးခဲ့တဲ့ နာမည်လေးပေါ့။ မျက်လုံးဝိုင်းဝိုင်း သွယ်သွယ် မြင့်မြင့်နဲ့ မင်းက ဘ့ ငယ်ငယ်ကနဲ့ တော်တော်တူတယ်လို့ြေ့ပာကြတယ်။ ဒါပေမဲ့ အားလုံး ဆုံးသွားတဲ့ မေ့ရဲ့အဖေ ၀င်စားတာလို့ ယုံကြည်ကြတယ်နော်။ ဟုတ်တယ် မင်းက အဘိုးနဲ့ ပိုတူတယ်။ အရပ်မြင့်တာပဲ ဘ့နဲ့တူတာပါ။
မင်းက မေ့ နဲ့ မမတို့ရဲ့ အချစ်ဆုံးသားနဲ့ မောင်လေးတစ်ယောက်ပေါ့။ အိမ်မှာ အထူးအခွင့်ရေးခံ လူသားပေါ့လေ။ ငါမှာတော့ အငယ်ဆုံးဘ၀ကနေ နို့ညှာဘ၀ကို ရောက်သွားရတယ်။ ငါလဲ ချစ်ပါတယ်။ တစ်ခါတစ်လေ အမြင်ကတ်တယ်။ မင်းက ဗိုလ်ကျဆိုးတယ်။ မင်းလိုချင်တာဆို မေ့ နဲ့ မမ က ချက်ချင်းဖြည့်ပေးကြတယ်။ မနာလိုဘူး။
အခုချိန်ထိ ကိုယ်ဘာသာကိုယ် ” သား” လို့ ပြောပြောနေပေမဲ့ ဟွန့် မပြောချင်ဘူး။ ကောင်မလေးတွကျ တန်းစီပြီး ၇ည်းစားထားတယ်။ မင်းနော်..မင်းက ၇ည်းစားတစ်ယောက်ထားလိုက်၇င်း အမတွေကို မိတ်ဆက်ပေးလိုက်၇င်း. မကြာဘူး ပြတ်သွားလိုက်ရင်း နောက်တစ်ယောက်ထားလိုက်ရင်းနဲ့ ငါတို့တောင် နာမည်တွေ မှားခေါ်မိကုန်ပြီ။ ဒါပေမဲ့ ကြိုပြောထားမယ်နော်။ ဘ့နဲ့ မေ့ကို ချစ်တဲ့ သမီးလို ချွေးမ ယောင်းမ ပဲလိုချင်တယ်။ အဟဲ ငါနဲ့တော့ အေးဆေးပါ။ တည့်မှာပါ။ ကျန် အမနှစ်ယောက်ကိုတော့ တာဝန်မယူဘူးနော်။
မင်းက စိတ်ထားကောင်းပြီးလိမ္မာပေမဲ့ သူငယ်ချင်းပြောစကားဆို အရမ်းယုံလွယ်တယ်။ သူငယ်ချင်းတွေ အပေါ်ဆို ကောင်းလွန်းနေတယ်။ သတိထားပါနော်။
ကဲ ငါစာရေးတာရှည်သွားပြီ။ သာသနာကို စောင့်ရှောက်နိုင်သော၊ မိဘကိုကျေးဇူးသိတတ်သောသား လိမ္မာသာ ဖြစ်ပါစေလို့ မွေးနေ့ဆုတောင်းပေးတယ်နော်။။။။။။