မောင်ငယ်လေး အဆိပ်ခွက်တဂ်လိုက်တာပါ။ (၅)ခုထဲလားလို့ မေးချင်တယ်။ ဘယ်လိုလုပ်ရပါ့။ ကျွန်မနှစ်သက်တဲ့ အိမ်လေးတွေ အများကြီးပဲ။ အိမ်တိုင်းလိုလိုကို သဘောကျတယ်။ တစ်ချို့အိမ်ဆို ၀င်သွားတာနဲ့ ပျော်ရွှင်မှု့ခံစားရသလို ၊ တစ်ချို့အိမ်လေးကျတော့ နွေးထွေးနေတယ်။ ဗဟုသုတဖြစ်ဖွယ်တွေ ၊ ရယ်စရာ ၊ ပျော်ရွှင်စရာ ၊ ၀မ်းနည်းစရာတွေကို အားလုံး အတူတူမျှဝေခံစား ပေးလို့ရတဲ့ ဒီအိမ်လေးတိုင်း အားလုံးလိုလိုကို လည်ပတ်ရောက်နေဖြစ်တယ်။ ခြေရာလေးမချန်ထားလိုက်မိပေမဲ့ ကြိုက်နှစ်သက်တဲ့ အိမ်လေးတွေလဲ ရှိတယ်။ ဒီအထဲမှ (၅)ခုတည်းဆိုတော့ …..

(၁) ဓမ္မရသ

မြတ်ဘုရားရဲ့ဆိုဆုံးမတွေ ၊ ဆရာတော်ကြီးများရဲ့ တရားတော်တွေ မိန့်ကြားချက်တွေကို ကျမ်းအကိုးအကားနဲ့ ပြည့်ပြည့်စုံစုံ ဖော်ပြလေ့ရှိတဲ့ အိမ်လေးပေါ့။ တစ်ချို့ပိုစ့်လေးတွေကို ပုံပမာနဲ့ တင်ပြသွားတာ ကောင်းတယ်။ ဖတ်ရတာ ရှင်းနေတယ်။

(၂) SONATA CANTATA

မြတ်ဘုရား ဟောကြားတဲ့ တရားတော်များကို ကျွန်မဆိုရင် အတော်များများကို ပါဠိလိုသာ ရွတ်ဖတ်တတ်ပြီး အဓိပ္ပာယ်မသိတာတွေရှိတယ်။ အဲဒီလိုဆိုရင် ဒီအိမ်လေးမှာက ပါဠိ နှင် မြန်မာလိုပါ သိအောင်ဖော်ပြထားပေးတယ်။ တစ်ကြောင်းချင်းစီရဲ့ သဘောတရား အနှစ်သာရကို ဖော်ပြထားပေးလို့ သိပ်နှစ်သက်မိတယ်။ တခါတရံ ကဗျာများကိုလဲ ရေးသားထားတာ လှတယ်။

(၃) ကိုမိုးကုတ်သား

ကိုဘိုဘိုရဲ့ အိမ်လေးမှာတော့ စာသားကို ရွေးသုံးတတ်တာများ နုဖတ်နေတာပဲ။ စကားလုံးသုံးတာ လှရုံတင်မကဘူး။ စာအရေးအသားလဲ အတော်ကောင်းတယ်။ သွားသွားဖတ်ပြီး စာသုံးနှုန်းပုံကို လေ့လာနေရတဲ့အိမ်လေးပါ။

(၄)နှင်းဆီဖြူရဲ့ ကဗျာပျိုးခင်း

မွန်းကြပ်မှု့တွေ ရှိလာတိုင်း မကြီးရောင်ရဲ့ နှင်းဆီပျိုခင်းလေးက ထပ်တူကျအောင် ဖော်ပြပေးနေတတ်တယ်။ အိမ်အ၀င်မှာ ချစ်သောသူနှင့် ကွေကွင်းရခြင်း ဆင်းရဲမှ ကင်းဝေးကြပါစေ…..လို့ ဆုတောင်းစာတန်းလေးနဲ့ ကြိုဆိုနေတယ်လေ။

(၅) မိုးစက်အိမ်

ဒီအိမ်က ကဗျာလေးတွေက ရသတစ်မျိုးပြီး တစ်မျိုးပေးတယ်။ စကားလုံး သုံးနှုန်းထားတာလေးတွေကို တစ်ခါတစ်ရံဆို ထပ်တူကျလွန်းလို့ အမှတ်တရ ကူးယူးသိမ်းထားလိုက်မိတယ်။ (မိုးစက်ရေ..အခုမှ ၀န်ခံလိုက်တယ်နော် :D )

14 comments:

kiki said...

ဟိဟိ .. နှစ်သက်တဲ့စာရင်းထဲမပါပေမဲ့ နံပတ် (၁) ဦးလိုက်တယ် .ဟေးးး

kiki said...

(၂) ပါယူလိုက်တယ် သိလား..
ဟိုတယောက် မလာခင်လေ ..
ဟဲ ဟဲ ရိုက်ထုတ်တော့မလို့လား
သူ့ နေရာ လာဦးသွားလို့  .. ဖွလိုက်ပြီနော်.. နော်.. နော်..

Anonymous said...

၃ ရတယ်..ဟေ.. မမ ငုံရေ ကျေးဇူးနော်.. ရေးပေးလို့ နောက်လဲတဂ်ပါအုံးမည်

sonata-cantata said...

နှစ်သက်တယ်ဆိုလို့ အများကြီးဝမ်းသာတယ် မငုံရေ...
ဆက်ရေးပါဦးမယ်နော်

မိုးစက်အိမ် said...

ပထမဦးစွာ ဘော.စနီးယား ဟာစီဂိုးဘီးနားမှု အလည်အပတ် ပြန်လည်ရောက်ရှိလာသော အငုံးစ်အား
နွေးထွေးစွာ ကြိုဆိုပါတယ် :D ... နောက်မကောင်းမကန်း
ကဗျာ တွေကို ထာဝရအားပေးနေတဲ. အတွက် ကျေးဇူး
အကြီးကြီးတင်ပါတယ် အမရေ :)

Mogok Thar said...

နှစ်သက်မိတဲ့ အိမ်လေးတွေ ဖတ်ပီး လူတောင် အိမ်မျက်နှာကျက်နဲ့ တက်ဆောင့်ပီး ကျပ်ထုပ်ထိုးနေရဘီ။
ပျော်သွားလို့လေ။
ကျေးဇူးတင်ပါတယ်ဗျာ။
ကျွန်တော့်စာလေးတွေကို ခုလို အားပေးတဲ့အတွက်ပေါ့။

ခုတလော ဘလော့မဖွင့်ဖြစ်တဲ့ ရက်တွေ စိပ်နေလို့ နောက်ကျမှ ရောက်လာတာ တောင်းပန်ပါတယ်ခင်ဗျာ။

မငုံလဲ ကန္တာရထဲက မိုးရေစက်လေးတွေ ဆက်လက်ပြီး ဝေငှပေးနိုင်ပါစေ....

ခင်မင်စွာဖြင့်

အောင်ဦး said...

ဝမ်းသာမိပါတယ်။
ကျောင်းစာတွေ တဖက်က လုပ်နေရတာကြောင့် အမြဲတမ်း ပိုစ့်တွေ မတင်နိုင်တာ နားလည်မယ်ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကိုလူထွေး said...

ကိုလူထွေးလဲ အဲဒီတဂ်ပိုစ့်ကို ရေးဖို့လုပ်နေတယ်...

(ဒါနဲ့ ဘယ်တွေပျောက်နေတာတုန်း)

းဝ)

Angel Shaper said...

မကြီးငုံနော် ကွေးနေတယ်။ ရေခဲမုန့်ကျွေးပြီးလာချော့ပါ။ အကြိုက်ဆုံးတွေ လာဖတ်တယ်။ နော်ခမ်းကော။ တစ်မယူပါလား ထူးထူးဆန်းဆန်းးးး မကြီးကိ က ဦးသွားပြီ ဟိဟိ။

ရေတမာ said...

အိမ်လှလှလေးတွေ လာကြည့်သွားတယ် အစစအရာရာ အဆင်ပြေပါစေ

ကြယ်ပြာ said...

မငုံရေ စာလာဖတ်သွားပါတယ်နော် ...း)

လင်းကြယ်ဖြူ said...

ဟုတ်တယ်နော်..
သူတို့နေရာလေးတွေကလည်းရသစုံတယ်
ပျော်ပါစေ အစ်မရေ

Anonymous said...

ဟင်.. တို့လဲ ပါဘူး တော်ပြီ နောက်မလာတော့ဘူး ဒီအိမ်ကို..ဒါပဲ

Anonymous said...

ဟင်.. တို့လဲ ပါဘူး တော်ပြီ နောက်မလာတော့ဘူး ဒီအိမ်ကို..ဒါပဲ