ခေါင်းထဲမှာ……လားပေါင်းများစွာ ရှုပ်ထွေးနေတယ်။ယနေ့ခေတ်ကြီးကတော့ ကြာလာလေလေ လား..ပေါင်းများစွာနဲ့။ ကြားဖူးနားဝရှိခဲ့သလို၊ တွေ့ကြုံဖူးခဲ့တာလဲရှိတယ်။ “မိန်ရာဟင်းကောင်း ၊ ခင်ရာဆွေမျိုး ” အဲလိုစကားပုံတွေလိုပေါ့။ မိဘမောင်နှမဆွေမျိုးတွေနဲ့ သူမရှိ ကိုယ်ကူညီ၊ သူက ကိုယ့်ကိုကူညီလိုက်နဲ့ သိုက်သိုက်ဝန်းဝန်း နေထိုင်ခဲ့ကြတယ်။ အဲလိုပဲ တစ်ယောက်တည်း အဝေးတစ်နေရာမှာဆိုလဲ ကိုယ်နဲ့ခင်မင်ရင်းနှီးသူတွေ၊ တမြေတည်းအတူနေတွေ ၊ အိမ်နဲ့ဝေးနေတူချင်း မောင်နှမဆွေမျိုးသားချင်းသဖွယ် အချင်းချင်း ဖေးမကူညီကြလို့ အားရှိခဲ့ကြမှာပဲ။ အဲဒါက အရင်တုန်းကပေါ့။ အခုခေတ်ကာလမှာ မရှိဘူးလို့မပြောပါဘူး။ ရှိတော့ရှိတယ်ရှားသွားပါပြီ။
အခုချိန်ခါမှာတော့ “ ဆွေမျိုးလား၊ ရွှေမျိုးလား ” မိတ်ကောင်းဆွေကောင်းလား၊ အပေါ်ယံလား ဆိုပြီး များပြားလာကြပါပြီ။ စိတ်ရှိပေမဲ့ မကူညီနိုင် မဖေးမနိုင်ကြတော့လို့ ကူညီချင်ပေမဲ့ မကူညီနိုင်တော့ပဲ အားပေးစကားများ အကြံဥာဏ်ပေး ပြောနိုင်၊ အားပေးနိုင်ကြ သလိုတွေပဲရှိတယ်။ ကိုယ်တောင်အနိုင်နိုင် သူ့ကိုဘယ်လိုသွားကူညီမလဲဆိုတာ ဖြစ်ကုန်ကြသလို၊ ဘာတွေမှန်းမသိဘူး။ အလကားနေရင်း အမှုတွဲထဲပါနေဦးမယ်။ မသိချင်ဟန်ဆောင်မှ ဒါမှမဟုတ် အကူအညီလာတောင်းရင် သူ့အရင် ကိုယ်ငြီးပြလိုက်မယ် ဆိုတာတွေလဲများလာပါပြီ။ မသိချင်ဟန်ဆောင်တာတွေ များလာပါပြီ။ အဲလိုတွေလုပ်ပြီး ကိုယ်အဆင်မပြေတဲ့ခါ သူ့ဆီ အကူအညီရလိုရငြား သွားတောင်းချိန် အကူအညီမပေးလိုက်လို့ဖြစ်ဖြစ်၊ မကူနိုင်လို့ပဲဖြစ်ဖြစ် မရလာခဲ့ရင် စိတ်မကောင်းတွေဖြစ်ပြီး ကိုယ်မကူညီလိုက်တဲ့အခါကို သတိမရတော့ပဲ စိတ်ဆိုးကုန်ကြပြန်ရော။ အဲထဲမှာ ကိုယ်လဲ tပါအ၀င်ဖြစ်နေပြီလား ဆိုပြီး….လား…ပေါင်းများစွာကို တွေးမိနေတဲ့အထဲက ဒီ “ ……လား ” အတွေးလေးကို ပိုစ့်မတင်တာကြာပြီ ဖြစ်လို့ ရေးချ လိုက်ရပါတယ်။