ကျွန်မက တော်တော်သံဃောဇဉ်ထားတတ်တဲ့လူစားလို့ဆိုရမယ် ။ သံဃောဇဉ်အများကြီးထဲကမှ ကျွန်မရဲ့အချစ်တော်လေးနဲ့ မိတ်ဆက်ပေးရင်းနဲ့ ပြောကြည့်ကြရအောင် ။ ဒီကောင်ကြီးက ကျွန်မဆိုးသမျှဂျီတိုက်သမျှကိုသည်းခံပေးရှာတယ် ။ ကျွန်မစိတ်ဆိုးရင် သူ့ကိုရိုက်တယ် ။ ကျွန်မပျော်ရင် ခေါင်းလေးပုတ်ခံရတယ် ။ တယောက်ထဲစကားပြောဖော်မရှိလို့ ပျင်းနေတဲ့အခါကျတော့ ကျွန်မရဲ့စကားကိုနားထောင်ပေးတယ် ။ အိမ်ကိုလွမ်းတဲ့အခါ သူ့ကိုပိုက်ထားပြီးငိုလို့ရတယ် ။ သူနဲ့ပက်သက်ပြီး အဖြစ်လေးပြောပြချင်တယ် ။ ဒီကောင်ကြီးကို ရေချိုးပေးတဲ့နေ့ကပေါ့ ။ အ၀တ်လျှော်စက်ထဲမထည့်ခင် သူ့ကိုကြည့်မိတာ ။ ဟောတော့..သူ့ကိုမထည့်ပါနဲ့လားလို့ပြောနေသလိုပဲ ။ သနားလိုက်တာ(ဒါနဲ့သူ့ကိုပိုက်ပြီးသနားလိုက်တာ သနားလိုက်တာနဲ့ရွတ်နေတာကို(ဟိဟိ)အဒေါ်ကတော့ပိုကိုပိုတယ်လို့ပြောချင်နေမှာပဲ) ။ ဒီကောင်မျက်လုံးလေးတွေက တကယ့်သနားစရာလေးလိုပဲ ။
နောက်ဆုံးတော့လဲ စက်ထဲရောက်သွားရော ။ ဂျွမ်းတွေအမျိုးမျိုးကို ထိုးနေတော့တာပါပဲ..အဲဒီလာက်ထိ သံဃောဇဉ်ရှိရတဲ့အရုပ်လေးပါ ။ လောကမှာ သံဃောဇဉ်အထားဆုံးက လူသားတွေပဲနော် ။ အခုလို သက်မဲ့အရုပ်လေးတစ်ရုပ်ကိုတောင် ဒီလောက်သံဃောဇဉ်ဖြစ်နေတာ သက်ရှိငါးလေးတွေ ၊ ခွေးလေး ၊ ကြောင်လေးတွေ စတဲ့အရာတွေပေါ်မှာဆိုပိုဆိုးမှာပေါ့ ။
ဒီထက်ဆိုးတာကတော့.သားသမီး ဆွေမျိုးမိသားစု အစရှိတဲ့ကိုယ်ချစ်တဲ့သူတွေအပေါ်ထားတဲ့ သံဃောဇဉ်က
ဖြတ်ရအခက်ဆုံးနော်.ဒီသံဃောဇဉ်တွေကြောင့်လဲ သံသရာတကြောမှာမျောလာခဲ့ပြီးပြီ ။ ဆက်ပြီးလဲမျောနေကြရဦးမယ်.
သံဃောဇဉ်ဆိုတာ ထားတတ်ရင်အေးမြပေမဲ့.မထားတတ်ရင်ပူလောင်တာပေါ့.
ဒါကြောင့်အေးမြတဲ့သံဃောဇဉ်တွေကိုထားရင်း(ဖြစ်နိုင်ရင်ဖြတ်သင့်တဲ့သံဃောဇဉ်တွေကိုဖြတ်ကြရအောင်).
ဗုဒ္ဓအဆုံးအမကိုနာခံကာ ကိုယ်သိသလောက်.ကိုယ်တတ်နိုင်သလောက်လေးကို ပိုမိုသိရှိအောင်လုပ်ပြီး သံသရာမှာကြာရှည်မမျောရအောင်နေကြတာပေါ့နော်။

2 comments:

Unknown said...

မှန်ပါတရ် ။ သံယောဇဉ် ဆိုတာ များလာရင်မကောင်းပါဘူး ။ ဒါပေမဲ့ လူတွေဟာ လူသားပီပီ သံယောဇဉ်တွေကြောင့် သံသရာကြောမှ မျောနေကြတုန်းပါ ။ ကျွန်တော်အပါအ၀င်ပေါ့ ။ ဘာမှမရှိတာ အကောင်းဆုံးပါပဲ ။

ေ၇တမာ said...

သံယောဇဉ် .......ဖြတ်ဖို့ခက်တဲ့သံယောဇဉ်