မငုံတစ်ယောက် ကန္တာရမြေမှ အမိမြန်မာပြည်သို့ ဧပြီလ ၁၁ရက်နေ့ ည ၈နာရီ စင်္ကာပူအဲလိုင်းနဲ့ အပြီးပြန်ပါတော့မယ်။ ဒါပေမဲ့ ဒီကန္တာရ မှာ ရွာခဲ့တဲ့ ကျရောက်ခဲ့တဲ့ မိုးစက်များကတော့ ဆက်လက် ရွာသွန်းနေပါဦးမယ်။ စာအရေးကြဲသွားပေမဲ့ ဆက်လက်ပြီး ရေးဦးမှာ ဖြစ်လို့ အားပေးကြဦးနော်။

ဒီရှမ်းသင်္ကြန်သီချင်းလေးနဲ့ အားလုံးကို နှုတ်ဆက်ခဲ့တယ်နော်။ မြန်မာနှစ်သစ်အခါသမယမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။ အောင်မြင် ပျော်ရွှင်ကြပါစေနော့။


14 comments:

လင်းကြယ်ဖြူ said...

နှုတ်ဆက်ပါတယ် မငုံရေ...
ရှေ့ဆက်ရမယ့်ခရီးလမ်းမှာ
သာယာ ငြိမ်းချမ်းမှုတွေနဲ့ ခညောင်းရင်း
နောင်လာမယ့် နေ့သစ်တွေထဲ မှာ ကောင်းသောလိုရာခရီးကို အောင်မြင်စွာ လျှောက်လှမ်း
နိုင်ရင်း အစ်မ ချစ်ခင်ရသူများနဲ့
ပျော်ပါစေ

*.*.*

kiki said...

အိမ်အပြန်လမ်းခရီးချောမွေ့ ပြီး
ရှေ့ ဆက်ရမဲ့ ဘဝ ခရီးတလျှောက် ချစ်တဲ့သူများနဲ့  အတူ သာယာချမ်းမြေ့ စွာ နေနိုင်ပါစေ ငုံလေး ရေ ...
ဘလော့လောကလေးထဲမှာလည်း ပျော်ပျော်ရွှင်ရွှင် ခရီးဆက်နှင် နိုင်ပါစေ ။

ခင်တဲ့ 
မကြီး ကိ

ဂျေဂျူဝိုင် said...

မငုံရေ

အဆင်ပြေပါစေဗျာ။

Beauty Studio USA Branded Store said...

နှုတ်မဆက်နဲ့ ငိုချင်တယ်ဗျာ။ သီချင်းခေါင်းစဉ်ကြီးပါလား။
မငုံ ဘဝမှာ အမြဲချိုမြိန်ပါစေ။သာယာနိုင်ပါစေ။ တစ်ယောက်ပြီး တစ်ယောက် ဒဒွေးမြေကနေ နှုတ်ဆက်ထွက်ခွာ သွားကြပြီဗျာ။ ကျွန်တော်အလှည့်လဲ ဘယ်တော့မှန်းမသိ။အရင်က သမီးကြီးအိန်ကျယ်၊ ကိုဗျတ်ဇ ကဲအခုလာပြန်ပြီ မကြီးငုံ အချိန်တန်တော့လဲ အိမ်ပြန်ရမှာပေါ့။ တဒင်္ဂပေါ်လာတဲ့ခဏမှာ ရှေးဘဝရေစက်ကြောင့် သူငယ်ချင်းမောင်နှမတွေလို ခင်မင်ခဲ့ကြရတဲ့ အခြေအနေ အချိန်အခါလေးတွေကို တိုက်ဆိုင်မှုရှိတိုင်းမှာ သတိတရရှိနေပါ့မယ်ဗျာ။
မငုံ၊ ကိုဗျတ်ဇ၊ သမီးကြီးအိန်ကျယ် ဘယ်နေရာတွေမှာပဲ ရှိနေလိမ့်စေ ဒဒွေးဘော်ဒါများအဖြစ်သာ ရှိနေကြပါလိမ်းဦးမယ်ဗျာ။
တန်ခူးနှစ်ဦးမှာ ပျော်ရွှင်စရာ အပေါင်းနဲ့ ခါးညောင်းနိုင်ပါစေ။ ဘွားတေးးးးးးးး ခညောင်းနိုင်ပါစေ။

သုဒြေ္န said...

ညီမလေးရေ ပျော်ရွှင်ချမ်းမြေ့သော အိမ်အပြန်မှာ လိုအင်ဆန္ဒတွေပြီးပြည့် စုံပါစေ စာတွေရေးနေဦးမယ်ဆိုတော့  ဆက်လက်အားပေးနေဦးမှာပါ ညီမလေးကိုခင်တဲ့  ကိုကြီးသုဒြေ္န

သုခုမလေဒီ said...

ကြိုနေတယ်း))

အိုက်ခီလောက် said...

ပြန်နိုင်ပါစေ ဝေး အားကျတယ်ဝေး မငုံရေ အမြဲပျှော်နိုင်ပါစေနော်
ချီးထူ တွေ ချီးလူးတွေ အဲ့လေ ချစ်သူ နဲ့ လည်း အမြဲအဆက်အသွယ်ရပါစေနော် ဟုတ်ပြီလား

စိတ်၏ဖြေရာ said...

အဆင်ပြေပျော်ရွင်ဖွယ်အိမ်ပြန်ခရီးဖြစ်ပါစေ။
နှစ်သစ်မှာမိသားစုနဲ့ပျော်ရွင်ပါစေ။
အချိန်တန်ရင်အားလုံးအိမ်ပြန်ကြရမှာပါညီမရေ။

အင်ကြင်းသန့် said...

မငုံရေ...
ခရီးတစ်လျှောက် အစစအရာရာအဆင်ပြေချောမွေ့ပါစေ...ပြန်ရောက်ပြီးခဲ့ရင်လည်း ရှေ့ဆက်ရမယ့် ဘ၀ခင်္ရီးလမ်းအသစ်မှာ အားလုံးအဆင်ပြေချောမွေ့ လိုတရနိုင်ပါစေ...ဘလော့လေးကိုလည်း ပစ်မထားပါနဲ့နော်...

ချစ်ခင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း

မိုးစက်အိမ် said...

အစ်မရေဘလော့စလည်တည်းက ခင်လာတဲ့
အမတစ်ယောက်အနေနဲ့  သတိတရအမြဲရှိနေပါတယ်
အနာဂါတ်မှာ အဆက်ပြေချော့မွေ့ ပါစေဗျာ . . .

ရွှေပြည်ဦး said...

မငုံး အိမ်ပြန်လမ်းခရီး ချောမွေပါစေ....

ကျွန်တော် gmail account နဲ blog အပိတ်ခံလိုက်ရလို blog လေပြန်တည်ထောင်ပြီး မငုံးကို ပထမဦးဆုံး link လာပေးတာ မငုံးရဲ နှုတ်ဆက်စာ ဖတ်မိတော့ ဝမ်နဲမိတယ်ဗျာ....

မငုံ ကို ထာဝရ ခင်နေတဲ ရွှေပြည်ဦး

Unknown said...

တကယ်ပြန်သွားပြီပေါ့နော်.. အဆင်ပြေပါစေဗျာ...

Khyl said...

ငုံရေ ငုံပြန်သွားမှန်း မသိလိုက်ဘူးဟယ်... ဂလိုမှန်းသိ လာတွေ့ပါတယ်.... ခုတော့ ပြန်လာနေပြီ... နေကောင်းပြီး အဆင်ပြေပါစေ....

khin oo may said...

အဆင်ပြေပါစေ။