ကျွန်မက သီချင်းနားထောင်ရတာကို သိပ်နှစ်သက်တယ် ။ ဘယ်သီချင်းအမျိုးအစားမဆို နားထောင်ဖြစ်တယ် ။ Popသီချင်း
လေးတွေကိုတော့ ပိုနှစ်သက်တယ် ။ သီချင်းတွေတိုင်းမှာ သူ့ခံစားချက်နဲ့ သူ့အဓိပ္ပာယ်နဲ့သူ ရှိနေကြတယ်နော် ။
Boyzone ရဲ့ If tomorrow never comes သီချင်းကို စနားထောင်ကတည်းက ကြိုက်ခဲ့တယ် ။ ဒီသီချင်းလေးမှာ
ပါတဲ့အတိုင်း လူတွေက ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောစရာရှိတာ မြေ့ပာပဲထားလိုက်လို့ မနက်ဖြန်သာမရှိခဲ့ရင် ဘယ်လို
လုပ်မလဲနော် ။ ကိုယ်ခံစားရတာတွေ သူသိအောင်တော့ပြောပြရမှာပေါ့.သိပ်မှန်တာပေါ့ ။ ကိုယ်.သူ့ကို ဘယ်လောက်ထိ ဂရုစိုက်ခဲ့ရတယ် ။ ချစ်ခဲ့ရတယ် သူ့အတွက် စိတ်ပူပေးခဲ့ရတာတွေကို.ကိုယ်မှအသိဆုံးပါပဲနော် ။ ဒါကြောင့်ဒီသီချင်းထဲကလိုပဲ ကိုယ်ဘာတွေတွေးနေတယ်ဆိုတာ ချစ်တဲ့သူကို အသိပေးဖို့လိုတယ်နော် ။ မနက်ဖြန်ဆိုတာရောက်မလာမှ နောင်တမရပါနဲ့နော် ။

1 comments:

ရေတမာ said...

တခါတလေ ပြောလိုက်လို့ အခြေအနေတွေပိုဆိုးပြီး မနက်ဖြန်သူနဲ့ မတွေ့ရတော့ရန်ဘယ်လိုလုပ်မလဲ အဲဒါမှ tomorrow never comes ဖြစ်သွားမယ်