ဆောင်းရိပ်ခိုသည့် ဇန်န၀ါရီ မနက်ခင်း
ချယ်ရီဝေချိန် လင်းရောင်သင်းခိုက်
ကမ္ဘာမြေသို့ သတို့သားငယ်
ခြေချဝင်ခဲ့.....

" စိုင်းနော်ခမ်း "ဟု ခေါ်တွင်လေသည့်
သတို့ငယ်လေး စနေမာန်ထင်း
သူ့ရုပ်သွင်၌ တည်ငြိမ်ခြင်းဖြင့်
စိတ်နှလုံးရင်း နူးညံ့လှသည်
မွေးရာပါတည်း.....

သမားဇာနည် ကြင်နာခြင်းဖြင့်
ဂရုဏာထား ဖြူစင်အားနှင့်
လူသားဇီဝ ကယ်တင်ပ့လို့
အကျိုးပြုလူသားဖြစ်ပါစေ။။။။
ဒီနေ့ ဇန်န၀ါရီ (၂၈)ရက်နေ့မှာ ကျရောက်တဲ့ ချစ်ရတဲ့ မောင်ရဲ့ မွေးနေ့လေးမှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘ၀တလျှောက်လုံး ပျော်ရွှင်မှု့တွေ ၊ အောင်မြင်မှု့တွေကို သိမ်းပိုက်နိုင်ပါစေ။ မောင့်လက်နဲ့ထိတိုင်း ဆေးဖက်ဝင်လို့ အသက်ကယ်တင် ယုံကြည်အားကိုးရတဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ပါစေ။။ မောင်ချစ်တဲ့ ပိယိင်းလက်ကို ခိုင်မြဲစွာတွဲလို့ မွေးနေ့ပေါင်းများစွာ ဖြတ်ကျော်ကြရအောင်လား။

19 comments:

နော်ခမ်း said...

ကျတော့မွေးနေ့အတွက် ဆုတောင်းကဗျာလေး တင်ပေးတဲ့ ချစ်သူကို ထာဝရ ကျေးဇူးပါ.....

khin oo may said...

ဟေး..............့happy birthday နော်ခမ်း.

Anonymous said...

ဟက်ပီးဘတ်ဒေးမငုံရဲ့ ကိုကို ရေ . . ဒီ၇က်ဒီနေ့ ဒီမွေးနေ့မှစတင်ပြီး ကျွန်တော်တို့ မမငုံကို ပိုပြီးချစ်နိုင်ပါစေ ပိုပြီး မြတ်နိုးနိင်ပါစေ လို့ ဆုတောင်းပေးတယ် အကိုရေ . . . မမငုံ အနော် ဆုတောင်းပေးသွားတယ်နော်

Sonata Cantata said...

ကဗျာလေးကတည်းက အတိုင်း မငုံနောက်က သံယောင်လိုက်ပြီး ဆုတောင်းပါတယ်။
Happy Birthday!

အိုက်ခီလောက် said...

အော် သတို့ သားငယ် ဆိုပါလား
နောက်ဆို သတို့ သားကြီးတောင်ဖြစ်တော့မှာနော့်
ခုတော့ သတို့ သားငယ် လောင်းလျာလေးပေါ့နော်
မွေးနေ့ မှာ ခုလို မငုံ ရဲ့ မေတ္တာတွေနဲ့ အတူဖြစ်သန်းနိုင်ပါစေနော် ဆုတောင်းပေးတယ်
မငုံကလည်းနော် နာမည်နဲ့ လိုက်အောင် ငုံထားမတတ်ကို ချစ်နေတာ နာမည်ပေးတဲ့ အရူးလည်း တတ်ပါ့
နိမိတ်ဆောင်တာလား မသိဘူးဒီနာမည်လေးက
အော် နောက်ဆုံးရေးထားသေးတယ် ဘာတဲ့ 
မောင်ချစ်တဲ့ ပိယိင်း ပဲတာလား မငုံရယ်
ပိယိင်းချစ်တဲ့ မောင် လို့ လည်းမေ၇းပါလား
အင်း နော်ခမ်းကပဲ တစ်ဖက်သတ်ချစ်နေသလိုပါလား ဟဟ
တော်ပါပြီလေ တော်ကြာငါ့ကိုရစ်တယ်ထင်နေဦးမယ်
ချီးစ်ယားစ် ကမ်းပိန်း မွေးနေ့ အရက်တစ်ခွက်သောက်သွားတယ် နော်ခမ်းရေ

တောင်ပေါ်သား said...

သတို့သားငယ်လေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေ။ ချစ်သော ချစ်သူနဲ့လဲ ဘ၀တလျှောက်လုံး ပေါင်းသင်းနိုင်ပါစေ တိုင်းပြည်အတွက် အကျိုးပြုမဲ့ သားကောင်းရတနာတပါးဖြစ်ပါစေ


လေးစားလျက်
တောင်ပေါ်သား

ကြယ်ပြာ said...

နော်ခမ်းရေ ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ခုလိုတစ်ယောက်တစ်နေရာစီမဟုတ်ပဲ တစ်နေရာတည်း တူတူရှိပြီး ပျော်ရွှင်စွာကျင်းပနိုင်ပါစေလို့  ဆုတောင်းပေးပါတယ်နော ...

ပိယိင်းချစ်တဲ့မောင် နဲ့ မောင်ချစ်တဲ့ ပိယိင်းတို့ လက်တွေခိုင်မြဲစွာတွဲပြီး အခက်အခဲတွေရှိရင်လဲ နှစ်ယောက်အတူ အောင်မြင်စွာကျော်ဖြတ်နိုင်ပါစေ ....

kiki said...

HaPpY bIrThDaY Naw Kham !

သတို့ သားငယ် လေး နဲ့ သတို့ သမီးငယ်လေး တို့ နှစ်ယောက် ပျော်ရွှင်စွာ လက်ဆက်ကြစေသတည်းးးး
ဥုံ သျှရှီ သျှရီ.....း)
( လက်ဖွဲ့ ခြင်းသည်းခံပါ ဆိုတဲ့ မင်္ဂလာ ဖိတ်စာ လေးကို စောင့်မျှော်နေပါ ကြောင်းးးးးး)) ဟိဟိ

ရေတမာ said...

့ဟတ်ပီးဘတ်ဒေးပါ အကိုရေ မငုံတို့ချစ်သူနှစ်ယောက် အမြန်ဆုံး ပေါင်းစည်းနိုင်ပါစေ

လင်းကြယ်ဖြူ said...

မွေးနေ့ရှင်ရော..မွေးနေ့ဆုမွန်ချွေသူ ရော...
အားလုံး...
ပျော်ပါစေ..

နွေဆူးလင်္ကာ said...

ဟက်ပီး ဘတ်ဒေးလို့ ပြောလိုက်ပါတယ်ဗျာ။

တလနွန် said...

ဟတ်ဘီးဘတ်ဒေးပါ ကိုနော်ခမ်းရေ..
မငုံ နဲ့ အတူ ပျော်ရွင်တဲ့ဘ၀ခရီးလမ်း အတူတူလျှောက်ရင်း အကျိုးပြုဆရာဝန်တစ်ယောက်ဖြစ်ပါစေ....

ခင်မင်လျက်
တလနွန်

ကိုရဲ said...

HaPpY BiRtHdAy ကိုကြီး ။ ညီလာလို့မရတော့ဘူး အခြေအနေမကောင်းဘူးး( ။ စာမေးပွဲက ထပ်ကျကိန်းမြင်နေတရ် ။ ပြန်ဖြေရဦးမလားပဲး( ။

Welcome said...

nice poem :)

Anonymous said...

"ချောစုခင်သီချင်းတွေကြိုက်တဲ့.... စံရှားတင်ရုပ်ရှင် မလွတ်တမ်းကြည့်တဲ့ ညီလေးနော်ခမ်း၊ ... ဒီနေ့ကျရောက်တဲ့ မွေးနေ့ကစပြီး နှစ်ပေါင်းများစွာ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေပြည့်စုံပြီး လူသားတွေရဲ့အသက်ပေါင်းများစွာ ကယ်တင်နိုင်တဲ့ ဆရာဝန်ကြီးဖြစ်ပါစေ"
"့HAPPY BIRTHDAY NAW KHAN"

Anonymous said...

ကောင်းလိုက်တဲ ကဗျာ လေးဗျာ မကြီးငုံ တော်တော် စွမ်းတာဘဲ

သုခုမလေဒီ said...

မွေးနေ့ပိုင်ရှင် ကျနော်ရေ.. HaPPy BiRthDay ! ပါနော်
မွေးနေ့ရှင်ရဲ့ဆန္ဒအစစ်အမှန်လေးများ ပြည့်စုံပါစေ။

မငုံရေ ဆုတော့တောင်းပြီးသွားပြီ။ လာလည်တဲ့သူတွေကို ဘာမှမကျွေးဘူးလားဟင်။ မွေးနေ့ကရော မိုင်တိုင်?????
အဆင်ပြေပျော်ရွှင်ကြပါစေး)))

Anonymous said...

ဟတ်ပီးဘတ်ဒေးပါဗျား..

အင်ကြင်းသန့် said...

မငုံရေ...
တော်တော်တော့ နောက်ကျနေပြီ...ဒါပေမယ့်လည်း ဆုတောင်းသွားပေးဦးမယ်...
HAPPY BIRTHDAY ပါလို့နော်...