ကျွန်မက သီချင်းနားထောင်ရတာကို သိပ်နှစ်သက်တယ် ။ ဘယ်သီချင်းအမျိုးအစားမဆို နားထောင်ဖြစ်တယ် ။ Popသီချင်း
လေးတွေကိုတော့ ပိုနှစ်သက်တယ် ။ သီချင်းတွေတိုင်းမှာ သူ့ခံစားချက်နဲ့ သူ့အဓိပ္ပာယ်နဲ့သူ ရှိနေကြတယ်နော် ။
Boyzone ရဲ့ If tomorrow never comes သီချင်းကို စနားထောင်ကတည်းက ကြိုက်ခဲ့တယ် ။ ဒီသီချင်းလေးမှာ
ပါတဲ့အတိုင်း လူတွေက ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောစရာရှိတာ မြေ့ပာပဲထားလိုက်လို့ မနက်ဖြန်သာမရှိခဲ့ရင် ဘယ်လို
လုပ်မလဲနော် ။ ကိုယ်ခံစားရတာတွေ သူသိအောင်တော့ပြောပြရမှာပေါ့.သိပ်မှန်တာပေါ့ ။ ကိုယ်.သူ့ကို ဘယ်လောက်ထိ ဂရုစိုက်ခဲ့ရတယ် ။ ချစ်ခဲ့ရတယ် သူ့အတွက် စိတ်ပူပေးခဲ့ရတာတွေကို.ကိုယ်မှအသိဆုံးပါပဲနော် ။ ဒါကြောင့်ဒီသီချင်းထဲကလိုပဲ ကိုယ်ဘာတွေတွေးနေတယ်ဆိုတာ ချစ်တဲ့သူကို အသိပေးဖို့လိုတယ်နော် ။ မနက်ဖြန်ဆိုတာရောက်မလာမှ နောင်တမရပါနဲ့နော် ။
မျောလွင့်လာတဲ့တိမ်တိုက်တွေနဲ့လေပြေကြားမှာ
အလွမ်းတွေပါတယ်နော်..
ကောင်းကင်ကြီးရဲ့ကြယ်တွေဆီမှာလည်း......
သတိရခြင်းရဲ့သက်သေလင်းလက်မှု့တွေရှိနေတယ်နော်...

ဒီကဗျာလေးကို ညီမလေးကစာထည့်လာရင်း ရေးထဲ့ပေးလာခဲ့တာလေ ။ ဘယ်လောက်ပဲE-mail တွေနဲ့ စာတွေဖတ်ရပစေ လက်ရေးလေးနဲ့ရေးလာတဲ့ စာကိုဖတ်ရတာလောက် ခံစားမှု့မတူနေဘူး ။ ဒါကြောင့်နေတိုင်း
နီးပါးတွေ့နေတယ်ဆိုပေမဲ့ လက်ရေးနဲ့ရေးလာတဲ့ စာကိုဖတ်ချင်တယ်ဆိုလို့ အိမ်ကစာထည့်လာတော့အခုချိန်ထိ
လွမ်းတိုင်း အားတိုင်းထုတ်ထုတ်ဖတ်ဇြစ်တယ် ဖတ်ဖြစ်တဲ့အချိန်တိုင်းလဲ မျက်ရည်ဝဲမိလာဆဲ စာကြောင်းတိုင်း
မှာ အေးမြတဲ့မေတ္တာတွေ ပါနေတယ် ။ စိတ်ပူသတိရနေတဲ့ အလွမ်းတွေပါနေတယ် ။
အဖေရဲ့"သမီးစိတ်ချမ်းသာရင်အဖေတို့စိတ်အေးရတာပေါ့" ဆိုတဲ့စာကြောင်းတွေ ၊
အမေရေးတဲ့"အဝေးရောက်နေတဲ့သမီးလေး.ကျန်းမာအဆင်ပြေပါစေ" ၊ " ကိုယ့်လူမျိုးဘာသာကိုမမေ့ရဘူးနော်" ၊
" မနက်အိပ်ယာထတာနဲ့သရဏံဂုဏ်သုံးပါးကိုရွတ်ဖို့.မမေ့ဖို့"
အစရှိတဲ့ စိုးရိမ်ပူပန်စွာ မှာကြားနေတာတွေဟာ စာရေးလာတာနဲ့မတူပဲ အနားမှာလာရောက်မှာကြားနေသလို
ခံစားနေရတယ်။
မောင်နှမတွေရဲ့ ပြန်လာမဲ့ရက်ကို မျှော်နေတဲ့စာကြောင်းတွေနဲ့ စိတ်ပျော်အော် ဟာသတွေဝေမျှတာတွေ တန်ဖိုးဇြတ်လို့
မရဘူးနော် ။ အဘွားရဲ့အင်မတန်မှ လွမ်းဆွတ်စိုးရိမ်နေတဲ့ ပုံရိပ်ကိုလဲ ပြေးမြင်လာမိတယ် ။ (အဘွားအချစ်ဆုံးမြေးမလေးလေ)
အခုကတည်းက ပြန်ရမဲ့နေ့ရက်ကို လက်ချိုးရေရင်း လွမ်းနေရတယ် ။ တမ်းတနေတဲ့ ရှမ်းအစားအစာတွေကိုလဲ
အတွေးထဲမှာတင် ဘာတွေစားမယ်ဆိုတာ မှတ်ထားတယ်နော် ။ ( ကဲ.ချက်ကျွေးဖို့သာပြင်ထားကြနော်)
ကိုယ်ချစ်တဲ့သူတွေဆီိက ရောက်လာတဲ့ လက်ရေးနဲ့စာလေးတွေကိုမြင်ရတဲ့ဖတ်ရတဲ့
အခါ ခံစားမှုရလေးတွေကို စိတ်ကိုလူတိုင်းခံစားဖူးမှာပါနော် ။ (တကယ်ခံစားရတယ်နော်)
အခုလဲ ကျွန်မဆီရောက်လာတဲ့ ချစ်တဲ့သူတွေဆီက လက်ရေးစာလေးကိုမျှဝေလိုက်ပါတယ် ။

ကျွန်မက တော်တော်သံဃောဇဉ်ထားတတ်တဲ့လူစားလို့ဆိုရမယ် ။ သံဃောဇဉ်အများကြီးထဲကမှ ကျွန်မရဲ့အချစ်တော်လေးနဲ့ မိတ်ဆက်ပေးရင်းနဲ့ ပြောကြည့်ကြရအောင် ။ ဒီကောင်ကြီးက ကျွန်မဆိုးသမျှဂျီတိုက်သမျှကိုသည်းခံပေးရှာတယ် ။ ကျွန်မစိတ်ဆိုးရင် သူ့ကိုရိုက်တယ် ။ ကျွန်မပျော်ရင် ခေါင်းလေးပုတ်ခံရတယ် ။ တယောက်ထဲစကားပြောဖော်မရှိလို့ ပျင်းနေတဲ့အခါကျတော့ ကျွန်မရဲ့စကားကိုနားထောင်ပေးတယ် ။ အိမ်ကိုလွမ်းတဲ့အခါ သူ့ကိုပိုက်ထားပြီးငိုလို့ရတယ် ။ သူနဲ့ပက်သက်ပြီး အဖြစ်လေးပြောပြချင်တယ် ။ ဒီကောင်ကြီးကို ရေချိုးပေးတဲ့နေ့ကပေါ့ ။ အ၀တ်လျှော်စက်ထဲမထည့်ခင် သူ့ကိုကြည့်မိတာ ။ ဟောတော့..သူ့ကိုမထည့်ပါနဲ့လားလို့ပြောနေသလိုပဲ ။ သနားလိုက်တာ(ဒါနဲ့သူ့ကိုပိုက်ပြီးသနားလိုက်တာ သနားလိုက်တာနဲ့ရွတ်နေတာကို(ဟိဟိ)အဒေါ်ကတော့ပိုကိုပိုတယ်လို့ပြောချင်နေမှာပဲ) ။ ဒီကောင်မျက်လုံးလေးတွေက တကယ့်သနားစရာလေးလိုပဲ ။
နောက်ဆုံးတော့လဲ စက်ထဲရောက်သွားရော ။ ဂျွမ်းတွေအမျိုးမျိုးကို ထိုးနေတော့တာပါပဲ..အဲဒီလာက်ထိ သံဃောဇဉ်ရှိရတဲ့အရုပ်လေးပါ ။ လောကမှာ သံဃောဇဉ်အထားဆုံးက လူသားတွေပဲနော် ။ အခုလို သက်မဲ့အရုပ်လေးတစ်ရုပ်ကိုတောင် ဒီလောက်သံဃောဇဉ်ဖြစ်နေတာ သက်ရှိငါးလေးတွေ ၊ ခွေးလေး ၊ ကြောင်လေးတွေ စတဲ့အရာတွေပေါ်မှာဆိုပိုဆိုးမှာပေါ့ ။
ဒီထက်ဆိုးတာကတော့.သားသမီး ဆွေမျိုးမိသားစု အစရှိတဲ့ကိုယ်ချစ်တဲ့သူတွေအပေါ်ထားတဲ့ သံဃောဇဉ်က
ဖြတ်ရအခက်ဆုံးနော်.ဒီသံဃောဇဉ်တွေကြောင့်လဲ သံသရာတကြောမှာမျောလာခဲ့ပြီးပြီ ။ ဆက်ပြီးလဲမျောနေကြရဦးမယ်.
သံဃောဇဉ်ဆိုတာ ထားတတ်ရင်အေးမြပေမဲ့.မထားတတ်ရင်ပူလောင်တာပေါ့.
ဒါကြောင့်အေးမြတဲ့သံဃောဇဉ်တွေကိုထားရင်း(ဖြစ်နိုင်ရင်ဖြတ်သင့်တဲ့သံဃောဇဉ်တွေကိုဖြတ်ကြရအောင်).
ဗုဒ္ဓအဆုံးအမကိုနာခံကာ ကိုယ်သိသလောက်.ကိုယ်တတ်နိုင်သလောက်လေးကို ပိုမိုသိရှိအောင်လုပ်ပြီး သံသရာမှာကြာရှည်မမျောရအောင်နေကြတာပေါ့နော်။
အိမ်ဆိုတဲ့စကားလုံးကို တွေ့တာနဲ့တင် အလိုလိုနွေးထွေးလာတယ်.အိမ်နဲအဝေးရောက်လေ.ပိုပြီးအိမ်ရဲ့အရသာကို သိလေဖြစ်လာတယ်. အိမ်လွမ်းတိုင်း မျက်ရည်ကျခဲ့ရတဲ့ နေ့ညတွေကို ဖြတ်ကျော်နေရ တာမုန်းလာတယ် ။ ရှမ်းတောင်တန်းရဲ့  တစ်နေရာမှာရှိနေတဲ့အိမ်လေးထံကိုပြန်သွားချင်တယ်.
ဒီအိမ်လေးမှာအဖေ.အမေ.အမနှစ်ယောက်နဲ့ မောင်လေးရှိနေတယ်.သူတို့လဲကျွန်မကိုသတိရနေကြတယ်.
ဒီမိသားစုလေးကနေပြီး ပျော်ရွင်ဝမ်းနည်းမှု့တွေကို မျှဝေခံစားကြတယ်.မိသားစုလောက် ကိုယ့်အပေါ်နားလည်ပေးနိုင်တာမရှိဘူး ။ အိမ်ကထွက်ပြီး အပြင်လောကမှာ အလုပ်လုပ်ကတည်းက ကြုံတွေ့ရတဲ့ခါးသီးမှု့တွေကို စိတ်ပျက်မိတယ်.
ဒီအချိန်တိုင်း မိသားစုကကိုယ့်အနားမှာရှိနေပေးတာ.သိပ်ကျေးဇူးတင်တယ်.
အိမ်ကပေးတဲ့နွေးထွေးမှု့က ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရတာ အားလုံးသိကြပါတယ်.
အိမ်ကဖြည့်ပေးတဲ့လိုအပ်မှု့က ကန္တာရမှာရွာတဲ့မိုးလိုပေါ့.ပိုတန်ဖိုးရှိ.ပိုချစ်ဖို့ကောင်းတယ်.
ဒါကြောင့် အိမ်လေးကို မပျက်စီးစေပဲပိုတန်ဖိုးထားကြရအောင်နော်.
ကျွန်မက စာရေးတာဝါသနာပါတယ် ။ ဒါပေမဲ့ မရေးတတ်နေဘူး ။ ရေးချင်တာပေါ့ ။ သူများဘလော့တွေကိုလိုက်ဖတ်
ပိုဆိုးတယ် ။ စာရေးချင်စိတ်တွေ တအားဖြစ်ပေါ်လာတယ် ။ အခုတော့ မရေးတတ်ရေးတတ်လေးကို အခြေတည်ပြီး
ရေးလိုက်တာလေးကို ဖတ်ပေးကြပါနော် ။ ဝေဖန်မှု့ လိုအပ်ချက်များပေးလာမှု့ကိုလဲ ကြိုဆိုပါတယ် ။
ကျေးဇူးတင်လျက်ပါ ။ ကျွန်မရောက်ရှိနေတဲ့ အရပ်ဒေဒအစွဲပြုပြီး ကန္တာရမိုးစက်များလို့ ပေးလိုက်တယ် ။
မိုးစက်များကြောင့် ရောက်လာသူအပေါင်း ညီအကိုမောင်နှမတွေအေးချမ်းကြပါစေနော် ။။။