ချစ်သူရေ..
ကြည်လင်နေတဲ့ မင့်မျက်ဝန်းနက်အိမ်ရဲ့အရိပ်ကြား
ငါ့ကိုမြတ်နိုးတဲ့ အကြင်နာရိပ်တွေ လွှမ်းနေတယ်။
ချစ်သူရေ...
ပိရိတင်းနေတဲ့ မငိ့နှုတ်ခမ်းပါးလွှာကြား
ငါ့ကိုလွမ်းတဲ့ အလွမ်းတွေ ဖွဲ့သီနေတယ်။
ချစ်သူရေ...
တထိတ်ထိတ်နဲ့ ခုန်နေတဲ့ မင်းရင်ခုန်စည်းချက်ကြား
ငါ့ကိုချစ်တဲ့အချစ်တွေ ယိမ်းနွဲ့နေတယ်။
ဒီကပွဲလေးမှာ ငါကတော့ တိမ်လွှာစီးပြီး လွင့်မျောနေတယ်။
“ 17 ” ရက်နေ့စွဲရောက်တိုင်း ကပွဲလေး ရောင်စဉ်ဖြာလို့
ကြယ်ရောင်တွေအောက်မှာ ပိုအသက်ဝင်နေတယ်။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
4 months ago
1 comments:
မငုံရေ....မငုံရဲ့ ချစ်သူ့ကပွဲလေးကို လာကြည့်သွားတယ်....။ :)
ဂျင်း
Post a Comment