ကျွန်မဒီဘလော့ဂ်လေးကို မရေးခင်ကတည်းက စိတ်ထဲမှာတစ်ခုခု ဖြစ်တိုင်း ပျော်ရွှင်သည်ဖြစ်စေ ၀မ်းနည်းသည်ဖြစ်စေ စာအုပ်ပေါ်မှာ ချရေးတတ်တာ (ဒိုင်ယာရီသဘောမျိုးတော့မဟုတ်ပါဘူး ) အကျင့်တစ်ခုဖြစ်ခဲ့ပါတယ် ။ ကျွန်မဘလောဂ်ကိုရေးတယ် ဆိုတာကလဲ ကျွန်မခံစားမှု့ / ခံစားရမှု့တစ်ခုကို ရေးသားတာပါ ။ အမှန်တကယ်လဲ ဘာမှနားမလည်ပါဘူး ။ စိတ်ထဲမှာရှိနေတာလေး တစ်ခုကို ဒီအတိုင်းလေးချရေးယုံသက်သက်ပါ ။ သူငယ်ချင်းလြဲေ့ပာပါတယ် အားပေးပါတယ် ။ သူများဘလောဂ်တွေကိုလိုက်ဖတ် လေ့လာပြီး ရေးသားပါတဲ့ ကြာလာရင်ရေးတတ်လာမယ် ။ ဒါပေမဲ့ ကျွန်မစည်းဘောင်နဲ့ ဖတ်ပြီးရင်ဘာတွေ ကျန်ခဲ့နိုင်တယ် / ရသွားတယ် ဆိုတာမျိုး
မရေးတတ်ဘူး ။ ကျွန်မစိတ်ထဲမှာ လက်ရှိခံစားနေရတာလေးကိုပဲ ချရေးလိုက်ရုံသက်သက်လေးပါပဲ ။ အဲဒီအတွက် လာရောက်ဖတ်ပြီး ဘာမှမပေးနိုင်တာကိုလဲ စိတ်မကောင်းဇြစ်ရပါတယ် ။ သူငယ်ချင်းတွေက ကောင်းစေချင်တဲ့ စေတနာတစ်ခုနဲ့ြေ့ပာကြသင်ပြပေးတာကို နားလည်သဘောပေါက်ပေမဲ့ စိတ်ထဲအတိုင်းရေးတတ်တဲ့ ကျွန်မအတွက် မလွယ်ကူပါဘူး ။ ကျွန်မခံစားရသမျှကိုသာ ချရေးမှာသာဖြစ်ပါတယ် ။ ဒီအတိုင်းလေးပဲ ဆက်ရေးနေမှာပါပဲ ။ ကဲ သူငယ်ချင်းတို့ရေ နားလည်ပေးပါကွာ ။

2 comments:

lwanthu said...

ရေးပါ ။ အားပေးတရ် ။ ဒါလည်း အင်တာနက်ပေါ်က ကိုယ့်ဒိုင်ယာရီပဲလေ ။ စိတ်ဓါတ်မကျပါနဲ့ ။ ဟိုစကားနဲ့ပြောရရင် ရဲဘော်ဆက်လုပ်ပေါ့ ။ ခံစားမှုလေးတွေကို လာလာဖတ်ပေးနေတရ်နော် ။

ရေတမာ said...

အေးပါကွာ