မင်းသိရဲ့လား………
မင်းမို့လို့ ငါပေးခဲ့တယ်……..
ဖြူစင်တဲ့ချစ်ခြင်းနဲ့ သံဃောဇဉ်ကို
မင်းကြောင့်မို့ မက်ခဲ့မိတယ်…..
လှပတဲ့ညစဉ်အိပ်မက်လေးကို
မင်းနဲ့မို့လို့ ဖန်ဆင်းချင်တယ်…
ပျော်ရွှင်မှုနဲ့ဥယျာဉ်ငယ်ကို
ဒါပေမဲ့လဲ
မင်းသိလိုက်ရဲ့လား………
မင်းမို့လို့ ပြောထွက်ရက်တယ် …….
ငါ့ရဲ့အပြစ်ကင်းတဲ့ ချစ်ခြင်းကို
မင်းမို့လို့ နင်းခြေရက်တယ် ……..
ငါ့ရဲ့မင်းအပေါ်မထားခဲ့တဲ့ မာနတရားကို
မင်းမြင်နိုင်ခဲ့ရဲ့လား….
ငါ မင်းအပေါ်ထားခဲ့တဲ့
မင်းသတိရရင်ပြီးတာပဲ…..
လိုအပ်ချိန် ငါရှိခဲ့ရင် တော်ပြီပေါ့လို့
ဒါပေမဲ့လဲ
မင်းထင်နေခဲ့တယ်မလား….
ချုပ်ကိုင်ခဲ့တယ်။
ပိုင်စိုးခဲ့တယ်။
ချစ်သူ………….
ငါ မင်းထင်သလိုဖြစ်ခဲ့သလား
ဒါဆိုရင် ကျေနပ်စွာနဲ့
တောင်းပန်လိုက်တယ်။
ဒါဟာ…..မင်းအတွက်
ငါ့အချစ်က အမှတ်သဥာဏ်မရှိလို့ပဲ။
4 comments:
မငုံရေ
အလည်ရောက်ပါတယ်။ကဗျာလေးဖတ်သွားပါတယ်။
အဆင်ပြေပျော်ရွှင်ချမ်းမြေ့ပါစေ။
မငုံရေ.....
အလုပ်အသစ်မို့ သိပ်မရောက်ဖြစ်တာ ခွင့်လွှတ်ပါဗျာ။
မငုံတစ်ယောက်ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။
မငုံရေ....ဘာတွေဖြစ်
အဆင်ပြေတယ်ဟုတ်....
ပျော်ရွှင်ချမ်းမြေ့ပါစေ....
ကဗျာလေးကို လာအားပေးတာ ကျေးဇူးပါ။
ဂျင်း >>> မငုံ ဘာမှမဖြစ်ပါဘူး ဂျင်းရ... ဟိဟိ.. ရန်ဖြစ်လိုက်တိုင်း ဒီအတိုင်း ချချ ရေးလိုက်မိတာ..
ကိုချမ်း>>>> အဆင်ပြေပါစေနော့. မဖြူလဲ သတိရကြောင်းပါလို့ ပြောပေးပါဦး။
မ့ >>> နေရာသစ်မှာ အဆင်ပြေပါစေနော့
Post a Comment