အဖြူထည်


စံပယ် ဇွန်ငယ် မြတ်လေးနွယ်မှ
အဆင်းကဖြူ ရနံ့ ကကျူ
ငြိမ်းအေးစေရန် သင်ပေးဆပ်သည်
အဖြူထည်ပင်တည်း။

နှလုံးသားဖြူဖြူ ရောင်စဉ်ကင်းမဲ့
ပြစ်မျိုးမှဲ့ မထင် ရယ်ရွှင်ခြင်းဖြင့်
ကလေးငယ်လေး သင်ပေးဆပ်သည်
အဖြူထည်ပင်တည်း။

အဖြူရောင်လွှမ်း ငြိမ်းချမ်းရာလမ်း
မျှော်လင့်ရင်းနဲ့ တောင့်တလှသည်
နှလုံးသားငယ် ပေးဆပ်နိုင်စွမ်း
အဖြူထည်ပင်တည်း။

3 comments:

လင်းကြယ်ဖြူ said...

ဖြူစင်တဲ့ ကဗျာလေးပေါ့...း)
ပျော်ပါစေ အစ်မရေ
*.*.*

အင်ကြင်းသန့် said...

ဖြူစင်တဲ့ ကဗျာလေးကို ဖြူစင်စွာ လာဖတ်သွားတယ် မငုံ....း)

ကိုရဲ said...

သြော် ... ဘာလိုလိုနဲ့ ငါ့မျက်စိရှေ့  အဲလေ ငါမှမမြင်ရတာ ... ဟီးးး ငါ့ရှေ့ တင် နှစ်ပတ်လည်ပြည့်ပြီနော် ။ ၀မ်းသာပါတရ်ဟာ ... အဆင်မပြေမှုတွေကြားထဲက ရပ်တည်လာတာ ငါသိပါတရ် ။ နင်ကော အကိုကော အဆင်ပြေပျော်ရွှင်နိုင်ကြပါစေလို့ ။