မကြီးကီအိမ်မှာ တစ်သျှူးbox လေးတွေ အကြောင်းတင်ထားတော့ ဖတ်ရင်း ကျွန်မရဲ့ လုပ်ရပ်လေးတစ်ခုကို သွားသတိရမိတယ်။ ကျွန်မ မြန်မာပြည်ကို ဖုန်းခေါ်တိုင်း ကိုယ့်mobile နဲ့ဘယ်တော့မှ မဆက်ပါဘူး။့ ဈေးသက်သာတဲ့ ဖုန်းဆိုင်လေးကနေ ဆက်ဖြစ်ပါတယ်။ ကျွန်မသွားနေကျတော့ Burdubai မှာရှိတဲ့ ဆိုင်လေးတစ်ဆိုင်ပေါ့။ တမီနစ်ကို ဒဟမ်း ၂.၅၀ ဆိုတော့ သက်သာတယ်လေ။

ကျွန်မက အိမ်နဲ့ ဘယ်ခါတွေ့တွေ့ မျက်ရည်ချောင်းစီးနေကြလေ။ မျက်ရည်သာပေါတယ် လက်ကိုင်ပ၀ါတို့ တစ်သျှူးတို့ကျတော့ မဆောင်ထားတတ်ဘူး။ ဒီတော့ ကျွန်မဖုန်းဆက်တိုင်း ငိုမှ သတိရတာက တစ်သျှူး။ ငိုနေချိန်ဆိုတော့ တစ်သျှူးကလိုအပ်လာပြီ။ အခုချိန်မှ ၀ယ်လို့ရတာလဲမဟုတ်။ ဒီတော့ ကျွန်မက ဖုန်းဆိုင်မှာရှိနေတဲ့ တစ်သျှူးbox ထဲကနေပြီး ငိုလိုက် ဆွဲထုတ်လိုက် သုတ်လိုက်ပေါ့။ ဆိုင်ရှင်ကုလားကြီးကလဲ ကြည့်တော့ကြည့်နေတယ် ဘာမှတော့ မပြောရှာပါဘူး။ နောက်တခါ သွားဆက်လဲ အချိုးက မပြောင်းဘူး။ ငိုပြီဆို သူ့တစ်သျှူး box ထဲက တစ်သျှူးပဲ ယူယူသုံးနေတယ်။

တနေ့ ကျွန်မ ဖုန်းဆက်ဖို့ သူငယ်ချင်း လူမော်နဲ့သွားဖြစ်တယ်။ ထုံးစံအတိုင်း ပြောရင်းငိုတော့ တစ်သျှူးရှာပြီလေ။ ဒီတခါမှာတော့ ခုံပေါ်တင်နေကျ တစ်သျှူးbox လေးမရှိနေဘူး။ ဒီတော့ လူမော်ကို တစ်သျှူးပေးဆိုတော့ ဘယ်လိုလုပ်ပါလာမလဲတဲ့။ သွားပြီ ဒီတခါမှတော့ မငုံတို့ ငိုသာငိုပြီး သုတ်စရာမရှိနေဘူး။

အဲဒီဖုန်းဆိုင်က အထွက်မှ လူမော်ပြောလိုက်တာက နင် ဆိုင်ထဲဝင်လာတာလဲမြင်ရော ဆိုင်ပိုင်ရှင်က သူ့တစ်သျှူးbox ကြီးသိမ်းလိုက်တာနေမှာတဲ့ :) ။

18 comments:

နော်ခမ်း said...

ဘာလိုအပ်တယ်ဆိုတာ သိသွားပါပြီခင်ဗျ... အဲဒီအတွက် ကြုံကြိုက်ခဲ့ရင် တစ်သျှူးဗူးလေးများသာ လက်ဆောင်ပေးပါမည်........ဟိဟိ ပြီးတော့ သိပ်လည်း မငိုစေချင်ပါ အဲဒီအတွက် အနည်းငယ်သာပေးပါမည်.......ဟိဟိ... စေတနာနဲ့ပါ ကပ်စေးနှဲခြင်းမဟုတ်ပါ ......

သမီးပျို said...

ဟား...ဟား.....မငုံတို့ကတော့ ကုလားတောင် မခံနိုင်ဘူး လုပ်ချလိုက်ပြန်ပြီဟေ့ ဒီကုလား မငုံနဲ့တွေ့မှ ကျွတ်တာပဲ အိမ်လာရင် ပြောနော် သိမ်းထားမှ ဟိဟိ

လင်းကြယ်ဖြူ said...

Yes, Tha Mee Pyo is right !!
I will bring a big roll of Tissue on My Birthday Party.
Enjoy and see u .

Anonymous said...
This comment has been removed by the author.
Anonymous said...

မမ ငုံလေးသနားပါတယ်
နောက်တခါလာရင် Tissue
ယူလာပေးမယ်သိလား

kiki said...

ရော့အေ..ရော့အေ..တစ်ရှူး ၊နှစ်ရှူး ၊သုံးရှူး..
သဘောင်္တစီးစာ ပို့ လိုက်တယ် ..
မျက်ရည် သုတ်တယ် ရောချ မနေနဲ့ သိတယ်နော်.. နှပ်တွေသုတ်နေလို့ ဒီလောက်တောင်ကုန်တယ် ဆိုတာ ..

ဘလောဂ်လေးရဲ့ နာမည် ပါ ပြောင်းပေးသွားတယ်
ကန္တာရ မျက်ရည် နှပ်ရည် စက်များးးးး လို့

အိုက်ခီလောက် said...

ကန္တာရ မျက်ရည် နှပ်ရည် စက်များးးးး
ဟဟ အမားကတော့ေ၇လည်တွေးတတ်တယ်
ပေးတတ်လိုက်တဲ့နာမည်ကောင်းမှကောင်းပဲ
တစ်ရှူးမပေးဘူး ငါတော့ နင့်ကို
အငိုလွယ်တယ်ဆိုတော့ ဝေးဝေးရှောင်မှ

Beauty Studio USA Branded Store said...

ဖြစ်မှဖြစ်ရလေ အမရယ်။

Sein Lyan Tun said...

အပျိုကြီး

ကျနော်ငိုငိုနေတာ

နည်းနည်းပါးပါး တစ်ရှူးလာမကမ်းဘူး


ခုလာပေးလှည့်ပါ

နှပ်တွေထွက်နေပြီး

း)))

ချစ်ခင်စွာဖြင့်

ဖိုးစိန်

မိုးစက်အိမ် said...

ဟားဟား ဟုတ်လောက်တယ် :P
ငိုအားထက် ရီအားသန်သွားတယ်ပေါ. :)

နှင်းနဲ့မာယာ said...

ကြိုပြောထားတယ်နော်
အိမ်မှာ တစ်ရှူးကုန်နေပါတယ်...
ဟဲဟဲ
ကိပေးတဲ့ တစ်ရှူးတွေ တဝက်မျှပါ...

ခင်တဲ့
နှင်း

emayarKhin said...

ဖတ်ရင်းနဲ့..ငိုငိုရီရီဖြစ်သွားပါတယ်......

sonata-cantata said...

မငုံလေးကို သနားမလို့ဟာ အပေါ်က ကော်မန့်တွေကြောင့်

"နှပ်ရည်စက်များ နားစေသတည်း" လို့ပဲ ဆုတောင်းပေးလိုက်တယ်နော်

(၀န်ခံချက်- ကျော်ဟိန်း၏ မျက်ရည်စက်များ နားစေသတည်း သီချင်းခေါင်းစဉ်ကို ယူသုံးပါသည်။)

ကိုလူထွေး said...

အဟားဟား...
ငိုနေတာကို ရယ်စရာဖြစ်အောင် ရေးတတ်တယ်...

းဝ)

ဇော် said...

=)

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟုတ်တယ်ဟုတ်တယ်

သိမ်းလာတာ ကျွန်တော်မြင်တယ်

ဒီကောင်မလေး ဖုန်းတော့လာဆက်ပါရဲ့

တစ်သျှူးဖိုးနဲ့ မကာမိဘူးတဲ့လေ

မင်းအိမ်ဖြူ

Angel Shaper said...

မကြီးကိ... တစ်သျှူးလာပေးတာ။ နော်ခမ်းက တစ်သျှူးတောင် မသထာဘူး ကြည့်လေ။ ဟွန်းးးးးးးးးးး
ဟိဟိ ရန်စသွားတယ် နော်ခမ်းကို။ ဒါပဲ

Anonymous said...

သောက်ကုလား... အဲလောက်တောင် ပေခေါက်ရလား.. ပြောလိုက်စမ်းဘာ.. ဒီမှာ အလကားလာယူလို့.. သယ်ယူခတော့ ကိုယ့်ဟာကိုယ်ပေးပေါ့နော်..အဟီး