အိမ်ဆိုတဲ့စကားလုံးကို တွေ့တာနဲ့တင် အလိုလိုနွေးထွေးလာတယ်.အိမ်နဲအဝေးရောက်လေ.ပိုပြီးအိမ်ရဲ့အရသာကို သိလေဖြစ်လာတယ်. အိမ်လွမ်းတိုင်း မျက်ရည်ကျခဲ့ရတဲ့ နေ့ညတွေကို ဖြတ်ကျော်နေရ တာမုန်းလာတယ် ။ ရှမ်းတောင်တန်းရဲ့  တစ်နေရာမှာရှိနေတဲ့အိမ်လေးထံကိုပြန်သွားချင်တယ်.
ဒီအိမ်လေးမှာအဖေ.အမေ.အမနှစ်ယောက်နဲ့ မောင်လေးရှိနေတယ်.သူတို့လဲကျွန်မကိုသတိရနေကြတယ်.
ဒီမိသားစုလေးကနေပြီး ပျော်ရွင်ဝမ်းနည်းမှု့တွေကို မျှဝေခံစားကြတယ်.မိသားစုလောက် ကိုယ့်အပေါ်နားလည်ပေးနိုင်တာမရှိဘူး ။ အိမ်ကထွက်ပြီး အပြင်လောကမှာ အလုပ်လုပ်ကတည်းက ကြုံတွေ့ရတဲ့ခါးသီးမှု့တွေကို စိတ်ပျက်မိတယ်.
ဒီအချိန်တိုင်း မိသားစုကကိုယ့်အနားမှာရှိနေပေးတာ.သိပ်ကျေးဇူးတင်တယ်.
အိမ်ကပေးတဲ့နွေးထွေးမှု့က ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရတာ အားလုံးသိကြပါတယ်.
အိမ်ကဖြည့်ပေးတဲ့လိုအပ်မှု့က ကန္တာရမှာရွာတဲ့မိုးလိုပေါ့.ပိုတန်ဖိုးရှိ.ပိုချစ်ဖို့ကောင်းတယ်.
ဒါကြောင့် အိမ်လေးကို မပျက်စီးစေပဲပိုတန်ဖိုးထားကြရအောင်နော်.
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
2 months ago
2 comments:
အိမ်အကြောင်းလေး ဖတ်ပြီး
အိမ်ကိုတော်တော်လွမ်းသွားမိပြီ ...
အိမ်ပြန်ချင်လိုက်တာာာာာာာာ .........
နေဒေးသစ်။
အားမလျော့နဲ့ တနေ့နေ့ အားလုံးပြန်ဆုံကြမယ်လေ
Post a Comment