ပြီးဆုံးခဲ့ပြီးပြီဆိုပေမဲ့ မနေ့တစ်နေ့ကအတိုင်းပဲ
ဆုံးရှုံးခဲ့ပြီးပြီးဆိုပေမဲ့ ပိုင်ဆိုင်နေသေးသလိုပဲ
အားပါးတရလဲ လွတ်လပ်စွာ အတူရယ်မောခဲ့ရသလို
ရှိုက်ကြီးတငင်လဲ ဖြေမဆည်နိုင်အောင် ငိုကြွေးခဲ့သေးတယ်
တခါတရံမှာတော့လဲ နာကြင်လွန်းလို့
တိတ်တဆိတ်လဲ ကျိတ်မျက်ရည်ကျခဲ့ရသေးတယ်လေ
အခုချိန်မှာ မြင်တွေးကြည့်တော့
အရိပ်ဆိုပေမဲ့ ထင်းနေပါသေးတယ်
ဆုံးရှုံးခဲ့ပြီးပြီးဆိုပေမဲ့ ပိုင်ဆိုင်နေသေးသလိုပဲ
အားပါးတရလဲ လွတ်လပ်စွာ အတူရယ်မောခဲ့ရသလို
ရှိုက်ကြီးတငင်လဲ ဖြေမဆည်နိုင်အောင် ငိုကြွေးခဲ့သေးတယ်
တခါတရံမှာတော့လဲ နာကြင်လွန်းလို့
တိတ်တဆိတ်လဲ ကျိတ်မျက်ရည်ကျခဲ့ရသေးတယ်လေ
အခုချိန်မှာ မြင်တွေးကြည့်တော့
အရိပ်ဆိုပေမဲ့ ထင်းနေပါသေးတယ်
ကံကြမ္မာရယ် နောင်ခါများမှာတော့
ဆောင်ကြဉ်းခွင့်ပြုပါ
ပျော်ရွှင်ခြင်းသာ ……………
အရိပ်သစ်ဆီသို့……………………..
ဆောင်ကြဉ်းခွင့်ပြုပါ
ပျော်ရွှင်ခြင်းသာ ……………
အရိပ်သစ်ဆီသို့……………………..
3 comments:
၂၀၁၀မှာ အဆင်မပြေတာတွေ ရှိရင်လည်း ၂၀၁၁ မှာ ပျော်ရွှင်နိင်မှာပါ။
မငုံအတွက်
ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ပါစေဗျာ
မပြေလည်တာများ ရှိရင်လဲ ပြောပါလေ....။
မငုံ နော် ..မငုံ..
ဘာတွေ အုံ့ ပုံးပူ မိ နေတာ လည်း..
အဆင်ပြေသွားမှာပေါ့ ..
Carry On ! ! !
နောက်တနှစ် မှာ ပြန်တွေ့ ကြမယ် လေ..
Post a Comment