တစ်နေ့သော ၁ရ ရက်နေ့မှာ လှေငယ်တစ်စီးနဲု့ လူနှစ်ဦး ခရီးတစ်ခုကို အတူတူသွားရန် စိတ်တူကိုယ်တူ ထွက်လာကြတယ်။ ခရီးတစ်လျှောက် လှော်ခတ်သူက ခတ်လိုက် ၊ မီးအိမ်လေးနှင့် လမ်းပြသူက ပြလိုက်နဲ့ပေါ့။ လမ်းခရီးမှာ ငြိမ်သက်ငြိမ့်ညောင်းတဲ့ ရေပြင်အထိအတွေ့ကိုလဲ ပျော်ရွှင်စွာ ခံစားကြတယ်။ သာယာကြည်လင်နေတဲ့ ကောင်းကင်အောက်မှာ ရေပြင်ငြိမ်ငြိမ်လေးပေါ် တူညီစွာ လှော်ခတ်ခဲ့ကြတယ်။ တစ်ခါတစ်ရံ လှိုင်းကြပ်ခွပ်ငယ်လေးတွေ ကျီစယ်တာကို ခံရတယ်။ လှေကလေး လူးလွန့်သွားပေမဲ့ ခရီးသည်နှစ်ဦး ပျော်ရွှင်ခဲ့ကြတယ်။ တစ်ခါတစ်ရံကျတော့လဲ မာယာကြွယ်တဲ့ သဘောတရားတွေကို ကြောက်ရွံ့မိတော့လဲ တစ်ဦးကို တစ်ဦးဖေးမကူပြီး ခရီးဆန့်ခဲ့တယ်။ လှေကလေးကို ကြံ့ခိုင်အောင် တည်ဆောက်ပေးလိုက်ကြတဲ့ သူတို့နှစ်ဦးရဲ့ မိဘညီအကိုများနဲ့ အပေါင်းအသင်းတွေအားလုံးကလဲ ခရီးစဉ်သာယာဖို့ပဲ မျှော်လင့်ကြတယ်။

 ဒီလိုနဲ့ လှေကလေး တစ်နေ့မှာ မုန်တိုင်းကြီး ကျရောက်လို့ လှေမှောက်မဲ့အနေအထား ဖြစ်သွားခဲ့တယ်။ မှောင်မည်နေးတဲ့ ရေပြင်အလယ် မုန်တိုင်းထန်လို့ လှေငယ်လေး မတိမ်းခင်မှာ ခရီးသည်နှစ်ဦး သတိအပြည်နဲ့နဲ့ မီးအိမ်ပြသူက နေရာမှန်ပြသကဲ့သလို လှော်ခတ်သူကလဲ ကြိုးစားပြီး ဖြတ်ကျော်ခဲ့လို့ လှိုင်းကြီးလှေအောက်ရောက်ကာ အမြင့်ဆုံးနေရာမှ ပြန်အကျမှာတေ့ တည်ငြိမ်နေဆဲ ရေပြင်အထိကို ခံစားသွားကြရလို့ နှစ်ဦးသား ရင်မောစွာ ဒီကံကောင်းခြင်းကို ဆုပ်ကိုင်နိုင်ခဲ့ကြတယ်လေ။ မုန်တိုင်းထန်ပစေ လေကြမ်းတိုက်ပစေ ။ လှေငယ်လေးမမှောက်အောင် ထိန်းနိုင်ခဲ့တဲ့ ဒီခရီးသည်နှစ်ဦး ဆက်လက်ပြီး အရင်လိုပဲ တေးတကြော်ကြော် ၊ ဘေးဘယာကင်းစွာနဲ့ လိုရာခရီးကို လှော်ခတ်နေဆဲပါ။

13 comments:

နော်ခမ်း said...

မနက်ဖြန်တွေတိုင်းကို ပျော်ရွှင်စွာနဲ့ ဖြတ်ကျော်သွားကြမယ်နော် ...

kiki said...

တော်ပါသေးရဲ့  နော်..
လိုရာခရီး မြန်မြန်ရောက်အောင် အားစိုက်လှော်ကြအုံး လေ
အားကျတယ် ဗျိုး...

.. ဆိုင်ကလုံးတွေ ၊ တိုင်ဖွန်းတွေ ၊ တော်နင်ဒိုတွေ လွတ်အောင် မိုးလေဝသ သတင်းလေးတွေလည်း နားထောင်ကြအုံးနော် ...အသက်ကယ် အိတ်တွေရော ၊ အဆင်သင့် ပါရဲ့ လား။ ဟေးဟေး

Anonymous said...

:) glad to read this post.....there is a say "whatever happened, its happen for a reason".
တိုင်တိုင်ပင်ပင် နေသွားကြပါ။

လင်းကြယ်ဖြူ said...

လှေလှေလှေ ကိုလှော်..မြစ်ကို ဆန်တက်မယ်
လှော်ကြလှော်ကြလှော်ကြဟေ့.....
လှေ ကို လှော်
မုန်တိုင်းတွေကို အံတုလို့
အောင်မြင်စွာ ခရီးဆက်ရင်း
ပျော်ပါစေ အစ်မရေ

Khyl said...

ငုံရေ....

အမြဲ အမြဲ အမြဲ ထာဝရ ပျော်ရွှင်ပါစေ... တငယ်ဂျီးရေ..

သမီးပျို said...

“မနက်ဖြန်တွေတိုင်းကို ပျော်ရွှင်စွာနဲ့ ဖြတ်ကျော်သွားကြမယ်နော် “..တဲ့ နည်းနည်းလေးမှ မနာလိုဘူးကွာ အားတဲ့ရက်ကျမှ ရုံးကိုလာပြီး နဲနဲရစ်လိုက်ဦးမယ် ထွက်မပြေးနဲ့နော် ငုံတုံတုံ

ခင်တဲ့
သမီးပျို

ရေတမာ said...

ကြော်ငြာတာလားးP


လှေကလေးကိုလှော်မည် ဘေးမသန်းဘဲ အေးချမ်းတော့မည်။း)))))))

စိတ်စမ်းရေ said...

အားကျပါပေ့ဗျာ...။

မြစ်ကျိုးအင်း said...

နောက်တခါအားကျအောင်ရေးတိုင်း ဘလော့ ပေါ်က မောင်နှမတွေကို မုန့်ဝယ်ကျွေးရပါမည်။

နောက်ထပ် ကြုံလာနိင်တဲ့ ကံကြမ္မာ လှိုင်းတံပိုး တွေကို တည်ငြိမ်စွာနဲ့ ထပ်ဖြတ်သန်း နိင်ပါစေဗျာ။။

မိုးစက်အိမ် said...

မျှော်လင့်ခြင်းကိုရွှက်လွှင့် ခိုင်မာတဲ့စိတ်ဓာတ်က
လှော်တက်ကိုဆုပ်ကိုင် ဒီလိုနဲ့ ဘယ်လိုလှိုင်းတံပိုး
တွေလာလာ ရင်ဆိုင်ပန်းတိုင်းကို သွားနိုင်ပါစေအမရေ ...

Angel Shaper said...

အယ်....
ချစ်မ...........
မီးအိမ်နေရာမှန်ပြသူက နော်ခမ်းးးး
လှေလှော်ခတ်ရသူက ပိယင်းးးးးးးးးးးးးးးး ဟုတ်တယ်ဟုတ်.... နော်ခမ်း အချောင်ခိုတယ် အဟဲ
ချစ်လို့စတာနော်။
ဘယ်လို တိုင်ဖွန် ဆိုင်ကလုံး ပဲလာလာ အတူတူ ငြိမ်းချမ်းစွာ ဖြတ်ကျော်နိုင်ပါစေနော်။

အင်ကြင်းသန့် said...

ဟွန့်...အားကျဆြာဂျီး...နာလိုဗူး...:)))

ဒီခရီးသည်နှစ်ဦး ဘေးဘယာကင်းကွာစွာနဲ့ လိုရာခရီးကို အမြန်ရောက်နိုင်ကြပါစေ...

kaungkinpyar said...

အဆင်ပြေ ချောမွေ့ပါစေ ညီမငယ်...း)