ပန်းတိုင်းမှာ ကိုယ်ပိုင်အဆင်းရနံ့ရှိသလို...
လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းရှိတယ်...
တိမ်မြှပ်နေတဲ့အရာ နဲ့
ထပ်တလဲလဲ သွေးလို့ ပိုပိုထက်မြက်လာတဲ့အရာရှိသလို...
မမြင်နိုင်တဲ့ကံတရား...မသိလိုက်နိုင်တဲ့ ထိုးနှက်ချက်တွေကြောင့်
 ပျောက်ကွယ်သွားခဲ့ရတာတွေလဲ များလှပါတယ်လေ။
 လောကကြီးက မျက်နှာသာပေးတလှည့် ... ကံအကျိုးပေးချိန်မှာတော့ ပြုံးပျော်လို့.
ဆိုးတလှည့်နဲ့.. လှိုင်းကြီးအောက်ရောက်ဖို့  ရှေးကံအကျိုးပေးတန်လာတော့...ပြားပြားဝပ်ခဲ့ရပါကော။
လူချင်းသာယှဉ်နိုင်ပေမဲ့ ကံချင်းမယှဉ်နိုင်သလို..လုပ်ဆောင်ပုံချင်းတူပေမဲ့ ရလာတဲ့ရလာဒ်ချင်း မတူညီတာကတော့ ရှေးကကိုယ်ပြုခဲ့တဲ့ကံအကျိုးပေါ့။
ကံကိုယုံဆူးပုံမနင်းသလို...ကံကိုချည်းယိုးမယ်လဲမဖွဲ့တတ်ပါဘူး။
ဒါပေမဲ့....ဘယ်အရာပဲဖြစ်ဖြစ်...ကိုယ်ပြုခဲ့တဲ့ကံ..ကိုယ်ပြုနေတဲ့ကံ...
တနေ့..... ကိုယ်ထံပြန်လာမယ်ဆိုတာတော့ ယုံကြည်တယ်လေ။
ဒါမဲ့...လူတိုင်း ကိုယ်ပိုင်အလင်းရောင်ဆောင်တယ်ဆိုတာတော့ လက်ခံတယ်လေ။
ကျွမ်းကျင်ရာလိမ္မာလို့ပဲဆိုဆို..ငါသာသိ ငါသာတတ် ဆိုတာ ကိုယ်ကျွမ်းကျင်ရာနယ်ပယ်မှာပဲဖြစ်ပါလိမ့်မယ်။
ကိုယ်မသိ ကိုယ်မတတ်တဲ့နယ်ပယ်ရှိသေးတယ်ဆိုတာ လက်ခံထားပါတယ်။
ဒါကြောင့် ပြောတာပေါ့. သူ့အလင်း သူဆောင်တယ်လို့။

0 comments: