အခုချိန်ဆို တောင်ပတ်လည်ဝိုင်းနေတဲ့ မြို့ငယ်လေး မိုးလင်းတာနဲ့ မြူတွေ ဘယ်လောက်တောင်ဆိုင်းနေမလဲ။ မြုတွေအုံဆိုင်းကျတာများ ဘယ်နေရာကြည့်ကြည့် မရှင်းလင်းနေဘူး။ အအေးဓာတ်ကလဲ ပိုကဲလိုက်တာ စိမ့်နေမှာပဲ။

ကျောင်းသားအရွယ် လုငယ်လေးတွေ အနွေးထည်ထူထူ ၊ ခြေအိတ် ၊ ခေါင်းဆောင်းတို့နဲ့ အေးခဲလှတဲ့ ဆောင်းမနက်ခင်း စောစောမှာ ကျူ၇ှင်ဆိုတာကို ပြေးရပေမဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လမ်းလျှောက်ရတော့ သူတို့မှာလဲ အေးတယ်မထင်။ ညကကျန်တဲ့ ရေခွက်ရေစည်တွေထဲက ရေတွေလဲ ခဲလို့။ ရေနွေးနဲ့ မျက်နှာမသစ်ရရင် မဖြစ်ချေဘူးလေ။

နေရောင်ကျရောက်လာချိန် မြုဆိုင်းနေဆဲ တောင်တန်းကိုလှမ်းကြည့်လိုက်တော့ ပန်းရောင်ကြွယ်နေတဲ့ ချယ်ရီတွေက ခိုက်ခိုက်တုန်နေတယ်လေ။တောင်ယာတောမှာ မီးခိုငွေ့တွေဝေနေတော့ တောင်ယာသားတို့ရဲ့ မနက်စောစော အေးအေးချမ်းချမ်းမှာ လုပ်ကိုင်နေပုံကလဲ တမျိုး မြင်ကွင်းရယ်ပေါ့။

တောင်ပတ်လည် ၀န်းနေတဲ့ဒီမြို့လေးရဲ့ နေထွက်ချိန်က နောက်ကျလိုက်တာ။ နေရောင်ပြပြ အလင်းရောက်ချိန်မှာတောင် အေးနေဆဲမို့ မီးဖိုနံဘေး ၀ိုင်းထိုင်နေဆဲပဲ။ မြေနီနီလမ်းမထက်မှာတော့ မနက်ခင်းမှာ လူနည်းပါးစွာနဲ့ မီးဖိုနံဘေးမှာပဲ ၀ိုင်းထိုင်နေဆဲပေါ့။နေ့လည် ဆယ့်တစ်နာရီအချိန်လောက်မှ နေရောင်ကောင်းကောင်း ကျရောက်လာချိန်မှာလဲ အနွေးထည်များ ချွတ်မထားရဲပဲ နေပူစာလှုံတယ်လေ။ညနေ နေ၀င်ချိန်ကဆောင်းတွင်းဆိုတော့ မှောင်ရိပ်စောသလို အအေးဓာတကလဲ ပိုပိုနက်လာတယ်။ မြို့ငယ်လေးမှာတော့ စောစီးစွာပဲ လူခြေတိတ်လို့ ကိုယ့်အိမ်ကိုယ်ယာမှာပဲ မီးဖို နံဘေးဝိုင်းထိုင်နေဆဲပေါ့။ အခါးရည်ပူပူကို ခေါက်ပုတ်ကြော်လေးနဲ့ ပူပူနွေးနွေး အစားစာကိုသာ ၀ိုင်းဖွဲ့စားသောက်ရင်း မိသားစု စကားဝိုင်းလေး ဖွဲ့နေကြတယ်လေ။

လွမ်းလိုက်တာ မြို့ငယ်လေးရယ်။။။။

17 comments:

အဆိပ်ခွက် said...

လွမ်းတယ်လွမ်းတယ်.. တောင်ကြီးကိုလွမ်းတယ်.. ခု ပိုစ်ဖတ်ပြီးပိုလွမ်းလာပြီး...

မောင်ငယ်
အဆိပ်ခွက်

အဆိပ်ခွက် said...

အဲ.. ၁ ကရလိုက်သေး.. အဟိ

Anonymous said...

ကျွန်တော်လည်းငယ်ငယ် က အဲဒီလိုမြို့ လေးမှာနေချင်လို့ 
စိတ်ကူးယဉ်မိခဲ့ ပါသေးတယ်....

ဂျပန်ကောင်လေး said...

း(.. လူက နဂိုကတည်းက လွမ်းပါတယ်ချို... ခေါပုတ်ကြော်.. ခေါပုတ်ကင်... ဟင့်.. ထိုဖူးနွေး... ရှမ်းခေါက်ဆွဲ.... အမလေးနော်.. ပြော၇င်းနဲ့ သွားရည်တမြားမြားပဲ.... မငုံရဲ့ ရက်စက်ပါပေ့....

နော်ခမ်း said...

အလွမ်းမြို့ငယ်လေးအကြောင်းကို အလွမ်းတွေနဲ့ဖတ်ရင်း ကိုယ့်မွေးရပ်မြေ တောင်ပေါ်ဌာနေလေးကိုလည်း အရမ်းလွမ်းမိသွားပါတယ်...........

စိတ်၏ဖြေရာ said...

မြို့ငယ်လေးကိုလာလွမ်းသွားပါတယ်။
အိမ်လွမ်းသူတွေအိမ်ပြန်နိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။

Beauty Studio USA Branded Store said...

ဒီမြိုးလေးကို လာလည်ချင်ပါတယ်ဗျာ။

လင်းကြယ်ဖြူ said...

အခုချိန်ဆို တောင်ပတ်လည်ဝိုင်းနေတဲ့ မြို့ငယ်လေး မိုးလင်းတာနဲ့ မြူတွေ ဘယ်လောက်တောင်ဆိုင်းနေမလဲ။ မြုတွေအုံဆိုင်းကျတာများ ဘယ်နေရာကြည့်ကြည့် မရှင်းလင်းနေဘူး။ အအေးဓာတ်ကလဲ ပိုကဲလိုက်တာ စိမ့်နေမှာပဲ.......တဲ့
တွေးကြည့်တာနဲ့တောင်တော်တော်ကြည်နူးရတယ်
ရှမ်းထမင်းနယ်...စားချင်တယ်....
ပျော်ပါစေ

ရေတမာ said...

အလဲ့အထူးအဆန်း ကိုနော်ခမ်း ဘယ်ပျောက်။ လွမ်းပါ လွမ်းပါ ကျနော့်ဖို့လည်း ချန်ထားဦး

Welcome said...

ပင်လောင်းကို အမှတ်ရစေတယ်
ပင်လောင်းထက် တီကျစ်က ပိုအေးသလားလို့


ခင်မင်စွာဖြင့်

မြစ်ကျိုးအင်း said...

တောင်ကြီးမရောက်ခင် တောင်လေးလုံးမှာ တလလောက်နေခဲ့ဖူးတယ်။ အဲဒီတုန်းက အေးအေးလေး နေရတာကို ပြန်သတိရသွားပြီ။

စာလေးဖတ်ရတာ ကဗျာလေးဖတ်ရသလိုပဲ ကောင်းလိုက်တာ

Anonymous said...

ချစ်တဲ့မြို့ငယ်လေးကို ဖတ်ပြီး မွေးရပ်မြေ တောင်ပေါ်မြို့ငယ်လေးကို လွမ်းတယ်....

မိုးစက်အိမ် said...

ဖတ်ရင်းပုံဖော်နေတာ တောင်ကြီးလား
ကလောလား မကြီး . . . အရမ်းကိုကဗျာ
ဆန်တဲ့  မြို့ လေးဖြစ်မှာတော့သေချာတယ်
အမရေးတာဖတ်ပြီးပြောတာ :)

ဂျေဂျူဝိုင် said...

ပင်လောင်းမြို့မှ ဟုတ်ပါလေစ

Anonymous said...

အဲဒါဆိုလဲ ပြန်ဗျာ... လွမ်းနေလို့ အပိုပဲ.. အဟိဟိ..။မှန်တာပြောပြတာပါနော်.. စိတ်မဆိုးနဲ့ ..ဟီး

မင်းအိမ်ဖြူ Minn Eain Phyu said...

ရေနွေးကြမ်း အခါးရည် ကြိုက်တယ်

ပြန်ရင် လာလယ်မယ် ဟာဟ

လွမ်းနိုင်ပါစေ

မင်းအိမ်ဖြူ

ကောင်းကင်ပြာ said...

ငုံလေးရေ..လွမ်းထှာ...