အမေများနေ့ကို ကျွန်မစိတ်ထဲ အမှတ်တရဖြစ်နေတဲ့ တကယ့်အဖြစ်အပျက်လေးကိုပဲ ဝေမျှလိုက်ပါတယ် ။ ဒီအဖြစ်အပျက်လေးက ၂၀၀၇မှာ ဖြစ်ခဲ့တာပေါ့။ကျွန်မတို့အိမ်မှာ မွေးထားတဲ့ ခွေးမလေး မီရှယ်လ်ကနေပြီး သားတစ်ကောင်ပေါက်လာတယ် ။ အမဲရောင်လေး... နောက်သုံးရက်မှာပဲ ခွေးကလေးလေး သေသွားတယ် ။ မီရှယ်လ်လေ သူ့ကလေးလေးကိုလိုက်ရှာနေတာ သနားပါတယ် ။ နောက်ရက်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် နောက်ခွေးမလေး မစ်ကီသားပေါက်ပါလေရော ။ သူက လေးကောင်ပေါက်တယ် ။ အဲဒီထဲမှာ အမဲတစ်ကောင်လေးလဲပါလာတယ် ။ ပြသနာက အဲဒီမှာစတာပါပဲ ။
မီရှယ်လ်က အဲဒီအမဲလေးကို သူ့ကလေးဆိုပြီးသွားယူလာတယ် ။ မစ်ကီလေ အရူးလိုပဲ တောင်ပြေး မြောက်ပြေးနဲ့ လူတွေကို သူ့လက်ကလေးနဲ့ လာလာတို့ပြီး အကူအညီလာတောင်းတော့တာပါပဲ ။ အမှန်ဆိုရင် မစ်ကီက မီရှယ်လ်ကို ကြောက်ရတယ် ။ အခုတော့ သူမှာအကြောက်တရားဆိုတာ မရှိတော့ဘူး ။ သူ့ကလေးလေးကို သွားပြန်လုတယ် ။ မီရှယ်လ်ကလဲ မပေးဘူး ။နှစ်ကောင်သား ရန်ဖြစ်တော့တာပါပဲ ။ မစ်ကီက.တခြားကလေးတွေပါထိမှာစိုးလို့ သူ့မှာ ဒီဘက်က ကျန်တဲ့ကလေးတွေနားမှာ နေလိုက် ။ မီရှယ်လစ်တာနဲ့ သူ့ကလေးလေးကို သွားယူလာလိုက် နဲ့ဗျာများနေရတယ် ။ မီရှယ်လ်ကလဲ သူ့ကလေးဆိုပြီး ပြန်ပြန်လာယူတယ် ။ ကျွန်မတို့ မောင်နှမတစ်အုပ်မှာတော့ ဘာလုပ်ရမယ်မှန်းတောင် မသိတော့ဘူး ။ နှစ်ကောင်စလုံးကိုသနားတယ် ။ အစာလဲ ကောင်းကောင်းမစားနိုင်ကြရှာဘူး ။ လစ်တာနဲ့ ကလေးကို သွားပြန်ယူလာလိုက် တစ်ကောင်ကလဲ သိတာနဲ့ ပြန်ရန်လာလုပ်ယူလိုက်နဲ့ပေါ့။
မစ်ကီအနေနဲ့ကလဲ သူ့ကလေးလေးမို့ စိုးရိမ်စိတ် ချစ်စိတ်တွေအပြင် တခြားကလေးတွေကိုပါ ထိလာမှာလဲ စိတ်ပူနေရှာတာ ။ တော်တော်သနားစရာကောင်းပါတယ် ။
မီရှယ်လ်လေးကျတော့ သူ့ကလေးလေး ဆုံးရှုံးထားတာမသိတော့ သူ့ကလေးလေးမှတ်ပြီး နို့တိုက်နေပုံ ကြည့်မိတော့ ဘယ်လိုမှ ထိန်းမရဘူး ။ မျက်ရည်တောင်ဝဲတယ် ။
ဘယ်လိုလုပ်ပေးရမယ်မှန်းလဲ မသိတော့ဘူးလေ ။ မြင်ကွင်းကို ကြည့်နေရတာ စိတ်မချမ်းသာစရာပေါ့ ။
နောက်ဆုံးတော့ အဲဒီခွေးကလေးလေး သေသွားရော ။ ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်ဆိုတော့ သူလဲ ဘယ်လောက်များ စိတ်ညစ်လိုက်မလဲနော် ။
မစ်ကီအနေနဲ့လဲ ဘယ်ဘ၀က၀ဋ္ဋ်ကြွေးပါလိမ့်နော် ။ သူ့သားသမီးကို လုယူခြင်းခံရတယ် ။ သူ့ရင်ထဲမှာ ဗလောင်ဆူနေမှာ သေချာတာပေါ့ ။
ဘာပြောပြော .သက်ရှိဟူသမျှ မေတ္တာစိတ်ရှိကြစမြဲပါ ။ အဲဒီလို မေတ္တာတွေထဲမှာ မိခင်မေတ္တာလောက် အေးမြပြီး သားသမီးအပေါ် လုံခြုံမှု့ပေးစေတာ မိခင်တိုင်း ရင်ထဲမှာ စိုးရိမ်ကြောင့်ကြမှု့တွေနဲ့ ပြည့်နေတာ မရှိဘူးနော် ။
ကိုယ့်သားသမီးကို ဘေးအန္တာရယ်ကနေ ကာကွယ်နေကြတာ ၊ စိုးရိမ်ပေးတာတွေဟာ ကိုယ်ဝန်တည်ရှိကတည်းကနေ မွေးဖွားလာရာမှ ဘယ်လောက်ပဲ လူလာမြောက်ကြီးလာပစေ ကလေးတစ်ယောက်လို အမြဲမပြတ် ကာကွယ်နေပေးဆဲနော် ။
မိခင်ဆိုတဲ့ စိတ်ဟာ ဘယ်အရာကိုမှ ကြောက်ရွံစေခြင်းမရှိတော့ဘူးနော် ။
အမေကို ပိုမိုသိတတ်ချစ်ကြရအောင်နော် ။ အမေ စိတ်ဆင်းရဲစေမဲ့ ကိစ္စကို တတ်နိုင်သမျှ ရှောင်ကာ စိုးရိမ်မှု့တွေ မလုပ်ကြရအောင်နော် ။
အမေတိုင်းကို ရိုသေစွာ ကန်တော့လျက်..........
ဒီနေ့ ဘာရေးရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတုန်း သူငယ်ချင်း လေလွင့်သူပြောတဲ့ ကျွန်မမွေးရပ်မြို့ အကြောင်းလေးသိချင်တယ်ဆိုတာကို သတိရသွားတယ် ။ ကျွန်မရဲ့မွေးရပ်မြေအကြောင်းရေးရင်း ထပ်စဉ်းစားမိလာတာက နိုင်ငံတိုင်း လူမျိုးတိုင်းမှာ သူ့ဓလေ့နဲ့ သူ့ရိုးရာရှိကြတယ်နော် ။ ပြီးတော့" တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း " ဆိုတဲ့စကားလေးအတိုင်း ကျွန်မတို့မြို့ ရိုးရာဓလေ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ် ။
ဒီနေ့တော့ စစချင်း အပိုင်း(၁) အနေဇြင့် ကျွန်မတို့မြို့လေးရဲ့ တည်နေပုံလေးကို ပြောပြချင်တယ် ။ ကဲ သူငယ်ချင်းတို့ရေ သွားကြရအောင် မြို့လေးဆီသို့
ကလောမြို့ကိုရောက်ပြီဆိုတာနဲ့ ကျွန်မမွေးရပ်မြေကို သွားဖို့ လမ်းရွေးရပါတော့တယ် ။ ကလောမြို့အထွက်ရောက်တာနဲ့ အောင်ဘန်း- တောင်ကြီးသွားလမ်းနှင့် ပင်လောင်း-လွိုင်ကော်သွားလမ်းဆိုပြီး လမ်းခွဲလေးတွေ့ပါလိမ့်မည် ။ ပင်လောင်း -လွိုင်ကော် သွားလမ်းကနေ ပအိုဝ့်ရွာငယ်လေးတွေကို ဇြတ်ကျော်လာရင်း ကလောမြို့နယ်ကနေ စရေတွက်ရင်း ၄၂မိုင်အရောက်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၀၀အမြင့်မှာတည်ရှိနေသလို တောင်ပတ်လည်တွေ ၀န်းရံနေသော မထင်မှတ်ပဲ မြို့ငယ်လေးကို တွေရပါလိမ့်မယ် ။အဲဒါကျွန်မတို့မြို့ရဲ့ ထူးခြားချက်လေးပါ ။ အဲဒီနယ်မြေကို မရောက်ဖူးသူများဆိုလျှင် ထင်မှတ်ထားမည် မဟုတ်ချေ ။ ရွာငယ်လေးတွေကို ဖြတ်လာရင်း မြို့လေးက တောင်ကြောအကွေ့မှာ ဘွားကနဲ့ ပေါ်ထွက်လာခြင်း ဇြစ်တာကိုး ။ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ၃၉ မိုင်ပဲ ကွာဝေးပါတယ် ။ ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ်ရဲ့ နယ်စပ်မြို့ဆိုလဲမမှားပါဘူး ။
မြို့နာမည်လေး ပင်လောင်းဆိုတာက မြန်မာအသံလိုထွက်တာဇြစ်ပြီး ရှမ်းလိုအသံထွက်ရင် " pan loung ( ပန်လောဝ်)" လို့ အသံထွက်ရပါတယ် ။
ဒီမြို့ငယ်လေးမှာအဓိက ပတ်လည်နေသော တောင်တွေထဲကနေ အဓိကတောင်ကြီးကတော့ အရှေ့ဘက်အရပ်မှာရှိနေတဲ့ လွယ်မောင်းလို့ အမည်တွင်တဲ့ တောင်ကြီးပေါ့ ။ ဒီတောင်ထိပ်ပေါ်ကနေ ကြည့်ရင် အင်းလေး ( အင်းစပ် ) ကို မြင်ရပါတယ် ။ တောင်ဘက်အရပ်မှာရှိတဲ့ ဂျူးလို့ခေါ်တဲ့ တောင်ကျတော့ တော်တော်လေးလှပါတယ် ။ ဒီတော တောင်တွေမှာ ဂူတွေတော်တော်များတယ်လို့ လူကြီးသူမတွေပြောပြလို့ သိရှိရပါတယ် ။ ယခင် ဂျပန်ခေတ်ဆိုလျှင် ဒီတောတောင်ထဲကဂူတွေဆီမှာပဲ ပုန်းရှောင်ကြရပါတယ်တဲ့ ။
ဒီမြို့ငယ်လေးမှာ ရှမ်း ၊ ပအိုဝ့် လူမျိုး အများဆုံး ( ပအိုဝ့်တိုင်းရင်းသားပိုများမယ် ) နေထိုင်ကြပါတယ် ။ တခြား ဓနု၊ တောင်ရိုး ၊ပလောင် ၊ ဗမာ လူမျိုး တို့လဲ နေထိုင်ကြတယ် ။ ဒီမြို့ငယ်လေးမှာ ရပ်ကွက်ကြီး (၆) ရပ်ကွက် ရှိတယ် ။ ကျွန်မကတော့ အနောက်ရပ်ကွက်သူပေါ့ ။
ရာသီဥတုအနေနဲ့ တောင်ပတ်လည်ဝိုင်းနေလို့ထင်ပါရဲ့ အမြဲအေးနေတာပဲ ။ နွေရာသီဆိုပေမဲ့ အနွေးထည် ခပ်ပါးပါးလောက်တော့ ၀တ်ထားရသေးတယ် ။ မိုးရာသီဆိုရင် တမိုးတွင်းလုံး နေ့ညမပြတ် ရွာနေတော့တာပါပဲ။ နေထွက်ဖို့ဆိုတာ ဝေးရော ။ တစိမ့်စိမ့် နဲ့ မပြတ်ရွာနေပုံများ မြို့ခံလူတွေ ပြောသလိုပြောရရင် လူပျင်းမိုးပေါ့ ။ တနေကုန် ၀ုန်းသုန်းကြဲ သည်းသည်းမဲမဲ ရွာတာလဲမဟုတ်ပဲ တစိမ့်စိမ့်ရွာနေတော့လေ အ၀တ်တွေလဲမခြောက် ၊ စိုထိုင်းထိုင်းနဲ့နေရတာ တမျိုးတော့ တစ်မျိုးလေးပါပဲ ။( ဒီခံစားချက်ကလေးကို ဘယ်လိုပြောပြရမှန်း မသိဘူး ။ ) ညလူခြေတိတ်ချိန်ရောက်ရင်တော့ မိုးရွာသွန်းပုံက ရေသွန်ချသလိုပါပဲ ။ ဆောင်းတွင်းဆိုရင် မနက်ဆိုလျှင်ဘာမှမမြင်ရဘူး။ မြူတွေဆိုင်းနေတာများ ထူပိန်းနေတာပဲ ။ နေကလဲတော်တော်နဲ့ မထွက်တော့ဘူး ။ ရှမ်းပြည်တောင်ပိုင်းမှာ အအေးဆုံးမြို့လို့ြေ့ပာကြပါတယ် ။
မြို့လေးမှာ ငါးရက်တစ်ဈေးဖြစ်ပါတယ် ။ ဈေးနေ့ဆိုလျှင် မြို့ပတ်လည် ရွာပေါင်းစုံမှ တိုင်းရင်းသားတွေ လာရောက်ရောင်းဝယ်ဖောက်ကား ကြပါတယ် ။ ဈေးနေ့ဆို မြို့ပေါ်မှာ လူတွေအများကြီးပဲ ။ အင်မတန်မှလဲ စည်ကားပါတယ် ။
ပအိုဝ့်တိုင်းရင်းသားတွေက သိပ်ချီးကျူးစရာကောင်းတယ် ။ သူတို့ရိုးရာ ၀တ်စုံကို မြတ်မြတ်နိုးနိုး အမြဲဝတ်ဆင်ကြဆဲ ။
ကျွန်မတို့မြို့ အဓိကစိုက်ပျိုး စီးပွားရေးကတော့ လက်ဖက်ခြောက်ပါပဲ ။ တော်တော်များများက ပင်လောင်းမြို့ဆိုသည်နှင့် " သြော်..သိတယ် ပင်လောင်းလက်ဖက်ခြောက်လေ " လို့ပြောကြတဲ့အထိပါပဲ ။ နောက် သစ်တော်သီး ၊ လိမ္မော်သီး ၊တညင်း ၊ ဂေါ်ဖီ အဓိက စိုက်ပျိုးကြပါတယ် ။ တစ်ခြားစီပွားရေးလုပ်ငန်းများလဲ လုပ်ကိုင်ကြပါတယ် ။
ဘာကြောင့် ပင်လောင်းလက်ဖက်ခြောက်လို့ နာမည်ကြီးတာဆိုတော့ ကျွန်မတို့မြို့လက်ဖက်ခြောက် လုပ်နည်းလေး သိသလောက်မျှဝေလိုက်ပါတယ် ။ ဆောင်းအကုန် နွေအကူးမှာ ခူးဆွတ်ထားတဲ့ လက်ဖက်ရွက်တွေကို ဖျာပေါ်တွင် စုပုံပြီး ရေစွတ်ကာ ( စွတ်ရုံလေးသာ) လိမ့်ရပါတယ် ။ နောက် နေပူလှမ်းပါတယ် ။ အဲဒီနောက် ခြောက်သွားပါက ရောင်းချရန် အဆင်သင့်ဖြစ်နေပါပြီ ။ အဲဒီလက်ဖက်ခြောက်က နေရောင်ဖြင့် ခြောက်လို့ ရွှေဖီမိုးလွတ်လို့ခေါ်ပြီး အကောင်းဆုံးပါပဲ ။ တချို့ လက်ဖက်ခြောက်များကိုတော့ မိုးတွင်းရောက်ချိန်တွင်လည်းကောင်း ၊ မိုးမိသွားလို့လည်းကောင်း မီးဖြင့် ကျပ်ခိုးတင် ခြောက်စေချင်းဖြစ်လို့ လက်ဖက်နံ့ထက် ကျပ်ခိုးငွေ့နံ့ ထွက်နေသဇြင့် ရွှေဖီခြောက်လောက် ဈေးမကောင်းပါ ။
လိမ္မော်ခြံ လုပ်မည်ဆိုရင် တော်တော်လေး ဂရုစိုက်ရပါလိမ့်မည် ။ သစ်တော်ကတော့ ဒီအတိုင်းလေးပစ်ထားလဲ အချိန်တန် သီးနေပါတော့တယ် ။
ကျွန်မတို့ရှမ်းပြည်မြေဟာ အနီရောင်ဖြစ်ပါတယ် ။ ဒီမြေဆီနီဟာ အင်မတန်မှ စိုက်ပျိုးလို့ကောင်းတဲ့ သဘာဝပေး မြေသြဇာပါ ။
ကဲ..ဒီနေ့တော့ ဒီမှာပဲနားလိုက်ပါမယ် ။ နောက်နေ့မှ ဓလေ့ရိုးရာပွဲတွေကို တစ်ခုစီ ဖော်ပြပေးပါမယ် ။ ကျွန်မထံတွင် ဓာတ်ပုံများ မရှိနေပါသဇြင့် ပူးတွဲမဖော်ပြနိုင်တာ စိတ်မကောင်းပါဘူး ။ ပုံလေးတွေနဲ့ဆိုတော့ ပိုကောင်းတာပေါ့နော် ။ နောက်အလျင်သင့်ရင်း တင်ပေးပါမည် ။

( ဒေါင်းဖြူလေးကိုတွေ့ရင် ကံကောင်းတယ်တဲ့ ။ ဒါကြောင့် ဒေါင်းဖြူပုံလေး ပို့လိုက်တယ်နော် )
်ဇန်န၀ါရီလ(၈)ရက်နေ့ ရောက်ပြီ ။ ဒီနေ့က ကျွန်မရဲ့ မကြီးဇင်မာ မွေးနေ့လေးပေါ့ ။ အမကြီးတော့အမိအရာတဲ့ ။ ဒီစကားသိပ်မှန်တာပဲ ။ မကြီးက အိမ်မှာဦးဆောင်နိုင်သလို မောင်နှမတွေပေါ်မှာလဲ အကြီးပီသအောင်နေတယ် ။ ကျွန်မတို့မောင်နှမတွေမှာ ညီမသုံးယောက်က တစ်ယောက်နဲ့တစ်ယောက် အသက်သိပ်မကွာကြတော့ သူငယ်ချင်းလိုပေါင်းတယ် ။ တိုင်ပင်လို့ရတယ် ။ မောင်လေးနဲ့ကျတော့ အသက်ကွာသွားတော့ သူ့ကျတော့ ကလေးလေးလို သဘောထားရပြန်ရော ။
မကြီးဇင်မာက အကြီးဆုံးသမီးဇြစ်လို့လား မသိဘူး ။ အိမ်အတွက်တအား စိတ်ပူတယ် ။ မောင်နှမတွေအတွက် စိတ်မချနိုင်သေးဘူး ။
( ဘယ်လောက်ထိများ စိတ်မချသလဲဆိုရင် အခုထိ သူ့ချစ်သူနဲ့ ကိုယ်ပိုင်ဘ၀ကို မတည်ဆောက်သေးဘူး ။ )
မကြီးပုံစံက ခပ်တည်တည်နဲ့တော့ နေတတ်တယ် ။ ဒါပေမဲ့ စိတ်ထားကောင်းပြီး လူချစ်လူခင်ပေါတယ် ။
ကျွန်မအတွက် သူ လုပ်ပေးခဲ့တာ အများကြီးပဲ ။ စိတ်ပူပေးခဲ့ ၊ လိုအပ်မှု့တွေကို ပြီးပြည့်စုံအောင် ဖြည့်ပေးတယ်နော် ။ ကျေးဇူးတင်ပါတယ် မကြီးရာ ။ တာဝန်တွေ ကျေပွန်နေရုံမကဘူး ပိုလျှံနေပါတယ် ။
" ဘ၀တစ်လျှောက်လုံး စိတ်ချမ်းသာမှု့ အပြည့်ရပါစေလို့ ဆုမွန်တောင်းပါတယ် "
အချစ်ဆိုတဲ့ အရာကို နားမလည်ခင်က ဘ၀မှာမလိုအပ်ဘူး ၊ အပိုအလုပ်တွေလို့ ထင်မြင်ခဲ့တဲ့ငါဟာ မထင်မှတ်ပဲ မင်းနဲ့ဆုံတွေ့မှ ခင်မင်မှု့အတိုင်းအတာတစ်ခုကနေ သံဃောဇဉ်ဆိုတဲ့ကြိုးလေး.တစ်ချောင်းအစပြုပြီး အချစ်ဆိုတဲ့အရာကို ခံစားတတ်လာတယ် ။ အရာရာဟာ လှပလာခဲ့တယ် ။ ပိုပြီးပြည့်စုံလာခဲ့တယ် ။ မျှော်လင့်ချက်တွေ ထားတတ်လာခဲ့တယ် ။ အချစ်ဆိုတဲ့အရာက နူးညံ့ပြီး ကြည်နူးစရာ ကောင်းလှတယ်နော်။။။။။
ဲ အချစ်ကြောင့် နာကျင်စွာခံစားရတတ်တယ် ဆိုတဲ့အကြောင်းအရာလေးတစ်ခုကိုတော့ ငါမေ့နေမိတယ် ။ ငါဟာ အချစ်ကိုမခံစားတတ်ခင်မှာရော ခံစားတတ်လာတဲ့အချိန်မှာပါ ဒီအချစ်ကြောင့် ခံစားရလိုက်မယ်လို့ မမျှော်လင့်မိဘူး ။ သိပ်ခါးသီးလွန်းတယ်ကွာ ။ ငါမလိုချင်ဘူး ဒီနာကျင်စွာခံစားရမှု့တွေကို မုန်းတယ် ။။။။။။
ဘာကြောင့်လဲကွာ ။ မချစ်တတ်တဲ့ ငါ့ကို ချစ်တတ်အောင် သင်ပေးတယ် ။ အချစ်ဆိုတာ ခံစားသိရှိလာခဲ့တဲ့အချိန်မှာ ဘာလို့တစ်ခါတည်း နာကျင်ခံစားရအောင်လုပ်ရတာလဲ ။ အခုမှ အချစ်ဆိုတာကို နားလည်တတ်တာလေ ။။။။။။။။
ပျော်ရွှင်နေတဲ့ လွတ်လပ်မှု့ပေါ့ပါးတဲ့ အပူအပင်ကင်းနေတဲ့ ငါ့ဘ၀ထဲကို ၀င်လာပြီးမှ ဖြူစင်စွာ မောင်နှမသံဃောဖဉ်ထားတာပါလို့ မင်းနှုတ်ဖျားက ပေါ့ပေါ့ပါးပါး ပြောထွက်နိုင်ခဲ့တယ်နော်။။။။
ငါငိုကြွေးတာကိုပဲ လူတွေမြင်ပေမဲ့ နာကျင်အောင်ခံစားရတဲ့ ငါ့နှလုံးသားက ငိုကြွေးသံကိုတော့ ဘယ်သူ့မှ မမြင်နိုင် / မကြားနိုင်ဘူးနော်။။။။
မင်းကိုချစ်မိတာ တစ်ခုလေးနဲ့တင် မင်းမကြိုက်တဲ့ အရာမှန်သမျှ အဝေးလွင့်ပစ်ခဲ့တာတွေ ၊ မင်းဇြစ်စေချင် လုပ်စေချင်တဲ့ အရာတွေကို တိတ်တခိုးပြုပြင်ပြောင်းလဲပေးခဲ့တာတွေ ၊ မင်းအတွက် မင်းလိုအပ်မယ်ထင်တဲ့ အရာလေးတွေကို လုပ်ပေးချင်ခဲ့တာတွေဟာ ငါအပေါ်ယံကြောနဲ့ လုပ်ခဲ့တာမဟုတ်ဘူး ။ မင်းကိုချစ်မိလို့ အလိုလိုနေရင်း မင်းစကားအတိုင်း နားထောင်မိခဲ့တာပါ ။
မင်းရင်ထဲမှာ ငါါ့အတွက်ခံစားမှု့တစ်ခုတော့ ဖြစ်တည်ခဲ့ဖူးတယ်ဆိုရင် မင်းအတွက် ငါအရာအားလုံးရင်ဆိုင်မယ် ဆိုတဲ့ ငါ့ဆုံးဖြတ်ချက်ကို မပြောပဲ နားလည်တတ်ပါစေ။။
ကျွန်မဒီဘလော့ဂ်လေးကို မရေးခင်ကတည်းက စိတ်ထဲမှာတစ်ခုခု ဖြစ်တိုင်း ပျော်ရွှင်သည်ဖြစ်စေ ၀မ်းနည်းသည်ဖြစ်စေ စာအုပ်ပေါ်မှာ ချရေးတတ်တာ (ဒိုင်ယာရီသဘောမျိုးတော့မဟုတ်ပါဘူး ) အကျင့်တစ်ခုဖြစ်ခဲ့ပါတယ် ။ ကျွန်မဘလောဂ်ကိုရေးတယ် ဆိုတာကလဲ ကျွန်မခံစားမှု့ / ခံစားရမှု့တစ်ခုကို ရေးသားတာပါ ။ အမှန်တကယ်လဲ ဘာမှနားမလည်ပါဘူး ။ စိတ်ထဲမှာရှိနေတာလေး တစ်ခုကို ဒီအတိုင်းလေးချရေးယုံသက်သက်ပါ ။ သူငယ်ချင်းလြဲေ့ပာပါတယ် အားပေးပါတယ် ။ သူများဘလောဂ်တွေကိုလိုက်ဖတ် လေ့လာပြီး ရေးသားပါတဲ့ ကြာလာရင်ရေးတတ်လာမယ် ။ ဒါပေမဲ့ ကျွန်မစည်းဘောင်နဲ့ ဖတ်ပြီးရင်ဘာတွေ ကျန်ခဲ့နိုင်တယ် / ရသွားတယ် ဆိုတာမျိုး
မရေးတတ်ဘူး ။ ကျွန်မစိတ်ထဲမှာ လက်ရှိခံစားနေရတာလေးကိုပဲ ချရေးလိုက်ရုံသက်သက်လေးပါပဲ ။ အဲဒီအတွက် လာရောက်ဖတ်ပြီး ဘာမှမပေးနိုင်တာကိုလဲ စိတ်မကောင်းဇြစ်ရပါတယ် ။ သူငယ်ချင်းတွေက ကောင်းစေချင်တဲ့ စေတနာတစ်ခုနဲ့ြေ့ပာကြသင်ပြပေးတာကို နားလည်သဘောပေါက်ပေမဲ့ စိတ်ထဲအတိုင်းရေးတတ်တဲ့ ကျွန်မအတွက် မလွယ်ကူပါဘူး ။ ကျွန်မခံစားရသမျှကိုသာ ချရေးမှာသာဖြစ်ပါတယ် ။ ဒီအတိုင်းလေးပဲ ဆက်ရေးနေမှာပါပဲ ။ ကဲ သူငယ်ချင်းတို့ရေ နားလည်ပေးပါကွာ ။
ဒီစကားလုံးက လူတိုင်းနဲ့ မကင်းကွာလှပါဘူးနော် ။ သက်ရှိမှန်သမျှမှာ.မျှော်လင့်ချက်ကိုယ်စီရှိတတ် / ရှိကြပါတယ် ။ မျှော်လင့်ချက်နဲ့ ရှင်သန်နေကြရတာပါ ။ ကျွန်မသူငယ်ချင်း လေလွင့်သူ ( http://tamoeoutkabar.ning.com ) ရေးတဲ့ စဉ်းစားစရာ( ၁ ) မှာ ဒီမျှော်လင့်ခြင်းနဲ့ ပက်သက်ပြီး ရေးထားတာကို ဖတ်ပြီးကတည်း ရေးချင်နေတာ ။ လေလွင့်သူရေးသလိုပါပဲ
" လူတွေကို သူတို့မျှော်လင့်ထားတာထက် ပိုပေးလိုက်စမ်းပါ ။ ပေးတဲ့အခါလည်း ကြည်ကြည်ဖြူဖြူရှိနေပါစေနော် " တဲ့ ။
သိပ်ကောင်းတဲ့ စာကြောင်းလေးပါ ။ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ ဆိုတာကို မငြင်းနိုင်ပါဘူး ။ ဖက်တွယ်လို့ရသမျှ မျှော်လင့်မှု့ကို တောင့်တနေကြတာပါပဲ ။ ဒီလိုပဲ ရရှိသွားတဲ့အခါမှာ ခံစားရတဲ့ ပျော်ရွင်မှု့ဟာ ဘယ်အရာမှ မနှိုင်းယှဉ်နိုင်ပါဘူး ။ အဆုံးစွန်ထိ / နောက်ဆုံးချိန်ထိ မျှော်လင့်နေကြဆဲသူတွေလည်း လောကမှာ အများကြီးပါ ။ ကမ္ဘာပေါ်တွင် နေရာဒေသအသီးသီးမှာ အစာရေစာအတွက် နေရာထိုင်ခင်းအတွက် မျှော်လင့်ချက်များစွာနဲ့ အသက်ကိုခဲယဉ်းစွာ ရှင်သန်နေသောသူတွေ အများကြီးပါလားနော်။
တခါတရံ ကျွန်မ မျှော်လင့်နေတာတွေ ဖြစ်မလာရင် ၀မ်းနည်းရမှု့တွေဟာ သူတို့မျှော်လင့်နေတာတွေနဲ့ နှိုင်းယှဉ်ရင် တကယ့် ဘာမှမဟုတ်တဲ့ သေးမွှားတဲ့မျှော်လင့်မှု့တစ်ခုပါလား ဆိုတာတွေးမိတယ် ။ သက်ရှိတိုင်း ကိုယ်မျှော်လင့်နေတဲ့. အရာလေးဖြစ်မလာဘူးဆိုရင် သိပ်မ၀မ်းနည်းကြပါနဲ့နော် ။ ကျွန်မတို့ထက် မရှိမဖြစ်လိုအပ်တဲ့ မျှော်လင့်မှု့ကို ရယူသွားနိုင်သူတွေရဲ့ ပျော်ရွှင်မှု့ကို ဝေမျှခံယူကြရအောင် / ဒီလိုပဲ မရှိမဖြစ်လိုအပ်မှု့ကို မမျှော်လင့်နိုင်တော့တဲ့ သူတွေကိုလဲ ကိုယ်ချင်းစာကြရအောင် ။ လူတိုင်းကို မျှော်လင့်ချက်မဲ့ မသွားစေချင်ပါဘူး။ ဒါပေမဲ့ ကံတရားကပေးသလောက်ပေါ့နော် ။ ကျွန်မဆိုရင်လဲ မျှော်လင့်ချက်ထားလိုက်တိုင်း ဇြစ်မလာတတ်တော့ ဖြစ်မလာတဲ့အခါ စိတ်ပျက်သွားမိပေမဲ့ ဇြေသိမ့်နိုင်လာတယ် ။ မထိုက်တန်သေးလို့ ချိန်မကျရောက်သေးလို့ပဲ တွေးမိလိုက်ပါတော့ ။ သူတပါးလိုချင်တယ်ဆိုရင် တတ်နိုင်သလောက်လေး ကူညီဖြည့်ဆည်းပေးလိုက်ရင်းပဲ ရရှိသွားတဲ့အခါမှာ သူတို့ရဲ့ပျော်ရွှင်မှု့ကလဲ ကိုယ်ပျော်ရွှင်မှု့လေပဲပေါ့ ။ ကျွန်မအတွက်ကတော့ မျှော်လင့်မှု့ဆိုတာ ကျွန်မသူငယ်ချင်းတစ်ယောက် ပြောဖူးသလိုပါပဲ မျှော်ရင်လင့်တတ်တဲ့ မျှော်လင့်မှု့လေးတစ်ခုပါပဲ ။။။။။။

(ဟဲဟဲ သူတို့ရိုးရာဝတ်စုံနဲ့သူတို့ကျတော့လည်း ဘယ်လိုကြည့်ကြည့်.ချောနေလို့ ရိုက်ထားတာ)

(ရိုးရာမုန့်လုပ်နေတာလေ မြင်ရတာတော့ မြန်မာကရေမုန့်နဲ့ တူတယ် ။ )


(ဒီဆိုင်ကမစားလိုက်ရတဲ့.ကြိုက်လှပါတယ်ဆိုတဲ့ Shawama ဆိုင်လေးပါ)




ံ၂၀၀၉ခုနှစ်မှာ အားလုံးပဲစိတ်ချမ်းသာကြပါစေ ။ အောင်မြင်မှု့တွေဆထက်တပိုးရကြပါစေလို့ ဆုတောင်းပေးပါတယ် ။
၂၀၀၈ခုနှစ်တော့ကျန်ခဲ့ပြီ ။ ပျော်ရလိုက် စိတ်ညစ်ရလိုက်နဲ့ ငိုတလှည့် ရယ်တစ်ခါကျော်ဖြတ်ခဲ့ပြီးပြီ ။
၂၀၀၉ခုနှစ်အတွက်လိုအပ်တဲ့ အားနည်းချက်တွေကိုပြင်ဆင်ထားပါတယ် ။ အဲ.ဒါပေမဲ့ဒီဇင်ဘာ၃၁ ရက်ညကိုတော့ ထုံးစံအတိုင်း တစ်လွဲတစ်ချော်ကိုးယို့ကားယားနဲ့ဖြတ်ကျော်ခဲ့ပါတော့တယ် ။ အစကတော့ new year ညကိုဘယ်မှမသွားဘူး ။ အိမ်မှာပဲနေမယ်စိတ်ကူးတယ်လေ ။ သူငယ်ချင်းကိုလဲဘယ်မှမသွားပါနဲ့လားလို့ ကိုယ်ကပြောထားလိုက်သေးတယ် ။ :)
ရုံးမှာရှိနေတုန်း အဒေါ်ကဖုန်းဆက်လာတယ် Global Village သွားရအောင်တဲ့ ။ အိုကေပေါ့  ဘလော့ဂ်အတွက်ရေးစရာရတာပေါ့လို့တောင် တွေးမိလိုက်သေးတယ် (တကယ်လဲရေးလိုက်တယ်နော်) သူငယ်ချင်းကိုတော့ ညအမှီပြန်လာမယ်လို့ သွားစကားခံလိုက်သေးတယ် ။
မြူတွေတအားကျနေတာပဲ ၊ အေးကလဲအေးနဲ့ မောင်နှမလေးယောက်သွားကြတာပေါ့ ။ ရောက်ပါပြီ global village
ပွဲဈေးတန်းကို ရောက်သွားသလိုပဲ ။ ကစားကွင်းနဲ့ နိုင်ငံပေါင်းစုံတွေရဲ့ဈေးဆိုင်တန်းလေးတွေက ကွင်းပြင်ကျယ်ကြီးမှာလုပ်ထားကိုး။ (နာမည်တော့ကြီးသား.အခုမှရောက်ဖူး/မြင်ဖူးတာ.မြင်ရတာ.တောင်ကြီးတန်ဆောင်တိုင်လိုပဲ.တောင်ကြီးကိုတောငိ သတိရမိသေးတယ်) စတွေ့တာကတော့ ချက်ကရီလို့ခေါ်တဲ့စက်ဘီးယာဉ်လေးတွေပါပဲ တစ်ယောက်ကိုAED.5ပေးရပါတယ် ။
(AED ဆိုသည်မှာ UAE နိုင်ငံသုံးငွေကြေးဖြစ်ပါသည် ။ ) စီးတော့မစီးခဲ့ဘူး ။
ဝင်ကြေးကတော့ တစ်ယောက်ကို AED. 10 ပေးရပါတယ် ။
(ဖြတ်ပိုင်းလက်မှတ်လေးကိုတောင် အမှတ်တရသိမ်းထားလိုက်တယ် ၀ါသနာအရလေ)
အထဲလဲရောက်ရော အားလုံးလိုလိုကတော့ ဈေးဆိုင်တန်းလေးတွေပဲ ။ နိုင်ငံအလိုက်ရိုးရာပစ္စည်းများတွေ ၊ တခြားအသုံးအဆောင်၊ စားသောက်ဖွယ်ရာတွေကို ရောင်းချကြတာပါ ။ ဈေးတော့ကြီးတယ် ဘယ်လောက်ဈေးကြီးသလဲဆို ကျွန်မသိပ်ကြိုက်တဲ့ အာရပ်အစားစာတစ်ခုဇြစ်တဲ့ Shawama ကို အပြင်မှာဝယ်စားရင် တစ်ခုမှ AED.3 ပါ ။ ဒီမှာတော့ AED.10. တဲ့ တော်ပြီ ၀ယ်မစားတော့ဘူး ။ ဘာမှမ၀ယ်ရဲဘူး ၊ တွေ့သမျှငေးတယ် ၊ဓာတ်ပုံတွေရိုက်တယ် ။ :)
ဆိုင်တော်တော်များများက အမွှေးနံ့သာတွေ ရောင်းချတာများတယ် ။ မွှေးကြိုင်နေတာပဲ မူးတောင်မူးတယ် ။
နောက်ရှိသေးတယ် မောင်နှမတွေချားစီးချင်တဲ့ ကိစ္စပေါ့ ။ ရေးထားတာက Token တစ်စောင်ကို AED.5 ချားစီးလျှင် လေးစောင်ဝယ်ရန် လိုတယ်ဆိုတော့ AED.20 ဇြစ်သွားရော ။(မြန်မာငွေနဲ့တွက်ရင် ခုနှစ်သောင်း ဘုရားရေ တော်ပြီမစီးတော့ဘူး ။ )
ဒါကြောင့်စီးမလာခဲ့ပါဘူး ၊ ချားကြီးကို သွားလည်ပြီး ဓာတ်ပုံသာရိုက်ပြန်လာခဲ့တဲ့ကျွန်မပါ ။
ပြန်လာပါပြီ ည၁၂နာရီကိုတော့ ကားပေါ်မှာပါပဲ ။ လမ်းမှားနေလို့ ပြန်မရောက်ပဲ ကားပေါ်တင် New Year ပေါ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး နှုတ်ဆက်တာမကသေးဘူး ။ ပြောလိုက်သေးတယ် သူ့ရဲ့new year ၁၂ချိန်အမှီ အိမ်ပြန်လာမယ်လို့
အဲဒီလိုပြောမိတဲ့အတွက် ကျွန်မကမ်းခြေကိုသွားမဲ့ မောင်နှမတွေနဲ့ ဆက်မလိုက်သွားတော့ပဲ ။
ည၁၂နာရီကျော်ကျော်မှာ ကမ်းခြေနဲ့ အိမ်အထိ မိနစ်၃၀ကျော်ကျော် လမ်းလျှောက်ပြန်ခဲ့ရပါတယ် ။ အေးလှတဲ့ ဒီဇင်ဘာညမှာ ကျွန်မတယောက်ထဲ ချွေးတွေထွက်နေပါရဲ့ တော်ပါသေးတယ် မှီပေလို့ ။
ကျွန်မရဲ့ ဒီ2009 new year ညကတော့ အမှတ်တရပါပဲ ။