၆နာရီမထိုးသေးပေမဲ့ ဆောင်းရာသီိမို့ မှောင်ရီပျိုးနေပြီလေ။ ဆောင်းပုံရိပ် ဆီးနှင်းတွေကလဲ တဖွဲဖွဲကျလို့လာနေသလို အအေးကလဲ ပိုပိုကဲလာနေလေရဲ့။

အဲနေ့က ဆီနှင်းတွေဖြူစင်ဖွေးသလို ၀ါဂွမ်းသဖွယ် ဆွတ်ဆွတ်ဖြူတဲ့ နီတာရဲလေး လောကအလယ်ကို ရောက်လာလိုက်တာ စနေသမီးရယ်မို့ စိတ်ကလဲကြီးလိုက်တာ အငိုကိုမတိတ်တော့ဘူး။ အင်မတန်ဂျီကျမဲ့ကလေး၊ စိတ်ကြီးလိုက်တဲ့ကလေးရယ်လို့ မှတ်ချက်သံကြား အသံအောင်မြင်စွာနဲ့ ငိုသံမစဲတဲ့ ကလေးလေး…..

လမ်းလျှောက်တတ်တော့လဲ တတောက်တောက်နဲ့ ထိန်းမနိုင်အောင် လျှောက်သွား၊ တွေ့သမျှ အကုန်ဆွဲရယ်နဲ့ စိတ်မထင်လျှင်မထင်သလို အသံပြဲကြီးနဲ့ အာခေါင်ခြစ်အော်လိုက်တတ်သေးတဲ့ ကလေးလေး………

အသက်လေးရလာပြန်တော့ နားလည်မလိုလိုနဲ့ ပေကပ်ကပ်၊ ပါဝါထူထူမျက်မှန်ကြီးတပ်ရတော့ တတ်မတက်ငိုပလိုက်တာ ဘယ်လိုပြောပြော မမြင်တာကို အတင်းကြီး မရမက မျက်မှောင်ကြီးကျုတ်ကြည့်လို့ မျက်မှန်တပ်ခိုင်းဖို့အရေး မိဘဆွေမျိုးတင်မကဘူး ဆရာ/ ဆရာမ လက်မြှောက်ခဲ့ရတဲ့ ကလေးလေး…..

အခုချိန်မှာတော့ အဲဒီပေကပ်ကပ်နဲ့ ကလေးလေး……….

Happy Birthday မငုံ !!!!!!!!!!

( ဒီနေ့ကျမှပဲ ချောင်းတဟွတ်ဟွတ်နဲ့ နှာရည်တွေကလဲ တရှုံ့ရှုံ့ရယ်ပေါ့။ )

1 comments:

kaungkinpyar said...

Happy Belated Birthday.......:P