လူတစ်ယောက်ဟာ သူချစ်တဲ့သူ အပေါ် ပုံစံအချိုးတွေ ပြောင်းလာတာဟာ ပြောင်းလဲမိတဲ့အတွက် အပြစ်ရှိပေမဲ့ အဲဒီလို ပြောင်းလဲအောင် လုပ်ဆောင်လိုက်တဲ့ ချစ်တဲ့သူကကော အပြစ်မရှိတော့ဘူးလား ။
ဒီလိုပြောင်းလဲလိုက်လို့
" အရင်ကလို မဟုတ်တော့ဘူး ။
သံဃောဇဉ်နည်းသွားတယ် ၊
အဲဒီ မလုပ်နဲ့ " အစရှိသည်ဖြင့် အပြစ်တွေ ဆိုနေမဲ့ အစား
" ငါ, သူ့အပေါ် ဘာလုပ်မိခဲ့ပါလိမ့် ။
သူမကြိုက်တာ ဘာလုပ်ခဲ့မိပါလိမ့် ။
ငါ, သူ့အပေါ် ဂရုစိုက်ပေးတာတွေကော လျော့သွားမိသလား ။ " ဆိုတာတွေကော အရင်ဆုံး စဉ်းစားမိသင့်တယ်မဟုတ်လား ။
ပြောင်းလဲမိတယ် ဆိုတာကလဲံ ဖေးဖေးမမ နဲ့ ပြန်လည်ဂရုစိုက်ပေးရင် သစ်ပင်တွေလိုပေါ့ ပြန်လည်ရှင်သန်လာနိုင်ပါတယ် ။
အစကတည်းက မုန်းလို့ သံဃောဇဉ်ကို အပြီးဖြတ်တာမှ မဟုတ်တာ ။ ဂရုစိုက်မှု့လေး တစ်ခုကိုပိုမို လိုချင်လို့ဆိုတာ အလိုလို နားလည်လာပါလိမ့်မယ် ။
ပြောင်းလဲချင်လွန်းလို့ ပြောင်းလဲထားတာမှ မဟုတ်တာ ။ ရင်နာရတာပေါ့ ။
အမြဲကြိုက်ခဲ့တဲ့ စာသားလေးလိုပေါ့
" sometimes I hide and sometimes I run, sometimes I scared of you but all are really want is your hold tight " တဲ့ ။
ကဲ ဘယ်သူ့အမှားလဲ........? ဆိုတာ တွေးကြည့်ရအောင် ။
ခဏလေး ပြောင်းလဲကြည့်တဲ့သူမှာ အပြစ်ရှိသလား.......?
ပြောင်းလဲသွားအောင် လုပ်တဲ့သူမှာကော အပြစ်ကင်းရဲ့လား........?

( တစ်ယောက်သူသို့.........)

2 comments:

Unknown said...

သူ့ အပေါ်ဂရုစိုက်တာတွေတော့ လျော့မိ သလားဆိုတာ စဉ်းစားသင့်တာပေါ့။
စာကြောင်းရေ မများပေမဲ့ ထိရောက်တဲ့ စာသားတွေပါပဲ အစ်မ။ စကားမစပ် တယောက်သူ ဆိုတာကရော ဘယ်သူများလဲ? ပြန်လည်ရှင်သန်လာနိုင်ပါစေ..

ဘယ်သူမှတော့ အပြစ်မကင်းတတ်တာ သဘာဝ ပဲလေ။ ဒီ သဘောလေးတော့ နားလည်ပေးလိုက်ပါ အစ်မ။ စိတ်ချမ်းသာပါစေ..

ရေတမာ said...

စိတ်ကိုထိန်းပါ.........................ဒေါသကြီးပဲ