The smile on your lips makes my heart skip a beat,
When you love at me the way you do.
I lose myself in love.
Every moment with you is like a walk on the clouds.
Your thoughts make me float in a fantasy world,
My dreams have become reality…
My life has become complete…
I have become yours....
Now... Forever! I Love You.


ကဗျာလေးကို Googleမှ ရှာဖွေတွေ့ရှိခဲ့ပြီးတော့ နှစ်သက်မိလို့ အမှတ်တရပိုစ့်လေးအဖြစ် ဝေမျှလိုက်တယ်နော်။ ပြီးခဲ့တဲ့ တစ်ပါတ်လုံး ဗိုင်းရပ်စ်တိုက်ခိုက်မှုကြောင့် WiFi system ထိခိုက်ပြီး connect လုပ်လို့မရခဲ့ဘူး။ အခု connect လုပ်လို့ရသွားတဲ့အချိန်မှာကျတော့လည်း မြန်မာစာဖောင့်တွေ့ကို မြင်ရပြီးတော့ type လို့မရနေဘူး။ အဲဒါကြောင့် ပိုစ့်အသစ်တွေကို မတင်နိုင်ခဲ့ဘူးလေ။အခု ၁၇ ရက်နေ့ အမှတ်တရပိုစ့်လေးကို ချစ်သူစိုင်းနော်ခမ်း အကူအညီနဲ့ တင်လိုက်တာပါ။ အိပ်လေးကို အလည်လာကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးတင်တယ်နော်။

9 comments:

နော်ခမ်း said...

အမှတ်တရနေ့စွဲရောက်တိုင်း ချစ်ခြင်းအထိမ်းအမှတ်အဖြစ် ပိုစ့်တင်ပေးတဲ့ ချစ်သူကို ကျေးဇူးပါ... ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ ရှေ့ဆက်သွားကြမယ်နော်...

တောင်ပေါ်သား said...

ချစ်သူနဲ့ ဘ၀တလျှောက်လုံး ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေဗျို့ ကြီးဒေါ်ရေ အမြန်ယူတော့ အဟား


လေးစားလျက်
တောင်ပေါ်သား

အင်ကြင်းသန့် said...

မငုံရေ...
ကဗျာလေးက ကောင်းသလို
မငုံတို့နှစ်ယောက်ကလည်း ကြည်နူးစရာစုံတွဲလေးပါလား
ရာသက်ပန်ပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေ

ခင်တဲ့
ညီမ
အင်ကြင်း

kiki said...

ဆက်ချစ် ၊ ဆက်ချစ် ၊ ဆက်ချစ် ..
တိန် တိန် တိန် ..

(ဖိတ်စာ ပို့ ရန် မမေ့ပါ နှင့် ဟဲ ဟဲ ၊း))း)

သီဟသစ် said...

မငုံရေ

ကဗျာလှလှလေး ဖတ်သွားတယ်
ချစ်သူ၂ဦး ပျော်ရွှင်ကြည်နူးကြပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

အမလေး သွားရည်ယိုလိုက်တာနော်။။။။

လင်းကြယ်ဖြူ said...

ချစ်ခြင်းအားဖြင့် ....
.......................

ချင်ခြင်းအားဖြင့်............
.........................

ပျော်ပါစေ

ကိုရဲ said...

အောင်မြတ်ဌီး နင့်ကိုငါပို့ပေးပြီးပြီလေ ဖောင့်ကို

Anonymous said...

"ချောစုခင်သီချင်းတွေကြိုက်တဲ့.... စံရှားတင်ရုပ်ရှင် မလွတ်တမ်းကြည့်တဲ့ ညီလေးနော်ခမ်း၊ ... ဒီနေ့ကျရောက်တဲ့ မွေးနေ့ကစပြီး နှစ်ပေါင်းများစွာ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေပြည့်စုံပြီး လူသားတွေရဲ့အသက်ပေါင်းများစွာ ကယ်တင်နိုင်တဲ့ ဆရာဝန်ကြီးဖြစ်ပါစေ"
"့HAPPY BIRTHDAY NAW KHAN"