ဆောင်းရိပ်ကိုခိုဖို့ ချိန်တန်လေတော့ တောင်ပတ်လည်ဝိုင်းနေတဲ့ ကျွန်မရဲ့ မြို့ငယ်လေးမှာ မြူခိုးတွေ ဆိုင်းနေလိုက်တာများ ဘယ်ကြည့်ကြည့် အဖြူရောင်သန်းနေတယ်။ ချမ်းအေးတုန်လို့ခြုံစောင်ထဲက မခွာချင်နေဘူးလေ။ နေထွက်ချိန်တန်ပေမဲ့ တောင်နံရံတွေမှာ မြူမှုံဆိုင်းဆဲလေ။နိုဝင်ဘာလ ဆောင်းရိပ်ဝင်စမို့ထင်ပ ပန်းရောင်သန်းတဲ့ ချယ်ရီပန်းများ မပွင့်လန်းသေးပဲပွင့်အာသန်ရန် ရည်မျှော်ဆဲမို့ ချယ်ရီပင်များ ရွက်နုနီစိမ်းလေးတွေ ထင်းနေပြီလေ။ ချယ်ရီမမြင်ရတာ ငါးနှစ်ကျော်ပြီမို့ ဒီတစ်ဆောင်းရဲ့ ချယ်ရီပန်းကို စောင့်မျှော်လင့်နေပါရဲ့လို့ မြန်မြန်ပွင့်စေချင်နေပြီလေ။ နေ့လည်ခင်းပေမဲ့ အနွေးထည်ကိုယ်စီနဲ့...နေမင်းရောင်က ခပ်ဖျော့ဖျော့သာရယ်မို့ အအေးဓာတ်ကို မစိုးမိုးနိုင်ဘူးလေ။ ညနေခင်းများရောက်ရင် မီးဖိုနံဘေးမှာပေမဲ့ အချမ်းမပြေနိုင်ဘူး။ ညဉ့်နက်လေ ချမ်းစိမ့်လေမို့ "ချမ်းလိုက်တာ ချမ်းလိုက်တာ"နဲ့ ငြီးကာ ငြီးကာနေရတော့တယ်။ နှင်းမှုံဖွေးဖွေးတွေကလဲ ညဉ့်နက်လေ ကျရောက်လိုက်တာများ ကြယ်ရောင်မလင်းတဲ့ညကို ကြယ်ဖြူလေးတွေကိုယ်စားကြဲပက်နေတာလားလို့ ပြောလိုက်ချင်ရဲ့။ ဒါတောင် ဆောင်းရိပ်ခိုစနော်။ ဒါကြောင့်ရယ်မို့ရှမ်းပြည် (တောင်ပိုင်း)မှာ အအေးဆုံးမြို့ရယ်လို့ ပြောကြတာပေါ့။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
4 months ago
6 comments:
ဝေး ... မငုံ ပို့စ်လေးလာဖတ်သွားပါတယ် ..နေကောင်းရဲ့နော် .. သတိရတယ် သိလား
အလွန်အေးတဲ့ ရာသီ...အလွန်ချမ်းတဲ့ ရာသီ
ဆောင်းးးး ရှမ်းပြည် ဆောင်း အေးအေးလေး နဲ့  ကောင်းကောင်း ကွေး နော် မငုံ ရေ ..
ရန်ကုန်ဆောင်း ကတော့ သိတဲ့ အတိုင်း...
မသီတာ၊ မကြီးကီနဲ့ ကိုဖြိုးတို့ရေ ကျေးဇူးပါ။ မငုံတော့ ရှမ်းပြည်ဆောင်းနဲ့ ရန်ဖြစ်နေတယ်။ ပိုစ့်တွေလိုက်ဖတ်ချင်တာ အတုံးပဲမြင်ရတော့ :( ဘယ်မှမရောက်နေရဘူး။
နေကောင်းလားညီမလေးရေ။
ရှမ်းပြည်ဆောင်းကိုလာချမ်းသွားပါတယ်။
မကြီးငုံရဲ့ပိုစ့်လေးကိုဖတ်လိုက်ရတော့မှပဲ မြန်မာပြည်ကဆောင်းကိုရေရေလည်လည်လွမ်းသွားရပြီ။း(
Post a Comment