ချစ်သူရေ..
ကြည်လင်နေတဲ့ မင့်မျက်ဝန်းနက်အိမ်ရဲ့အရိပ်ကြား
ငါ့ကိုမြတ်နိုးတဲ့ အကြင်နာရိပ်တွေ လွှမ်းနေတယ်။
ချစ်သူရေ...
ပိရိတင်းနေတဲ့ မငိ့နှုတ်ခမ်းပါးလွှာကြား
ငါ့ကိုလွမ်းတဲ့ အလွမ်းတွေ ဖွဲ့သီနေတယ်။
ချစ်သူရေ...
တထိတ်ထိတ်နဲ့ ခုန်နေတဲ့ မင့်ရင်ခုန်စည်းချက်ကြား
ငါ့ကိုချစ်တဲ့အချစ်တွေ ယိမ်းနွဲ့နေတယ်။
ဒီကပွဲလေးမှာ ငါကတော့ တိမ်လွှာစီးပြီး လွင့်မျောနေတယ်။
17ရက်နေ့စွဲရောက်တိုင်း ကပွဲလေး ရောင်စဉ်ဖြာလို့
ကြယ်ရောင်တွေအောက်မှာ ပိုအသက်ဝင်နေတယ်။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
4 months ago
12 comments:
ချစ်သူ့ကပွဲလေး အမြဲထာဝရ အသက်ဝင်နေဖို့ ဒို့နှစ်ယောက် မခွဲကြေးပေါ့...
၁၇ ရက်နေ့ တိုင်းရဲ့ကပွဲတိုင်းဟာ
စည်ကား သာယာ ကြည်နူးစရာ ဖြစ်နေမှာပါ...
ပျော်ကြပါစေ
ဒီနေ့ပဲဗျ
တသက်တာ မကွဲမကွာ အတူရှိကြပါစေ
တင်စားနေလိုက်တာများ မနာလိုချင်တော့ပါဘူး။
စိတ်တူ ကိုယ်တူ ပျော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
လေးစားစွာနဲ့
မမရဲ တင်စားချက်ကတော့မိုက်တယ်...
ဟင့်.. သူများတွေများကျတော့ တင်စားလိုက်ကျတာ. လှချက်ကကမ်းကုန်ပဲ၊ လန်ထွက်နေတာပဲဆိုတာ ဒါကိုပြောတာနေမှာ။
ချစ်သူကပွဲနဲ့လွဲသွားပြီလားမသိဘူး။ ၁၈ရက်နေ့ဖြစ်သွားပြီ
း)) အဆင်ပြေပျော်ရွှင်ပါစေ မငုံရေ။
ချစ်တယ် ... ချစ်တယ်... ချစ်တယ်....
အဲလိုလေးပြောနေနိုင်တာကိုက ကံထူးလို့... :))
အပျိုကြီးနော် ခြေလှမ်းတွေ တအားသွက်နေ တယ် ။အားလုံး အားကျ ကုန်ပြီနော် ။
ထာဝရ အတူတကွ ပျော်ရွှင်စွာ ရှိနေနိင်ပါစေ
ပိုက်ဆံရေ
တော်တော် အရာရောက်တဲ့ မင်းရဲ့ အရိပ်ကြား ငါ့ကို ဒုက္ခတွေ လွှမ်းနေတရ် ...
money
ရေ မြင့်တက်လာတဲ့ လူနေမှုစနစ်က ငါ့ကို နင့်ကိုမုန်းတီးအောင် ဖွဲ့သီနေတရ် ...
ပိုက်ပိုက်ရေ တိတိ တိတိနဲ့ကျဆင်းနေတဲ့ ဒေါ်လာဈေးကြား ငါ့ကို ဒုက္ခတွေ ယိမ်းနွဲ့ပျော်မြူးနေတရ် ...
ဒီ သောကပင်လယ်ထဲမှာ ငါကတော့ လှေအစုတ်လေးစီးပြီး လိုက်ဆယ်နေတရ်( လှေမျောလျှင်လှေနဲ့လိုက်တဲ့ ငွေမှ မရှိတား( )
15ရက်နေ့ ရက်စွဲရောက်တိုင်း ဘာဒုက္ခတွေ ရောက်ရောက် ငါ သတိတရ လုပ်နေတဲ့ အရာလေးတစ်ခုကတော့လေ ......
ကပွဲလေးဆီ လာတက်ရောက်တာပါဗျာ။မငုံကဗျာက အတော်လန်းတယ်ဗျာ။
Post a Comment