ကျွန်မတို့ ဒီလူ့လောကကြီးထဲကို ရောက်လာတာ ဘယ်လောက်ထိ ကံကောင်းတယ်ဆိုတာ သိကြတယ်မလား။ မိုးပေါ်ကအပ်တစ်စင်း နဲ့ မြေပြင်က အပ်တစ်စင်း ထိမိဖို့က လွယ်လိုက်မယ်။ လူဖြစ်ဖို့က မလွယ်ဘူးဆိုတဲ့ စကားလေးကြားဖူးသလို၊ မြတ်စွာဘုရ/ားကိုယ်တိုင် သဲကန္တာရကြီးထဲမှ လက်သည်းခွံပမာဏလောက်သဲလောက်သာ လူဘုံဋ္ဌာနမှာပြန်ဖြစ်တယ်ဆိုတာ ဟောကြားတာကိုလဲ မှတ်သားဖူးပါတယ်။ ပြီးတော့ ရုပ် နာမ်မပြတ်သမျှ သံသရာမှာလည်ပြီးရင်းလည် သိပ်ကြောက်ဖို့ကောင်းတဲ့ ဘုံဘ၀တွေအထွေထွေတွေကိုရောက်ရ၊ ကံ ကံ၏အကျိုးဆက်တွေကြောင့် ၀ဋ်ကြွေးမကြေသရွေ့ အလူးအအလိမ့်ခံရပေဦးမယ်။
ဒီတော့ ကံထူးစွာနဲ့ လူဖြစ်လာပြီ။ အခုလို သက်တမ်းက ဆယ်ဂဏန်းမျှသာရှိတဲ့အချိန်မှာ သိပ်တိုတောင်းလွန်းတဲ့ မျက်စိတမှိတ်လေးအတွင်းမှာကို မြတ်စွာဘုရားကြိုက်နှစ်သက်တဲ့ ဒါန၊ သီလ၊ ဘာဝနတရားတွေကို မကျင့်ကြံ မအားထုတ်ပဲ လူလူချင်း လူပေါ်လူချင်း နင်းချကျော်တက်စွာနဲ့....
သြော်...ရုပ်ဝတ္ဃုတွေတိုးတက်လာတော့ စိတ်တွေမာကြောကုန်ကြတာပါလား။ မိသားစုဝင်မှတပါး တခြားမိတ်ဆွေမရှိ၊ ဒါမှမဟုတ် မိသားစုအပေါ်တောင် အတ္တထား၊ တကိုယ်ကောင်းစိတ်ထားနဲ့.....
သံသရာဆိုတာ သိပ်ကြောက်ဖို့ကောင်းပါတယ်။ သေပြီးလို တခြားဘုံဘ၀ကိုရောက်တာ ကိုယ်မမြင်နိုင်လို့ မသိတာထား...အခုလက်ရှိဘ၀မှာ ရှေးဘ၀က ကံ အကျိုးပေးချိန်တန်လာတော့ လောကဓံရှစ်ပါးမက ဘယ်လောက်များက နှိပ်စက်ကြပါလိမ့်ဆိုပြီး အလူးအလိမ့်နဲ့ ခံရကြတာပဲမလား..နေ့ချင်းညချင်း ကံအကျိုးပေးတာ ဘယ်လောက်ကြောက်ဖို့ကောင်းသလဲနော်။ ကိုယ်တိုင်ကြုံဖူးပါတယ်။ 
မငုံရဲ့အမြင်လေးတွေကို ပြောပြတာပါနော်။ ဆရာကြီးလုပ်ပြီး ပြောနေတာလဲမဟုတ်ပါဘူး။ မငုံ သိတာလေးပဲ မငုံပြောတာပါနော်။ အခု မငုံကိုယ်တိုင် မြင်နေရ တွေ့နေရ ကြုံနေရတာတွေကို ဝေမျှတဲ့သဘောပါပဲ။ နှိုင်းယှဉ်ပြမယ်နော်...
မငံ အသိထဲက မိန်းမကြီးတစ်ယောက် စိတ်ပုတ်လိုက်တာ..အပြောချိုလိုက်တာ..စိတ်ထဲကတမျိုးနဲ့ အပြင်ပန်းကရုပ်...သိပ်ကြောက်ဖို့ကောင်းတယ်။ အံ့လဲသြတယ်။ ဘယ်လိုများကြောင့် ဒီလိုမဟုတ်တာကို အဟုတ်လုပ်ကြံပြောဆိုလိုက်၊ သူတပါးပစ္စည်းကို လိုချင်တပ်မက်ချင်စိတ်တွေကို စိတ်ထဲမပါပဲ အပြောတအားကောင်း သူ့လောက် သဘောမနောကောင်းတဲ့သူမရှိ အဲလောက်ကို လုပ်တတ်တာ..ကြည့်ပြီးတော့ အသဲတွေယားလိုက်တာ..ကိုယ်တိုင်လဲ သူ့အပြောချိုချိုနဲ့ပြောနေ သဘောကောင်းပြနေတော့ စိတ်ထဲဘ၀င်မကျပေမဲ့ သြော်..ငါ့ဆွေမျိုးအသိနဲ့ ဆက်ဆံနေရတယ်။ သူ့ကြောင့် မိသားစုအရင်းအခြာတွေ စိတ်ဝမ်းကွဲအောင် ကုန်းတိုက်တယ်။ ဒါမဲ့နော်...သူ စီးပွားရေးသိပ်ဖြစ်တာ. ဒါ သူ ရှေးကကံအကျိုးပေးနေတာလို့ မငုံထင်တယ်။ အခုလက်ရှိ သူလုပ်ဆောင်နေ တာတွေဟာ နောင်သံသရာအတွက်လိုဖြစ်နေပြီ။ သိပ်သနားစရာမကောင်းဘူးလား....
နောက်တစ်ဦး..သူကျတော့..ဘုရားတရားလုပ်တယ်။ အလှူအဒါန်းလဲ တအားရက်ရောတယ်။ စိတ်ထားကောင်းတယ်။ မတရားတာမလုပ်ဘူး။ ဒါမဲ့ စကားအပြောမတတ်ဘူး။ သူမှန်ပေမဲ့. အပေါ်တယောက်လို အပြောချိုချိုနဲ့ အပြောမတတ်တော့ လူချစ်လူခင်နည်းတယ်။ ပြီးတော့ အရင်က တအားအဆင်ပြေတယ်။ အောင်မြင်တယ်။ နောက်.ဆယ်စုနှစ်တစ်ခုလောက်ရှိပြီ။ ဘာလုပ်လုပ် အဆင်မပြေ..သူ့ဘာသာသူနေတာတောင် အတင်းပြောခံရ၊ လူမုန်းခံရနဲ့....နေရင်းထိုင်ရင်းနဲ့ကိုတောင် ပြဿနာက အိမ်ပေါ်ထိတက်တတ်တယ်။ သူကတော့ ပြောရှာတယ်။ ဘယ်လိုဆုတောင်းမှားခဲ့တာလဲ။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေလဲ။ ကြေပါစေတော့တဲ့။ သူတတ်နိုင်သလောက် လှူဒါန်း၊ တရားထိုင်နဲ့...လောကဓံကိုခံနေရှာတယ်။ 
ဒီလူနှစ်ယောက်ကို မငုံကြည့်ရင်း..မငုံ သိပ်ကြောက်တယ်။ ဘာတွေဆက်ဖြစ်လာမှာလဲ...သိပ်ကြောက်တယ်။ ဒီတော့ မငုံလုပ်နိုင်တဲ့.. စိတ်ထားကောင်းကောင်းထားပေးတာ၊ ဘာမဆို စေတနာရှိရှိ လှူတာ၊ ဘုရားတရားမမေ့တာလေးနဲ့ နေနေမိတယ်။ 
ဒါတောင် မငုံရဲ့တစ်ဦးတည်းသော မောင်လေး အသက် ၂၉နှစ်ပဲရှိသေးတယ်။ မထင်မှတ်ပဲ လုံးဝထင်မထားပဲ မျက်စိအောက်တွင် ဆုံးသွားတယ်။ မငုံ သူနဲ့ပတ်သက်ပြီး သူ့အတွက် ရည်မှန်းချက်တွေ မျှော်မှန်းချက်တွေ သူ့မျှော်လင့်ချက်တွေ ...ကြည့်ပါဦး.....မျက်စိအောက်မှာတင် အကုန်ပျောက်ကုန်တာ... မငုံ ကံကြမ္မာကိုကြောက်လွန်းသွားတာ မယုံနိုင်ဖြစ်သွားတာ .မောင်လေးဆုံးတာကို မျက်ရည်တစက်ကျမလာ၊ လူကထုံထုံကြီးဖြစ်နေတာ. တလကျော်ထိ အိပ်ဆေးကူပေမဲ့ မျက်စိမမှိတ်တာ. မအိပ်တာ..တခါတခါ အခုချိန်ထိပေါ့ လက်မခံနိုင်သေးတာတွေ ရှိနေတယ်။ 
မငုံတို့ ခဏလေးဆုံကြတာပါ။ ဒီခဏလေး ဘယ်အချိန်ထွက်သွားရမယ်ဆိုတာ မသိချိန်လေးမှာ ဘုရားကြိုက်တာလေးကိုလုပ်ပြီး တယောက်နဲ့တယောက် မယုတ်မာကြရအောင်.. တယောက်အပေါ်တယောက် မေတ္တာထားရအောင်..  မငုံကိုယ်တိုင် စိတ်ထားဖြူစင်အောင် မနာလိုစိတ်ကင်းအောင် မနေနိုင်သေးပါဘူး. ငါတကောကောလဲ ကောနေဆဲပါ။ ဒါမဲ့ အသိလေးနဲ့ ရသလောက်လေးထိန်းပြီး လူ့ဘ၀လေးရလာတုန်းလေး နေရတုန်းလေး စိတ်ယုတ်မာတွေ တကိုယ်ကောင်းစိတ်တွေ ငါတကောကောတွေနဲ့ ကိုယ့်အတွက် သံသရာမှာ ဆိုးတာချည်းတွေနဲ့ ထွက်မသွားကြရအောင်နဲ့လား။ 
မေးကြည့်ပါ.... ငါ..အခုနေ သေဖို့ အဆင်သင့်ဖြစ်ပြီလားလို့... မငုံတော့ မဖြစ်သေးပါဘူး။ သံသရာအတွက် မငုံ တကယ်ဆို ဘာမှ မလုပ်ရသေးဘူး။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ စိတ်ရှည်လက်ရှည်လေး ဖတ်ပေးတာကို။


ပန်းတိုင်းမှာ ကိုယ်ပိုင်အဆင်းရနံ့ရှိသလို...
လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းရှိတယ်...
တိမ်မြှပ်နေတဲ့အရာ နဲ့
ထပ်တလဲလဲ သွေးလို့ ပိုပိုထက်မြက်လာတဲ့အရာရှိသလို...
မမြင်နိုင်တဲ့ကံတရား...မသိလိုက်နိုင်တဲ့ ထိုးနှက်ချက်တွေကြောင့်
 ပျောက်ကွယ်သွားခဲ့ရတာတွေလဲ များလှပါတယ်လေ။
 လောကကြီးက မျက်နှာသာပေးတလှည့် ... ကံအကျိုးပေးချိန်မှာတော့ ပြုံးပျော်လို့.
ဆိုးတလှည့်နဲ့.. လှိုင်းကြီးအောက်ရောက်ဖို့  ရှေးကံအကျိုးပေးတန်လာတော့...ပြားပြားဝပ်ခဲ့ရပါကော။
လူချင်းသာယှဉ်နိုင်ပေမဲ့ ကံချင်းမယှဉ်နိုင်သလို..လုပ်ဆောင်ပုံချင်းတူပေမဲ့ ရလာတဲ့ရလာဒ်ချင်း မတူညီတာကတော့ ရှေးကကိုယ်ပြုခဲ့တဲ့ကံအကျိုးပေါ့။
ကံကိုယုံဆူးပုံမနင်းသလို...ကံကိုချည်းယိုးမယ်လဲမဖွဲ့တတ်ပါဘူး။
ဒါပေမဲ့....ဘယ်အရာပဲဖြစ်ဖြစ်...ကိုယ်ပြုခဲ့တဲ့ကံ..ကိုယ်ပြုနေတဲ့ကံ...
တနေ့..... ကိုယ်ထံပြန်လာမယ်ဆိုတာတော့ ယုံကြည်တယ်လေ။
ဒါမဲ့...လူတိုင်း ကိုယ်ပိုင်အလင်းရောင်ဆောင်တယ်ဆိုတာတော့ လက်ခံတယ်လေ။
ကျွမ်းကျင်ရာလိမ္မာလို့ပဲဆိုဆို..ငါသာသိ ငါသာတတ် ဆိုတာ ကိုယ်ကျွမ်းကျင်ရာနယ်ပယ်မှာပဲဖြစ်ပါလိမ့်မယ်။
ကိုယ်မသိ ကိုယ်မတတ်တဲ့နယ်ပယ်ရှိသေးတယ်ဆိုတာ လက်ခံထားပါတယ်။
ဒါကြောင့် ပြောတာပေါ့. သူ့အလင်း သူဆောင်တယ်လို့။

သြော်......လူရယ်ဖြစ်လာပြန်တော့...ငိုချင်းနဲ့စ......ငိုချင်းနဲ့ဆုံးလို့ပါပဲလား။ 
အူဝဲဆိုလို့ အမိဝမ်းက ကျွတ်စကတည်းက  ငိုလိုက်ရတာ...
.လောကအလယ်မှာ ဆိုးတခါ ကောင်းတလှည့်နဲ့ ငိုလိုက် ရယ်လိုက် အရူးကြီးပမာ..နေလာခဲ့ရပြီး.... .နောက်ဆုံးတော့.. အမှတ်မထင် နှုတ်မဆက်ပဲ ထွက်ခွာရတဲ့သူရှိသလို  နှုတ်ဆက်ခဲ့ရသူတွေလဲရှိပါတယ်။
ကျန်ရစ်သူမှာ အငိုမျက်လုံးတွေနဲ့ပါလား...နောက်တဖန် သံသရာတကြောမှာ အဖန်ဖန်မောရဦးမပေါ့....
ကြောက်လှချည်ရဲ့...သံသရာဝဲကို မြတ်ဘုရားရဲ့တရားအနှစ်အမှန်ကိုသာ ကိုယ်တိုင် ပျော်ပျော်ကြီး  ကျင့်ကြံလို့ ထွက်ပြေးကြစို့လား။။

 (မြန်မာနှစ်သစ်အခါသမယမှာ မြတ်ဘုရားရဲ့တရားတော်အတိုင်း နေထိုင်ကျင့်ကြံနိုင်ကြပါစေ။ )