ဒီဇင်ဘာ(၂၆)ရက်ဆိုရင် ကန္တာရမိုးစက်များ နှစ်နှစ်ပြည့်ပြီ။ ဒီနှစ်နှစ်အတွင်းမှာ လာရောက်ဖတ်ရှူပြီး အကြံပေးခဲ့ကြ၊ ခင်မင်ပေးခဲ့ကြတဲ့ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒူဘိုင်းကန္တာရမြေကနေ ထွက်ခွာလာပြီးနောက်ပိုင်း ပိုစ့်တွေကို မတင်ဖြစ်နေဘူး။ စစချင်းကတော့ မကျော်ခွတတ်နေဘူးလေ။ အရုပ်လေးကို အကူအညီတောင်းလိုက်၊ မအနမ်းကို အပူကပ်လိုက်၊ ဟိုလူမေး၊ ဒီလူမေးနဲ့ ရပြန်တော့လဲ ကောနက်ရှင်ကလည်း ကောင်းတချက် မကောင်းတချက်ဆိုတော့ ပိုစ့်တင်ချင်ပေမဲ့ မဖြစ်နိုင်ခဲ့သလို ရတဲ့အခါလေး ပိုစ့်ပြေးတင်ထားလို့ ၃ပုဒ်လောက်တော့တင်ဖြစ်ခဲ့တယ်။
Cboxမှာ လာရောက်မေးမြန်းနေကြတဲ့ မငုံ ဘယ်ရောက်နေလဲဆိုလို့…အခု မငုံတယောက် ရှမ်းပြည်မှာပါ။ မိဘစီးပွားရေးကိုပဲ ကူညီရင်း ပျော်ရွှင်စွာနေထိုင်နေပါတယ်။ မိုးစက်အိမ် လာရောက် ဆုတောင်းပေးသလိုပေါ့ "ရောက်ရာနေရာလေးမှာ ပျော်ရွှင်နေပါစေ" ဆိုတဲ့ဆုနဲ့ ပြည့်နေပါတယ်။ အားလုံးကိုလဲ သတိရပြီး ဘလော့ဂ်အိမ်တွေကို လည်ပတ်ပြီး စာတွေဖတ်ချင်ပေမဲ့ သုံးတဲ့proxy ကြောင့်တဲ့ မြန်မာဖောင့်က မမြင်ရတော့ (ကောမန့်တောင် ကူးပြီးအပြင်မှာ ပြန်ပြန်ဖတ်နေရပါတယ် ) ဘယ်လိုမှမတတ်နိုင်နေပြန်ဘူးလေ။ နားလည်ပေးကြပါနော့။
နှစ်နှစ်တာအချိန်လေးအတွင်းမှာ အားပေးခဲကြတဲ့ အခုချိန်ထိ ပိုစ့်အသစ်တွေမတင်ဖြစ်နေတဲ့ အိမ်လေးကို လာရောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်လို့ပဲ ဒုတိယနှစ်ပတ်လည် အမှတ်တ၇အဖြစ် ထပ်ဆင့်ပြောပါရစေ။ အဆင်ပြေရင် ပြေသလို ပိုစ့်တွေတင်ဖြစ်နေမှာမို့ အားလုံးပဲ ဆက်အားပေးကြပါဦးလို့….
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
4 months ago
5 comments:
Happy Anniversary!
အားပေးနေပါသည် :)
မအားလို့ အလာကျဲပေမယ့် အားပေးနေပါတယ်... ပျော်ရွှင်ပါစေ...
မကြီးငုံရေ....အဆင်ပြေပျော်ရွှင်နေတ်ာဆိုတာသိရလို့ဝမ်းသာတယ်။ အားမလျှော့ပါနဲ့ အဆင်ပြေရင်ပြေသလိုပိုစ့်တွေကိုတင်ပေါ့....။ ဂျင်းတို့အားပေးနေပါ့မယ်။ နှစ်နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာဆီသို့ဆက်လက် ချီတက်နိုင်ပါစေ....။
Happy Anniversary ပါမကြီးငုံရေ
နှစ်နှစ်ပြည့်ဘလော့နှစ်ပတ်လည်လေးမှသည်
နောင်နှစ်များစွာတိုင်တည်တံ့ပါစေ အမရေ
ရှမ်းပြည်မှာဘဲနေထိုင်အဆင်ပြေနေတယ်ဆိုတော့
ရှမ်းပြည်ဘယ်မြို့ လည်းအမရေ ကျွန်တော်လည်း
အဲဘက်တာဝန်ကျတာပါ . . . လမ်းကြုံရင်လာနှိပ်စက်
မလို့ ပါ ဟီး :P
မငုံရေအမထားခဲ့တဲ့မေးလ်ကမပေါ်ဘူးဖြစ်နေတယ်အမရ
အဆင်ပြေရင်တော့ moeseteian@ကိုအပ်ပေးပါအမ
ကျေးဇူးပါနော် . . .
Post a Comment