လူရယ်လို့ဖြစ်လာရင် ၀ါသနာက ပါလာပြီးသားပါ။ တချို့ကသိနိုင်ပေမဲ့ တချို့ကျတော့လဲ မသိသာနေဘူးလေ။ဓားသွေးကျောက်ပေါ် တင်သွေးမှ ဓားတွေပိုထက်မြက်လာသလို ဗီဇ၀ါသနာအရင်းခံထားသူတွေဟာ သူဝါသနာပါရာမှာ လုပ်ဆောင်ခွင့်ရရင် ပိုပြီး အရည်အသွေးပေါ်လွင်နေမှာမလွဲ။
ကိုယ့်အတွေးက စကတည်းက ရွေးချယ်မှု့မှားသွားရင် စမ်းတ၀ါးဝါးနဲ့ အောင်မြင်သင့်သလောက် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဖြစ်ချင်တာက ရှေ့နေတစ်ယောက် ။ ကိုယ့်ရွေးချယ်မှု့ထက် သူတပါးစကားနားထောင်ပြီး ရွေးချယ်လိုက်တာက အင်ဂျင်နီယာ။ ပြဒါးတလမ်း သံတလမ်းပါပဲ။ အခုတော့ အင်ဂျင်နီယာလဲမဖြစ်၊ စီမံခန့်ခွဲသူလဲမပီ်၊ အိပ်မက်ထဲက ရှေ့နေဆိုတာ ဝေးလို့.. ရွေးချယ်မှု့မှာ တွေဝေခဲ့လို့ ယောင်ခြာခြာလည်နေတော့ အားမလို အားမရခြင်းများနဲ့သာပါပဲ။
အမှန်တကယ်က လူတိုင်းမှာ အိပ်မက်ဆိုတာ ရှိနေတာပဲ။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေ အခွင့်အလမ်းပေါ် မူတည်ပြီး အိပ်မက်ကို ဘေးဖယ်ပြီး ဖြစ်သင့်တာကို ရွေးချယ်ခဲ့ပြီးမှတော့ ဘာလို့ပြီးမြောက်အောင် မဆောင်ရွက်ခဲ့တာလဲ။ လူတိုင်း ဒီလိုတွေဝေနေခြင်းမဟုတ်ပါ။ ဖြစ်တည်နေတဲ့အပေါ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေကြတဲ့သူတွေ များပြားလှတဲ့ကြားထဲ ဘာလို့ ကိုယ်ကတော့ စကတည်းကနေ ခုချိန်ထိ တွေဝေနေတာလဲ။

2 comments:

စိတ်၏ဖြေရာ said...

ဘ၀ဆိုတာရည်ရွယ်တာကတစ်မျိုးဖြစ်လာတာက
တမျိုးပါ။
တွေဝေမနေနဲ့ညီမရေ..ရွေးတဲ့လမ်းကိုရဲရဲသာဆက်
လျှောက်ပေတော့။အိမ်မက်နဲ့ထပ်တူကျတဲ့ဘ၀ဆိုတာ
ရခဲပါတယ်။
အောင်မြင်ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေမငုံရေ။

Beauty Studio USA Branded Store said...

တွေဝေခြင်းနောင်တတွေ ကင်းစင်ပါစေ မငုံရေ