“ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင်ဆေးဖက်ဝင်သည်။” မှန်ကန်တဲ့ သစ္စာဆိုခြင်းကြောင့် နွယ်မြက်သစ်ပင်တောင် ဆေးဖက်ဝင်သတဲ့။ သစ္စာတရားကြောင့် အခက်အခဲအမျိုးမျိုး အကျပ်အတည်းအမျိုးမျိုးကနေ လွတ်မြောက်လာတဲ့ သာဓကတွေ အများကြီးရှိသားလား။

           ရာမမင်း က သီတာဒေ၀ီရဲ့ ဒဿဂီရိမင်း ထံမှာ ရက်အနည်းကြာ ခေါ်ဆောင်ထားခြင်း ခံရတာကို ချစ်ပေမဲ့ စိတ်ကသို့၏လော သို့၏လောနဲ့ ထင်မြင်နေတာကို သိသွားတဲ့ သီတာဒေ၀ီက သူ့ရဲ့ ရာမမင်းအပေါ်ထားတဲ့ ချစ်ခြင်းနဲ့ သစ္စာတရားကို သက်သေပြဖို့ သစ္စာထားလို့ မီးပုံပေါ်ဆင်းသက်လိုက်တာ မီးမလောင်တဲ့အပြင် ကြာပွင့်ပေါ်မှာ ရပ်တည်နေတာကို မြင်တော့မှ ရာမမင်း ယုံကြည်ခံခဲ့ရတာကိုး။ ဒါက သီတာဒေ၀ီ ..ရာမမင်းပေါ်ထားတဲ့ သူ့ရဲ့သစ္စာ.....

      ယခုမျက်မှောက်ဘ၀မှာ သူတပါးအထင်အမြင်လွဲခံရတာတွေက ရှေးရှေးဘ၀တုန်းက အကုသိုလ်ကံ အကျိုးဆက်ကြောင့်ဆိုတာ သိထားပါတယ်။ ခံရတာများလာတော့လဲ အခက်အခဲတွေ အကျပ်အတည်းတွေကို စစ်မှန်တဲ့မေတာတရား၊ ကောင်းတဲ့စိတ်ထားနဲ့ မေတာပို့ခြင်း ၊ မှန်ကန်သော သစ္စာတို့ဖြင့် ပြေပျောက်ပါတယ်။ ဒါပေမဲ့ ၀ဋ္ဋ်ကြွေးမကြေသေးတော့လဲ ဆပ်ပေးရဦးမပေါ။ “ ၀ဋ္ဋ်မှာအမြဲ ငရဲမှာအပ” ဆိုတဲ့စကားရှိသားပဲ။

    သစ္စာရှိတယ်လို့ခံစားရတယ်။ သစ္စာဖောက်ခြင်းခံရတယ်။ အဲလို ခံစားမှုအမျိုးမျိုးမှ သစ္စာဆိုတဲ့ မှန်ကန်တဲ့စိတ်ထားကောင်းမွန်မြတ်စွာနဲ့ သစ္စာဆိုမှု့ကို မငုံသိပ်သဘောကျတယ်။ ယုံကြည်တယ်။ လုပ်တတ်တယ်။

 မငုံ မှန်ကန်တဲ့သစ္စာ ဆိုလိုက်တဲ့အခါ သစ္စာရဲ့ မှန်ကန်မှု့ကြောင့် အခက်အခဲ  တော်တော်များများ ပြေလည်သွားဖူးပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းကနေ ဒီအသက်အရွယ်အထိ အခက်အခဲ အကျပ်အတည်းကြုံရတိုင်း ၊ အထင်အမြင်လွဲခံရတိုင်း မငုံအတွက် ကိုးကွယ်ရာဖြစ်တဲ့ ဘုရားနဲ့ ဒီသစ္စာကို တိုင်တည်တတ်ခဲ့ပါတယ်။

1 comments:

စိတ်၏ဖြေရာ said...

ချစ်တဲ့သူနဲ့အမြန်ဆုံးပေါင်းဖက်နိုင်ပါစေ။
ဖိတ်စာလေးမျှော်နေပါတယ်ညီမရေ။