ကျွန်မရဲ့ပိုစ့်ဟောင်းလေး တပုဒ်ပါ။ အခုတလော ကွန်ပျူတာ ဗိုင်းရပ်အကိုက်ခံထိလို့ ၊ ရုံးမှာ ကိုးရိုးကားယားဖြစ်နေတာတွေကြောင့် နဲ့ အင်တာနက်မရတာနဲ့တာတွေကော ပေါင်းပြီး ဘလော့ဂ်တကာအိမ်တွေတောင် ရောက်ဖြစ်ပါဘူး။ ဒီကြားထဲ ပိုက်ဆံချေးလိုက်တာ (အမှန်က ပြောင်ဓားပြတိုက်ခံရတာပါ) ပြန်ပေးမယ် ဒီနေ့ ဟိုနေ့နဲ့ အခုဆို အတော်ကြာလို့ ကျွန်မတစ်ယောက် အသုံးစရိတ်ပြတ်လပ်နေတာတောင် သိရက်နဲ့ ပြန်မပေးပဲ ( တောင်းရတဲ့သူတောင် ရှက်လာပါတယ်။) နေနေတာ ခံရတော့ စိတ်ထဲအတော် ကတိကအောက် ဖြစ်မိပါတယ်။ စိတ်လဲအတော်ပျက်မိသွားတယ်။ ကိုယ်ကူညီလိုက်တာကို အလွဲသုံးစားလုပ်တာလောက် မုန်းတာ မရှိဘူး။ အရင့်အရင်ကလဲ ချေးလိုက်တိုင်း တခါမှ ပြန်မရတတ်တဲ့ ကျွန်မရဲ့ ပိုက်ဆံချေးပေးတတ်မှု့ကလဲ မလွယ်လှဘူး။ ဒီတော့ တောင်တွေးမြောက်တွေး တွေးမိရင်းက အရင်တုန်းက ရေးခဲ့တဲ့ ပိုစ့်လေးကို ပြန်ဝေမျှလိုက်တယ်။ (ဆားချက်တယ်ပေါ့နော့ :)) )

ကျွန်မမှာ တော်တော်ဆိုးတဲ့ အကျင့် တစ်ခုရှိတယ်။ တစ်ယောက်ယောက်က လိုအပ်တာရှိရင် မနေနိုင်ဘူး။ လာအကူအညီတောင်းရင် ပေးလိုက်ချင်တယ်။ အဲ..ပိုက်ဆံချေးလိုက်တိုင်း အဆုံးပဲ။ အခုတော့ သင်ခန်းစာ ကောင်းကောင်းယူပြီး ချေးတော့ဘူးနော်။ အဲဒါလေးကို ပြောပြတာ။ :P

ကျွန်မ အသိအမျိုးသမီးက ပေးလိုက်တဲ့ သင်ခန်းစာလေးပါပဲ။ အဲဒီ အမျိုးသမီးက လူမျိုးလဲ မတူပါဘူး။ ရုံးက Building တစ်ခုထဲမှာ တူတူဆိုတော့ နေတာကလဲ တစ်မြို့နယ်ထဲဆိုတော့ ကားစောင့်ရင်း သူက စကားလာလာပြောတော့ ရင်းနှီးသွားတာ။ စိတ်သဘောထားလဲ ကောင်းပါတယ်။ ကျွန်မကို တော်တော်လေး ခင်ပါတယ်။ Bus လာလို့ မ်န်းကလေးတစ်ယောက်ပဲ လိုက်လို့ ရမယ် ဆိုရင် မလိုက်ပဲ ကျွန်မနဲ့ တူတူစောင့်ပေးတယ်။ ကျွန်မက ရုံးဝတ်စုံကို အကျီင်္အဖြူပဲ ၀တ်တာများတယ်။ တစ်နေ့ သူက တစ်ခြား အလုပ်လျှောက်ထားတာ အင်တာဗျူး သွားစရာရှိတယ်. အကျီအဖြူရောင် ၀တ်သွားရမှာမို့ သူ့ကို ငှားပါတဲ့။ ( ငှားပါလားလို့ ပြောတာ မဟုတ်ဘူးနော်။)။ ကျွန်မ ကလဲ ရပါတယ်လို့ ပြောပြီးသား။ အဲ..ကျွန်မတစ်ခုခု မလုပ်ခင် မိသားစုကို ပြောပြနေကျလေ။ ထုံးစံအတိုင်း အဒေါ်ပဲရှိနေတော့ သူ့ကို ပြောပြလိုက်တယ်။ နောက် အတူနေ ညီအမလို ဖြစ်နေတဲ့ မြန်မာမ သူငယ်ချင်းတစ်ယောက်လဲ သိတာပေါ့။ သူတို့က အဓိပ္ပာယ်မရှိဘူးတဲ့။ မပေးရဘူးတဲ့။ သူများနိုင်ငံမှာ အချင်းချင်း မဟုတ်ပဲ ဘာမှ ပေးစရာမလိုဘူးတဲ့။ ကျွန်မလဲ " အင်းအင်း" ပေါ့။ အဲဒီ အမျိုးသမီးးက ညသန်းခေါင် ၂နာရ်ီကြီး မက်ဆ့လဲပို့လာတယ်။ မနက်ရုံးမသွားခင်ထိ miss call ကိုးခါလဲ ပေးထားတယ်။ စိတ်ထဲမှာ သနားသွားတယ်။

' အင်း..ငါမယူသွားရင် သူဝတ်စရာမရှိရင် ဒုက္ခ" ဆိုပြီး ဘယ်သူ့မှမပြောပဲ ယူသွားလိုက်တယ်။ ပေးတာတောင် အိမ်အထိ သွားပေးတာဗျ။ အဲဒီနေ့က အိပ်ရာထ နောက်ကျတာနဲ့ ရုံးကို taxi နဲ့သွားမလို့ ကားစောင့်နေတုန်း သူကဖုန်းဆကိလာတယ်။ အကျီင်္ပါမပါ သိချင်လို့ ။ သူလဲမသွားရသေးဘူးတဲ့ လာခေါ်ပါဆိုလို့ လမ်းကြုံနေတာပဲဆိုပြီး သွားတောင်ခေါ်လိုက်သေးတယ်။

ဇာတ်လမ်းက မပြီးသေးဘူး။ နောက်တစ်နေ့ သူက အရေးတစ်ကြီးလိုလို့ ပိုက်ဆံ ၅၀၀ ချေးပါလို့ ပြောလာပြန်တယ်။ ၅၀၀ ဆိုတော့ အများကြီးလေ။ အဲဒါကျတော့ အဒေါ့်ကို ပြောပြတော့ လုံးဝမပေးရဘူးလို့ ပြောတယ်။ သူက ရုံးခန်းအထိ လာပြီးယူတော့ တော်တော်လိုနေမှာပဲလို့ တွေးမိတယ်။ အားလဲနာတာနဲ့ ၂၀၀တော့ ပေးလိုက်မိတယ်။ သူက နှစ်ရက်သုံးရက်နေ သူလခထုတ်တာနဲ့ ပေးမယ်လို့ ပြောသွားပါတယ်။ တစ်ပတ်ကြာတဲ့ အထိ ပြန်မရဘူး။ အိမ်ကလဲ သိကုန်ပြီ။ ဆူခံထိတာပေါ့။ ရေစက်သာချလိုက်တော့လို့ ပြောကြတော့တာပါပဲ။ သူလာတောင်းလို့ ပေးတာပါလို့ ပြောတာကို မရဘူး။ ကိုယ့် ဗီရိုထဲက အကျီင်္ ၊ ကိုယ့်အိတ်ထဲက ငွေက ကိုယ်ကိုယ်တိုင် မပေးပဲ ထွက်သွားမလားတဲ့။ တောင်းဖို့ ပြောကြပေမဲ့ ကျွန်မက ကိုယ်ပိုက်ဆံ ကိုယ်ပြန်တောင်းရမှာကို အားနာတာနဲ့ မပြောဘူး။ သွားတောင်းရင် သူရှက်သွားမှာပဲလို့ တွေးမိတာလဲပါတယ်။ ဆက်စောင့်လိုက်တာ တစ်လသာ ကြာသွားတယ် ပြန်မရဘူး။ အဲဒီ အမျိုးသမီးကလဲ ကျွန်မကို တွေ့ရင် တဲ့တဲ့တွေ့နေရင်တောင် ရအောင်ရှောင်သွားတယ်။ စိတ်ထဲမှာ " ငါလဲ ဘာမှမတောင်းရပဲ ဒီလို လုပ်လုပ်သွားတော့ မခံချိဖြစ်သွားတာတော့ အမှန်ပဲ " ။

အခုချိန်ထိပါပဲ ဘာတစ်ခုမှ ပြန်မရတာ။ ပြီးတော့ ကျွန်မကို အခုချိန်ထိ ရှောင်နေဆဲ။ တွေးမိသွားတယ်။ ချေးငှားခြင်းက ခင်မင်ရင်းနှီးတဲ့ သူတွေကို ရန်သူတောင်ဖြစ်စေ။ အခင်အမင်ပျက်စေတတ်တယ်နော်လို့ပေါ့။ အဲဒီနောက်ပိုင်း ကျွန်မလဲ ဒီသင်ခန်းစာကို ယူပြီး ဘယ်သူ့ကိုမှ မပေးတော့ပါဘူး။ ရင်းနှီးမှု့ ပျက်တာမကောင်းဘူးနော်။ စိတ်ထဲ သနားလာရင်တောင် ပြန်ပြန်တင်းထားတတ်နေပြီ။ အမှန်ဆို သူပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ကျွန်မကလဲ လိုက်တောင်းနေတာမှ မဟုတ်တာ။ ထားတတ်ရင် ကုသိုလ်တောင် ဖြစ်သေးတာပဲနော်။ အခုတော့ အခင်အမင်ပျက်တာပဲ အဖတ်တင်တယ်။

ပြောချင်တာက ငွေကြောင့် ရင်းနှီးမှု့ပျက်တတ်တယ် ဆိုတာပါပဲ။ ဘယ်အရာမဆို ပွင့်ပွင့်လင်းလင်း ပြောပြ အကူအညီတောင်းရင်၊ အခက်အခဲလေး ပြောပြရင် ဘာမှမဖြစ်နိုင်ဘူးလို့ ကျွန်မ ထင်မှတ်ပါတယ်။ လူတိုင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလို ပြန်ပေးဖို့ အခက်အခဲ ရှိနေသူတွေက ဘာမှမပြောတော့ ဘာမှမဟုတ်ပဲ ရင်းနှီးမှု့ ပျက်သွားတတ်တာလေးကို ပြောပါတယ်။

ကဲ ..ပိုက်ဆံချေးခြင်း သည်းခံပါ။။။။

ထုံးစံအတိုင်း ဖြစ်ပြီးသွားမှ ကျွန်မ ပြောလေ့ရှိတဲ့ စကားလေးကတော့ " မှတ်သွားတာပါပဲ။။ " ပြီးတော့ တကယ်တမ်းကျ မမှတ်သေးပါဘူး။ ပေးချင်နေတုန်းပဲ။:P

16 comments:

ကိုရဲ said...

ငါ ရော ပါလားအစ်မ ။ ငါ့များစောင်းပြောနေတာလားလို့ :P

အိုက်ခီလောက် said...

ငါတောင့်အရက်ဖိုးမတောင်းတာကြာပေါ့
သိပ်လည်းမတွေ့ ဖြစ်တော့ဘူး နင့်နဲ့ 
ဘဲလေးရပြီဆိုတာ့ အသည်းလေးလည်းရပြီ
ပူတူးတူးလေးလည်းရပြီဆိုတော့ ငါ့တို့ ကလည်းနားလည်ပေးရတာပေါ့
ငါ့အမရဲ့ နောက်ဆုံးကျည်ဆန်ပဲဟာ အဟီး :D
အကြွေးဆိုတာမပေးတာ အကောင်းဆုံးပဲ သိလား
အဲ့ ကိုယ့်ကသူများနားချေးမယ်ဆို အကောင်းဆုံးပဲ အဟတ်
ဘာမှပြောတော့ဘူး မင်္ဂလာဆောင်ရင်ဖိတ်လိုက် ကလေးစို့ ဖို့ ချိုလိမ်ပို့ လိုက်မယ် လူကြီးအတွက်လည်း ပို့ ပေးရမလား မေးကြည့် နင့်နော်ခမ်းကို အဟတ်

kiki said...

ခရီးစရိတ် နဲ့  အသုံးစရိတ် ပြတ်နေလို့  ပိုက်ဆံ လာချေးတယ် ငါ့မြေးရယ် .. ..
သိန်း၂၀၀၀ လောက် ( သိမ်းထားတဲ့  ၂၀၀၀ .. ) ပါပဲ ။ ကြုံ မှ ပြန်ဆပ်မယ်နော် ..
မကြုံအောင် ရှောင်နေပါ့မယ် ။
ပေးးးးးး ..

Anonymous said...

အကျင့်တွေကတော့ တူနေပြီ.. ကျနော်လဲ အဲလိုပဲ သူများဒုက္ခရောက်ရင် ကူညီတယ် ဘယ်တော့မှပြန်ရတယ်ဆိုတာ မရှိဘူး။ အဲဒါ အမှတ်ရှိလားဆိုတော့လဲ မရှိဘူး လာပြောရင်ပေးလိုက်တာပဲ။ အဲလိုကြောင့်လားတော့ မသိဘူး ဘယ်တုန်းကမှ အကြီးအကျယ် ဒုက္ခရောက်တယ်ဆိုတာ မရှိသေးဘူး။ ဒုက္ခရောက်ရင်လဲ တဦးမဟုတ်တဦးကတော့ ကူညီဖို့ ပေါ်လာမြဲပဲဗျ။ ဒါပေမဲ့ဗျာ....... ခက်တယ်ဗျ လူတွေက...။ ကျနော်ဆို ရစရာ အကြွေး အားလုံးပေါင်းလိုက်ရင် ယူရို ၇၀၀ နီးနီးရှိတယ် .. ခုထိ ရဖို့ မပြောနဲ့ နေကောင်းလာတောင် ဘယ်သူမှလာမမေးဘူး.... အေးရော .... ။

မိုးစက်အိမ် said...

ဟုတ်ပ ဟုတ်ပ အမရေ ငွေရေးကြေးရေးကမရှုပ်တာ
အကောင်းဆုံးဘဲ အဲအမျိုးသမီးကလည်းရှက်ပြီးပွင့်ပွင့်
လင်းလင်းမပြောဘဲရှောင်တော့ပိုဆိုးတာပေါ့ အဲဒါဘဲ
ငွေကြေးက ဖြူစင်တဲ့ အရောင်ကိုတောင် ဆေးဆိုးတတ်
တယ်ဆိုတာသင်ခန်းစာပေါ့ နော့်

လင်းကြယ်ဖြူ said...

ဖြစ်တတ်ပါတယ်ဗျာ...
ကိုယ့်စေတနာ ကိုယ့်ဖို့ ပါ.တာပေါ့နော..
ပျော်ပါစေ အစ်မရေ
*.*.*

Welcome said...

အားမနာနဲ့နော် ။ စိတ်မဆိုးတတ်ဘူး။ တအားသဘောကောင်းတာ။ :)

တောင်ပေါ်သား said...

ဟုတ်တယ် နောက်ဆို သူများကို စေတနာ သိပ်မထားနဲ့ စကားမစပ် ကျနော့်ကို ပိုက်ဆံ နဲနဲ ချေးပါ့လားးးးးးးးးးးးး

လေးစားလျက်
တောင်ပေါ်သား

ကြယ်ပြာ said...

မငုံရေ ... သူများကိုကူညီတာတော့ကောင်းပါတယ် ... ကိုယ့်ကိုမထိခိုက်ရင်ပေါ့ .... ....ကောင်းနေတဲ့စိတ်လေးကိုဖျက်ဆီးတာမဟုတ်ဘူးနော် ... ခုကိစ္စပဲကြည့် တစ်ဘက်လူက မငုံဘက်ကိုကြည့်တာမဟုတ်ဘူး ... သူ့အတ္တကိုသူကြည့်တာ .... သူ့ကိုကူညီလိုက်လို့ ကိုယ့်ကိုထိခိုက်မယ်ဆိုရင်တော့ မကူညီတာအကောင်းဆုံး .. ပြီးရင် သူက ကျေးဇူးမတင်တဲ့အပြင် မငုံက အချဉ်လို့တောင်ထင်သွားဦးမယ် .... မမှတ်သေးရင်တော့ ကြယ်ပြာ့ကိုချေးလေ .... ဟီး ...း) ကြယ်ပြာက ရှောင်မသွားဘူး တည့်တည့်ဝင်တိုက်ပစ်မယ် ... ဟ ဟ ...

Anonymous said...

မငုံ...နဲ့ အဖြစ်ချင်းတူတာ ကွက်တိပဲ၊ ကျနော်လည်း လူမျိုးချင်းမတူတဲ့ (ဖိလစ်ပိုင်မ) ကို 500 ချေးဖူးတယ်။ သူက အထက်လူကြီးနဲ့အဆင်မပြေလို့ အလုပ်အသစ်ရှာ၊ တဖက်အလုပ် မသချာသေးခင်အလုပ်ထွက်တော့ ဆက်နေဖို့ visa extension fees တွေပေးရ၊ ဒီကြားထဲ သူ့အမေဆုံးတယ်ဆိုပြီး သူ့မှာ ရှိသမျှပိုက်ဆံတွေကုန်ပါရော (သူ့အပြော)။ ဒါနဲ့ အလုပ်တူလုပ်ခဲ့ကြသူတွေဆိုတော့ စုပြီးအကူငွေထည့်လိုက်ကြသေး။ ပြီးတော့ ဖုန်းတဂျီဂျီဆက်ပြီး ပိုက်ဆံချေးပါလေရော။ ကိုယ်ကလည်း သနားတတ်သူပီပီ 500 ချေးလိုက်တယ် (တောင်းတာက 1700 ပါ၊ ကံကောင်းလို့..)
လကုန်တိုင်း ဖုန်းဆက်တောင်းရတယ်။ ၁-လ ကနေ ၂-လ၊ သူကိုတောင်းတိုင်း မပေးဘူးမပြော၊ နောက်လနောက်လနဲ့ ရွှေ့လာလိုက်တာ အခုဆို အဲဒီဖုန်းလည်း ဆက်သွယ်လို့ မရတော့တဲ့အထိပါပဲ။ (ကြားရတာကတော့ တခြားမြို့ပြောင်းသွားတယ်ပြောတာပဲ)

ဒါကြောင့် ရှေးလူကြီးတွေပြောခဲ့ကြတာ နေမှာဗျ(ပိုက်ဆံဘယ်တော့မှမချေးနဲ့၊ တတ်နိုင်ရင် အပြတ်ပေးလိုက်တဲ့)။
နောက်တခုက လုံးဝမချေးပါနဲ့၊ အပြတ်ငြင်းလိုက်ပါ၊ အဲဒါဆို တစ်ခါပဲအမုန်းခံရမယ်၊ သူလည်းထပ်မချေးတော့ဘူး။ ကိုယ့်ရဲ့သနားတတ်၊ ကူညီတတ်တဲ့စိတ်ကြောင့် ကုသိုလ်မရဘဲ ကိုယ်ပိုက်ဆံနဲ့ကိုယ် စဉ်းစားမိလို့ သတိရတိုင်း အကုသိုလ်ယူသလိုဖြစ်နေတယ်။

(စာကြွင်း။ ။ မငုံရဲ့အဖြစ်ကို ပြောရရင်တော့ ချေးတဲ့သူကိုဒေါသထွက်ရမှာမဟုတ်၊ သူ့ကိုအပြစ်တင်ရမှာ။
သူ့ဆီကလက်ရှိကြွေးယူထားသူက ဗမာအမျိုးသမီးပါ၊ အိမ်ခန်းတွေလိုက်ယူထားပြီး ဗမာတွေကို ပြန်ငှားစားတဲ့ အိမ်သူကြီးပေါ့။ ကျနော်လည်း သူ့ဆီမှာ ၃လလောက်နေဖူးတယ်။ အဲဒီအချိန်မှာ အခုလိုအဖြစ်မျိုးခံရတာတောက်လျောက်ပဲ။ စုစုပေါင်း 5000 နီးပါးပါ၊ သူကအလီလီလာချေးတာ၊ နောက်ဆုံး သူ့ဒဏ်မခံနိုင်လို့ အိမ်ပြောင်းပြေးရတဲ့အထိပါပဲ (ကံကောင်းလို့ မပြောင်းခင် တော်တော်ကြမ်းပြီး တောင်းလိုက်လို့ ပိုက်ဆံ အကုန်ပြန်ရခဲ့တယ်၊ နို့မို့ဆိုရင်တော့...)
အဲဒီအကြောင်းကို ၀ိသာခါလက်သစ်မငုံက အကုန်သိတယ်။
ဖြစ်ပုံက အဲဒီအမျိုးသမီးက ကျနော့်ဆီဖုန်းဆက်ပြီး ပိုက်ဆံချေးပါလေရော၊ ကိုယ်ကခံထားရဖူးတဲ့သူဆိုတော့ အပြတ်ငြင်းလိုက်တယ်။ ပြီးတာနဲ့ သူငယ်ချင်းမငုံဆီဖုန်းဆက်ပြီး သတိပေးလိုက်သေးတယ်။
သူက.. အေး၊ ငါမချေးဘူး။ ငြင်းလွှတ်လိုက်မယ်တဲ့.....
သူ့ရဲ့ငြင်းပုံလေးက ဒီလိုပါ.. (ပိုက်ဆံအိတ်လေးပြပြီး... ငုံ့မှာဒီလောက်ပဲ ရှိတော့တယ်... ချေးနဲ့နော်တဲ့။ အဲတော့ ဟိုက ပိုက်ဆံအိတ်ဆွဲပြီး 500 ကိုဖတ်ခနဲ ယူလိုက်ပါရော။ ကံကောင်းလို့... အကုန်မယူလိုက်တာ)
ကဲ.. ဘယ်သူ့အပြစ်လဲ မငုံ။

Khyl said...

ဖစ်ရလေတငယ်ချင်းရယ်.... နှမောစရာ

ကိုလူထွေး said...

ဟိုတလောက ချေးထားတဲ့ငွေ အကုန် ပြန်ဆပ်ပြီးပြီနော်...
တော်နေကြာ ဘလော့ပေါ်ကနေ ပိုစ့်တင်နေအုံးမယ်...
"ကိုလူထွေးကြီး အကြွေးမပေးခြင်း" ဆိုပြီးတော့...

းဝ)

အင်ကြင်းသန့် said...

မမငုံ
ညီမလေးကို ပိုက်ဆံနဲနဲလောက်ချေးပါလား။ အစ်မ တစ်ယောက်ကို နှစ်ရှည်စီမံကိန်းနဲ့ တိုက်ခန်းတစ်ခန်းဆောက်ပေးဖို့ ဟာကို ခဏသုံးထားချင်လို့ သူ့ဆီက အကျေရမှ ပြန်ပေးမယ်နော် :DD

သုခုမလေဒီ said...

တယ်သဘောကောင်းပါလား။ အတိုးမပေးရပဲ ပိုက်ဆံချေး တယ်ဆိုရင် အမကိုလည်းမမေ့နဲ့နော်။း))

Anonymous said...

ရှိသေးရင်နည်းနည်းချေးပါ။