ညှို့မှိုင်းမှိုင်းတောင်တန်းတွေမှာ
မြူခိုးတွေဆိုင်းနေတာက
စာတပုဒ်ဖြစ်တည်ဖို့လား…

အရိုင်းနေကြာပန်းရွှေဝါတွေ
ဆောင်းလေကြားမှာ ယိမ်းနွှဲ့နေတာက
ကဗျာတပုဒ်စပ်ဆိုဖို့လား…

ငါ့ရင်ထဲမှာတော့……

ကဗျာလဲ မမှီရပါဘူး။
စာလဲမပီသပါဘူး။
ဒါပေမဲ့………
လွမ်းနေတာတော့အချိန်တိုင်းပါပဲ။

နေ့ရက်ချိန်ကြားရွေ့ဆိုင်းကာသွားတိုင်း
လက်ချိုးရေတွက်ထားတယ်
ချစ်သူ………
မင်းပြန်လာရက်လေးကိုပေါ့။

2 comments:

ကိုရဲ said...

မပူနဲ့ အကိုပြန်မလာခင် ငါအရင်ပြန်လာမှာ ငါလာခဲ့မလို့ အစ်မ ငါ့ဒုက္ခအရင်ခံစားကြည့် ဟီးဟီးဟီး

အင်ကြင်းသန့် said...

မကြီးငုံရဲ့ချစ်သူ မြန်မြန်ပြန်လာနိုင်ပါစေ....။း)