ခေါင်းစဉ်နဲ့ဆိုင်မဆိုင်တော့ မသိဘူး။ လတ်တလော ကြုံတွေ့နေရတဲ့ အဖြစ်လေးကို သတိရမိလို့။ ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မှာ အဖူးမြော်ခံခိုက်မှာ မငုံတစ်ယောက်လဲ ရန်ကုန် ရောက်နေချိန်ဆိုတော့ ဖူးမြော်ကန်တော့တယ်။ ရန်ကုန်မှာ စံပယ်ရက် နောက်ဆုံးနေ့ (၇)ရက်နေ့ နေ့ခင်းပိုင်းမှာ တစ်ခါ ထပ်သွားဖြစ်တုန်းက ကြုံရတာလေးပေါ့။
        လုံခြုံရေးအတွက် အဆင့်ဆင့်စစ်ဆေးခံပြီး ၀င်လာပါပြီ။ လိုဏ်ဂူမ၀င်ခင် ဖိနပ်အပ်တဲ့နေရာလောက်မှာ စတာပါပဲ။ အားလုံးက နှစ်ယောက်တစ်တွဲနှုန်းနဲ့ တန်းစီနေတာကို ကျော်တက်တာတို့၊ ကြားဖြတ်တာတို့ကို မျက်နှာခပ်ပြောင်ပြောင်ပဲ လုပ်နေကြတယ်။ ဘယ်သူမဆို မြန်မြန်ဖူးချင်ကြ၊ လိုဏ်ဂူထဲကို  ရောက်ချင်ကြတဲ့သူချည်းချည်းပါပဲ။ အားလုံးက မြတ်စွယ်တော်ကို ဖူးချင်လို့ အကုန်လုံး သည်းခံပြီး နေပူအောက်မှာ၊ လူတန်းရှည်ကြီးကို စီရပါတယ်။ အချိန်တန်ရင် ကိုယ့်အလှည့်ရောက်မှာပါပဲ။ ဒါမဲ့ ဘာလို့  ရုပ်ပျက်ဆင်းပျက်နဲ့ အတင်းကိုတိုးဝှေ့ ကျော်တက်ကြားဖြတ်ကြတယ်မသိ။ အင်မတန်မှ စိတ်ညစ်ဖို့ကောင်းတယ်။ ကုသိုလ်မရခင် စိတ်ညစ်လို့ အကုသိုလ်အရင်ရပါတယ်။
`        နောက် လိုဏ်ဂူထဲဝင်ရတော့မယ်ဆိုတော့ တစ်ယောက်စီ တန်းစီရပြန်တယ်။ မငုံက ဒီဘက် ရဟန်းသံဃာတော်များနဲ့ သီလရှင်များ ဘေးက လူပုဂ္ဂိုလ်အတန်းမှာ စီတယ်။ တဖြည်းဖြည်းနဲ့ဝင်သွားလိုက်တာ။ စိတ်ထဲမှာလဲ ဂုဏ်တော်ကိုးပါးကို ရွတ်နေမိတယ်။ အဲအချိန်မှာ နောက်ကျောကို ဆောင့်တွန်းလိုက်လို့ လူက ရှေ့က အဒေါ်ကြီးတစ်ယောက်ကို တိုးမိလို့ ကိုယ့်မှာ “ ကန်တော့ ကန်တော့ ” ဆိုပြီး တောင်းပန်ပြီး နောက်ကို လှည့်ကြည့်တော့ ခပ်ငယ်ငယ် ကောင်မလေးနှစ်ယောက် ..
`        အဲမှာ အဲကောင်မလေးနှစ်ယောက်က တယောက်စီလဲစီတန်းတာမဟုတ်ဘူး။ နှစ်ယောက်ကို မရမက စီနေတယ်။ အဲနောက်က အမကြီးတယောက်က “ ဘယ်လိုဖြစ်ကြတာလဲ နင်တို့က” လို့ဆိုလိုက်သံကြားလိုက်ရတယ်။ “ ဘေးအတန်းက ကျော်လာတာလေ” တဲ့. .
ပြီးတော့ တဆက်တည်း တဘက်အတန်းမှာရှိနေတဲ့ သူတို့အဖော်ကို “ ဟဲ့ ဒီဘက်တန်းကိုလာ ဒီကိုလာ ဒီမှာက စွယ်တော်နဲပိုနီးတယ် ” တဲ့။
          သူအစဉ်အလိုက်အတိုင်း စီတန်းသွားရင်လဲ ကိုယ့်အလှည့်ကျလာမှာပါ။ ဘာလို့ အတင်းကို တိုးဝှေ့နေတာကြီးကတော့ လူတော်တော်များများ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ မပြောချင်လို့သာ ကုသိုလ်စိတ်နဲ့မို့သာ သည်းခံနေကြတာ မငုံတောင် မျက်မှောင်ကျုတ်မိတဲ့အထိ စိတ်ညစ်သွားရပါတယ်။
          မြတ်စွယ်တော်အစစ်မို့ ဖူးချင်တာ အနီးကပ်ဖူးချင်တာ သိပေမဲ့ ဒီလိုကြီး စည်းမဲ့ကမ်းမဲ့နဲ့ လူကြီးမှန်းမသိ ဘာမှန်းမသိ ကိုယ့်ဖို့သာကြည့်ပြီး ကျော်ဖြတ်တိုးဝှေ့ နေကြတာတော့ မကောင်းပါဘူး။ အားလုံးက အဓိကရည်ရွယ်ချက်က မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်မို့ မြတ်စွာဘုရားကို တကယ်ဖူးမြော်ရသလို ဖြစ်ကြတဲ့စိတ်နဲ့မို့ ကြည်ညိုကြလွန်း လို့  နေပူခံစောင့် ဆိုင်ြး ပီး မှ ရာက်လာကြတဲ့သူချည်းပါ။
ေ၇ှးရှေးတုန်းက ဘုရားအဆူပေါင်းများစွာ ပွင့်တော်မူခဲ့ပြီးပြီ။ ကိုယ်တွေမှာ အခုချိန်ထိ မကျွတ်နိုင်သေး။ ဒီသံသရာထဲမှာ တ၀ဲလည်လည်နဲ့နေရတုန်း။ ဘယ်ဘုရားမှ ကယ်မရလို့ အခုထိ ကျန်နေခဲ့ရသေးတယ်။ အခု သာသနာနဲ့ကြုံခိုက်၊ မြတ်ဘုရားရဲ့ စွယ်တော်အစစ်ကို ဖူးခွင့်ရခိုက်လေး ကုသိုလ်လေး လိုချင်လို့ သံသရာလွတ်ရာလေး ဆုတောင်းချင်လို့လာတာပါ။
          ရှေ့ကို အရင်ရောက်ချင်ဇောနဲ့ အနီးဆုံးနေရာကနေ ဖူးချင်ဇောနဲ့ သူများတကာအပေါ် ကိုယ့်အတွက်ဆိုတဲ့ အတ္တထားပြီးမှ ရလာမဲ့ ကုသိုလ်စိတ်နဲ့တော့ မလုပ်ကောင်းပါဘူး။ ကုသိုလ်ယူတာချင်းတူတူ သံသရာမှာထပ်ကြာသွားနိုင်တယ်နော်။
          အင်းးးးးးးးလူဆိုတော့ ပြောရခက်သားလား။ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပုထုဇဉ်ဆိုတဲ့ စကားလုံးအောက်မှာကိုး။
သည်းခံ…………သည်းခံ
                

3 comments:

IDIOT-Ki said...

အတ္တတွေ မကင်းကြတော့ လည်း လောဘ ဒေါသ မောဟ တွေ ပါ ကပ်ပါလာကြတာပေါ့ လေ..
စည်းကမ်း မရှိ တာ ကြောင့် လည်း ၊ ခုလို တိုးဝှေ့နေကြတာပါ ။
ဂျပန် ငလျင်ကြီး လှုပ်တုံးက ..သိကြတဲ့ အတိုင်းပဲလေ..ကယ်ဆယ်ရေး ပစ္စည်းတွေ ဝေတော့ စည်းကမ်းတကျ နဲ့ တန်းစီကြတယ်။ ဘယ်သူမှ လုယက်ခိုးဝှက် တိုးဝှေ့ မနေကြပါဘူး ။ အဲဒါ ဘာ ကြောင့်လည်း ဆိုတော့ ငယ်စဉ်ကတည်းက စည်းကမ်းတကျနေတတ်အောင်
လေ့ကျင့်ပေးထားကြ လို့ ပါ ..

မငုံ ကို လည်း မတွေ့ တာ ကြာပါ ရော လား..
ခင်တဲ့ မကြီး ကိ..

စိတ်၏ဖြေရာ said...

လူငယ်တွေစည်းကမ်းရှိအောင်လေ့ကျင့်ပေးဖို့အများကြီး
လိုသေးတယ်နော်။
ဈေးလည်ကြီးpostတင်နေရင်းမီးပျက်သွားလို့တပိုင်းတစ
ဖြစ်သွားတာ။ကွန်ပြူတာကခပ်ကျွမ်းကျွမ်းဆိုတော့ဆက်
မလုပ်တတ်တော့ဘူး)း အခုအစအဆုံးရေးပြီးပြန်တင်ထားပါတယ်။
ပျော်ရွှင်ချမ်းမြေ့ပါစေမငုံရေ။

kaungkinpyar said...

သည်းခံ .......သည်းခံ.....:)