ဒီပိုစ့်လေးကိုရေးမယ်လို့ စဉ်းစားမိတာကတော့ အခုတလော ကျွန်မတစ်ယောက် ဘာတွေဖြစ်နေတယ် မသိပါဘူး ။ သူတပါးကို ပြောထဲ့လိုက်ဖို့ ၀န်မလေးနေဘူး။ ဒီနေ့ သောကြာနေ့ဆိုတော့ တရားတစ်ပုဒ်လောက်တော့ နာဖြစ်အောင် နာတတ်တော့ တရားနာမယ်ဆိုပြီး ကျေးဇူးရှင်ဆရာတော် ဓမ္မစတီဆရာတော် ဦးကောသလ္လရဲ့ ဆိုဒ်ကို ၀င်တော့ ဒီနေ့ ဘာတရားနာရင်ကောင်းမလဲ ရွေးနေတုန်း ။အရင်ကလဲ နာဖူးပြီးသားဆိုပေမဲ့ အခုတလောဖြစ်နေတဲ့ ကိုယ့်စရိုက်ကို သိနားလည်အောင်ဆိုပြီး " ဝေသာလီ လှဧကရီ ဘ၀ဆည်းဆာ " ဆိုတဲ့ တရားကို ထပ်မံနာဇြစ်သွားပါတယ် ။ ဒီလိုနာနေရင်း ဒီပိုစ့်လေးကိုရေးမယ် ဖြစ်သွားပါတယ်။
"ဝေသာလီလှ ဧကရီ အမ္ဗပါလီ " တဲ့ ။ သိပ်ချောသိပ်လှတဲ့ ဘုရင်သမီးတော်လေး ။ ဒါပေမဲ့ ဘ၀တစ်ခုမှာ ဘိက္ခူနီမတစ်ပါးဖြစ်စဉ် ဘုရားစေတီမှာ သွားရောက်တံမြက်စည်း သန့်ရှုင်းလှည်းကျဉ်းနေစဉ် ရဟန္တာထေရီမတစ်ပါးက ချောင်းဟန့်လိုက်တယ် ။ အဲဒီချိန်မှာတံတွေးက ရင်ပြင်တော်ပေါ် ကျရောက်သွားပါတယ် အဲဒါကိုမြင်တော့ ဆေးကြောသိမ်းပေးလိုက်ရင်ကုသိုလ်ရလို့ ပြီးသွားမဲ့ကိစ္စလေးကို " ဘယ်ပြည်တန်ဆာမကများ ဘုရားရင်ြ့ပင်တော်မှာ တံတွေးထွေးခဲ့တာလဲ ၊ ကိုယ်ဘာသာကိုယ် မသန့်ရှင်းသွားတာလဲ"လို့ ပြောလိုက်မိတဲ့ စကားလေးတစ်ခွန်းကြောင့် ဘ၀ပေါင်းတစ်သောင်း ကာလပတ်လုံး ပြည်တန်ဆာမ ဖြစ်ရသလို နောက်ဆုံးဘ၀ ကျွတ်တန်းဝင်ရမဲ့ ကျွန်မတို့ ဘုရားရှင် ဂေါတမဘုရားရှုင်လက်ထက် မှာတောင် ဘုရင်သမီးတော်ဘ၀ရတာတောင် ပြည်တန်ဆာမ ဖြစ်ရပါသေးတယ် ။ ကြည့်စမ်း ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလိုက်ပါလိမ့်နော် ။ စကားလေးတစ်ခွန်းထဲနော် ။
ကျွန်မတို့လူ့လောကမှာ ဒေါသမောဟတွေနဲ့ အပြည့်ဖုံးလွှမ်းနေတာနော် ။ ဒေါသကြောင့် ၊မောဟကြောင့် ကိုယ်ထိရောက်ကျူးလွန်မှု့မပြုခင် ဒီနှုတ်ခမ်းကနေ စကားတွေက လွှတ်ထွက်သွားပြီးသား ။ ဘာမှမမြင်တော့ဘူး ။ သတိထားမိလိုက်ချိန်မှာတော့ ပြောဆိုပြီးသွားပြီ ။ လူတိုင်း သက်ရှိတိုင်းမှာ မြင့်မြတ်မှု့ တစ်ခုစီရှိနေပါ့မယ် ။သူတို့ဆီမှာ စောင့်ထိန်းနေတဲ့ သီလတွေတည်နေ မြဲနေမှာပါ။ ဒါကြောင့် ဆရာတော်ဘုရားက မသိရင် မပြောနဲ့ မဝေဖန်လိုက်ပါနဲ့ တဲ့ ။ အရိယာသူတော်ကောင်းတွေကို ပြစ်မှားမိလိုက်လို့ ကမ္ဘာနဲ့ချည်းပြီ ငရဲခံရသလို ၊ အပြစ်ဒဏ်ဆယ်ပါးလဲခံရနိုင်တယ်တဲ့ ။ အဲဒီပြစ်ဒဏ်ဆယ်ပါးကိုဖော်ပြလိုက်ပါတယ် ။
၁)သွေးအန်ဖြစ်လွယ် ၊ ၂) ရောင်းဝယ်ရှုံးခြင်း ၊ ၃) ချွတ်ယွင်းအင်္ဂါ ၊ ၄)ကုဠာနူနာ ၊ ၅) ရူးကြဖောက်ပြန် ၊ ၆) မင်းဒဏ်သင့်ခံ ၊ ၇) ကြမ်းတမ်းစွပ်စွဲ ၊ ၈) သေကွဲသားချင်း ၊ ၉) ပျက်ယွင်းစည်းစိမ် ၊ ၁၀) နေအိမ်မီးလောင်တဲ့ ။
တကယ်ပဲနော် ။ စကားလေးတစ်ခွန်းကနေ ဒီလောက်ထိကြောက်မက်ဖွယ် ဇြစ်သွားရတယ်လို့ ။ ကျွန်မတို့လဲ ဆင်ခြင်ကြရအောင်နော် ။ ပုထုစဉ်ဆိုတော့လဲ ပြောမိဆိုမိမှာပဲလေ ။ တတ်နိုင်သလောက် ကနေ နောက်ဆုံး ဆရာတော်ဘုရားပြောသလိုပေါ့ မပြောနဲ့ မဝေဖန်နဲ့ ဆိုတဲ့ အထိ ထိန်းကြရအောင် ။ ကိုယ်က ဘာမှမဟုတ် ( တချို့ကိစ္စဆို စိတ်ထဲကတောင် မပါဘူး။ ) ပြောလိုက်မိတာလေး တစ်ခုထဲပါပဲ ။
ကျွန်မလဲ တော်တော်လေးပြင်ရမယ် ။ ပါးစပ်ကနေ လွှတ်ခနဲ ထွက်ထွက်သွားတတ်တဲ့ အကျင့်လေး ရှိတယ် ။ အဲဒီအတွက် စိတ်အနှောက်အယှက် ဖြစ်ဖြစ်သွားရတယ်ဆိုရင်လဲ တောင်းပန်ပါတယ်နော်လို့ ဒီကနေ ပြောချင်ပါတယ် ။

2 comments:

Unknown said...

ယိုတောင်တရားတွေ နာတတ်လာ ပီပဲ
တရားဆိုတာ နာတတ်ရုံနဲ့ မပီးဘူးဟုတ်တယ်နော်
ခုလိုမျိုး နာပြီးယူတတ်မှ အကျိုးရှိတာပါ
ယို ရေနောက်ထပ်နာယူပါအုံးလို့ 
ysmyo

နေလင်း said...

ကုသိုလ်စိတ်လေးတွေ ဖြစ်အောင် အမြဲကြိုးစားဖို့ တိုက်တွန်းပါတယ်....
ကိုယ်ကိုတိုင်ရလာတဲ့ အသိတရားတွေလည်း ကြုံတိုင်း မျှဝေပါအုံး....
အားပေးလျက်ပါ..

ချီးယို..ရှေ့သို့

နေလင်း ( တောင်ကြီးချယ်ရီ)