ဒီစကားလုံးက လူတိုင်းနဲ့ မကင်းကွာလှပါဘူးနော် ။ သက်ရှိမှန်သမျှမှာ.မျှော်လင့်ချက်ကိုယ်စီရှိတတ် / ရှိကြပါတယ် ။ မျှော်လင့်ချက်နဲ့ ရှင်သန်နေကြရတာပါ ။ ကျွန်မသူငယ်ချင်း လေလွင့်သူ ( http://tamoeoutkabar.ning.com ) ရေးတဲ့ စဉ်းစားစရာ( ၁ ) မှာ ဒီမျှော်လင့်ခြင်းနဲ့ ပက်သက်ပြီး ရေးထားတာကို ဖတ်ပြီးကတည်း ရေးချင်နေတာ ။ လေလွင့်သူရေးသလိုပါပဲ
" လူတွေကို သူတို့မျှော်လင့်ထားတာထက် ပိုပေးလိုက်စမ်းပါ ။ ပေးတဲ့အခါလည်း ကြည်ကြည်ဖြူဖြူရှိနေပါစေနော် " တဲ့ ။
သိပ်ကောင်းတဲ့ စာကြောင်းလေးပါ ။ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ ဆိုတာကို မငြင်းနိုင်ပါဘူး ။ ဖက်တွယ်လို့ရသမျှ မျှော်လင့်မှု့ကို တောင့်တနေကြတာပါပဲ ။ ဒီလိုပဲ ရရှိသွားတဲ့အခါမှာ ခံစားရတဲ့ ပျော်ရွင်မှု့ဟာ ဘယ်အရာမှ မနှိုင်းယှဉ်နိုင်ပါဘူး ။ အဆုံးစွန်ထိ / နောက်ဆုံးချိန်ထိ မျှော်လင့်နေကြဆဲသူတွေလည်း လောကမှာ အများကြီးပါ ။ ကမ္ဘာပေါ်တွင် နေရာဒေသအသီးသီးမှာ အစာရေစာအတွက် နေရာထိုင်ခင်းအတွက် မျှော်လင့်ချက်များစွာနဲ့ အသက်ကိုခဲယဉ်းစွာ ရှင်သန်နေသောသူတွေ အများကြီးပါလားနော်။
တခါတရံ ကျွန်မ မျှော်လင့်နေတာတွေ ဖြစ်မလာရင် ၀မ်းနည်းရမှု့တွေဟာ သူတို့မျှော်လင့်နေတာတွေနဲ့ နှိုင်းယှဉ်ရင် တကယ့် ဘာမှမဟုတ်တဲ့ သေးမွှားတဲ့မျှော်လင့်မှု့တစ်ခုပါလား ဆိုတာတွေးမိတယ် ။ သက်ရှိတိုင်း ကိုယ်မျှော်လင့်နေတဲ့. အရာလေးဖြစ်မလာဘူးဆိုရင် သိပ်မ၀မ်းနည်းကြပါနဲ့နော် ။ ကျွန်မတို့ထက် မရှိမဖြစ်လိုအပ်တဲ့ မျှော်လင့်မှု့ကို ရယူသွားနိုင်သူတွေရဲ့ ပျော်ရွှင်မှု့ကို ဝေမျှခံယူကြရအောင် / ဒီလိုပဲ မရှိမဖြစ်လိုအပ်မှု့ကို မမျှော်လင့်နိုင်တော့တဲ့ သူတွေကိုလဲ ကိုယ်ချင်းစာကြရအောင် ။ လူတိုင်းကို မျှော်လင့်ချက်မဲ့ မသွားစေချင်ပါဘူး။ ဒါပေမဲ့ ကံတရားကပေးသလောက်ပေါ့နော် ။ ကျွန်မဆိုရင်လဲ မျှော်လင့်ချက်ထားလိုက်တိုင်း ဇြစ်မလာတတ်တော့ ဖြစ်မလာတဲ့အခါ စိတ်ပျက်သွားမိပေမဲ့ ဇြေသိမ့်နိုင်လာတယ် ။ မထိုက်တန်သေးလို့ ချိန်မကျရောက်သေးလို့ပဲ တွေးမိလိုက်ပါတော့ ။ သူတပါးလိုချင်တယ်ဆိုရင် တတ်နိုင်သလောက်လေး ကူညီဖြည့်ဆည်းပေးလိုက်ရင်းပဲ ရရှိသွားတဲ့အခါမှာ သူတို့ရဲ့ပျော်ရွှင်မှု့ကလဲ ကိုယ်ပျော်ရွှင်မှု့လေပဲပေါ့ ။ ကျွန်မအတွက်ကတော့ မျှော်လင့်မှု့ဆိုတာ ကျွန်မသူငယ်ချင်းတစ်ယောက် ပြောဖူးသလိုပါပဲ မျှော်ရင်လင့်တတ်တဲ့ မျှော်လင့်မှု့လေးတစ်ခုပါပဲ ။။။။။။

2 comments:

Unknown said...

ဒါပေမယ်...ဥပမာပေါ့နော် ချစ်သူနှစ်ဦးဆိုရင်လေတစ်ယောက်နဲ့တစ်ယောက်လက်တွဲဖို့ထိမျှော်လင့် ထားတယ်။မထင်မှတ်ပဲကွဲကွာသွားကြတယ်ဆိုရင်..သူတို့နှစ်ဦးလုံးဟာ
ဝမ်းမနည်းပဲနဲ့နေရမှာလား.....သူပျော်ရွှင်ချင်တာမြင်ချင်ပေမယ့်....
သူကိုချစ်ကတည်းက ပိုင်ဆိုင်ချင်တယ်...သူနဲ့ပဲလက်တပ်ချင်တာ

ရေတမာ said...

မှတ်ထားလိုက်ပီ မျှော်ရင် လင့်တတ်တယ်တဲ့