ပင်ယံထက်ကြား ဖူးနုသစ်ငယ်
ပွင့်ရန်ရည်သန် စိတ်ကူးမှန်လို့
နေမင်းရောင်ခြည် စွမ်းအားယူသည်
ရေကြည်ပက်ဖြန်း ဖျားနှားခိုသည် ။
ငါ့တာဝန်က ဘာလဲ။ ငါ့တာဝန်က ပန်းတစ်ပွင့် အဖြစ် ပွင့်လန်းလာဖို့ မဟုတ်လား။ ဒီအပင်မှာ တခြား အဖူးလေးတွေ အပြိုင်အဆိုင် ပွင့်လန်းနေပြီ။ ငါ့လဲ ပွင့်လန်းသင့်နေပြီ။ ပွင့်လန်းဖို့ နေရောင်ခြည်ဒဏ် ခံနိုင်ရမယ်။ သူ့ရဲ့နွေးထွေးတဲ့ အပူလေးကို ခံယူရမယ်။ နောက် ရေလဲ လိုအပ်တာပဲ။ ဒီတခါ ရေပက်ဖြန်းလာရင် ငါမရှောင်ပုန်းတော့ပဲ အလိုက်သင့် ခံယူဦးမှ။
နုနှယ်ဖြူလွ တုမရပြီ
ချိန်ခါရောက်လို့ ပွင့်အားယူသည်
သန့်ရှင်းမွှေးပျံ့ သင်းထုံလေပြီ
ကြွေနွမ်းမတိုင် သူ့တာဝန်ကြား
ငွားငွားစွင့်စွင့် စွမ်းကုန်ပွင့်ပြီ ။
ဒီနေ့ဟာ ငါပွင့်လန်းဖို့ အချိန်ရောက်ပြီ။ လောက သဘောသဘာဝအရ ငါတို့ဟာ ဖူး မယ်။ ပွင့်မယ်။ ပြီးတော့ ကြွေမယ်။ ဒီတော့ မကြွေခင် အစွမ်းကုန် ပွင့်လန်းပြီး ကိုယ်တတ်နိုင်သလောက်လေး ရနံ့မွှေးများနဲ့ အမောပြေစေချင်သေးတယ်။
ပန်ဆင်ထိုက်သူ မျှော်ရင်းစောင့်စား
ချိန်တန်တော့လဲ လေမင်းကျီစယ်
ချူလေတော့သည် ရော်ရီညှိုးနွမ်း
ရနံ့မပြယ် ကြွေပြလေသည်။
သြော်..ကြည့်စမ်း တစ်ချို့ပန်းကလေးများ ပွင့်လန်းတော့ ပန်ဆင်ထိုက်သူတွေက ခူးယူပြီး ပန်ဆင်ကြတော့ ဆံမျှညှာထက်မှာ ၀င့်ကြွားနေကြပါလား။ ပန်ဆင်သူ အလှတိုးအောင် သူ့တာဝန်ကို ဆောင်ရွက်နေကြပါလား။ ငါ့ကို ပန်ဆင်မဲ့သူ ဘယ်အချိန်ရောက်လို့ လာမလဲနော်။ ဟော…လာနေပြီ။ ဒါပေမဲ့ သူခူးဆွတ်သွားတာ ငါမဟုတ်ပါလား။ ဘာဖြစ်ဖြစ် စောင့်နေဦးမယ်။ တကယ့်ပန်ဆင်ထိုက်သူ ပေါ်လာလိမ့်မယ်။ ပန်ဆင်ခံရတဲ့ ပန်းလေးတွေ..နင်တို့ ပျော်ရဲ့လား။ တစ်ချို့က ဒီလိုဖြေတယ်။ ပန်ဆင်ပြီး ညှိုးနွမ်းတာနဲ့ ဒီအတိုင်း စွန့်ပစ်သွားတယ်။ တစ်ချို့ကျတော့လဲ မညှိုးနွမ်းခင်ချိန်လေးမှာ ဆံမျှညှာထက်က ပြုတ်ကျလို့ လမ်းလေးပေါ်မှာ ကျန်နေရစ်ရတယ်။ ပျော်ရွှင်မှု့တန်ဖိုးလေး ရသူကတော့ ယွန်းဘူးလေးထဲမှာပေါ့။ ပန်းပွင့်တိုင်း ခံယူရတဲ့ တန်ဖိုးလေးက မတူညီကြပါလား။ ပန်ဆင်သူမဲ့လို့ ဒီအတိုင်း ကြွေလွင့်ရပြီး လမ်းလေးပေါ်မှာ နင်းလျှောက်သူ အများအပြားကြား ကျေနပ်စွာ ခံယူပြီး နွမ်းကြွေရတဲ့သူလဲ အများသားပါလား။ ငါလဲ ဘာဖြစ်လာမလဲ။
ဒီနေ့ နေလို့မသာ ငြိုးငယ်နေပါလား။ နေမင်းရဲ့တောက်လောက်မှု့ကလဲ ပြင်းပြလိုက်တာ။ ကြည့်စမ်း လေနုအေးလေး သွေးနေတာတောင် ညှာတံငယ်က လှုပ်ခါရမ်းနေတော့ ဒီနေ့ ငါမြေခရပေတော့မယ်။ မြေခသည့်တိုင် ရနံ့လေး မပြယ်စေပဲ ကြွေပြလိုက်မယ်။ နောက်ဆုံးချိန်ထိ ပန်းတစ်ပွင့်ရဲ့ တာဝန်ပေါ့။
ပုံများကို google serach မှ ရှာဖွေတင်ပြထားပါသည်။
17 comments:
ပွင့်သော ပန်းတိုင်း အမြဲမွှေးပျံ့ပါစေ။ စကားပန်းကို ကြိုက်တဲ့ ပန်းတစ်ပွင့်ကို တန်ဖိုးထား သိမ်းဆည်းထားလိုက်ပြီ။
ကဗျာလေးက လှတယ်မကြီးရ တော်တော်လေးအချိန်ပေး
ထားပုံရတယ် ... ကာရံလေးနဲ.လိုက်ဖက်တယ် ဒါပေမဲ.
တစ်ပိုဒ်ဖတ် တစ်ခုရှင်းတာ ကောင်းပေမဲ. ထောက်ထောက်
ကြီးဖြစ်နေတယ် အမရ ... အပြည်.လေးရေးပြီး ပြီးရှင်းရင်
ပိုကောင်းမလားလို. နောက်မို.ဆိုကဗျာပေါ.သွားမှာစိုးလို.
ကျွန်တော်ထင်တာပါ အမသဘောမှ အနော်က မသိတာနော်. အမရည်ရွယ်ချက်တစ်ခုခုရှိရင် လည်း ဒီလိုလေးဘဲထားပေါ. ခုနကကျွန်တော်.အမြင်ပါ အများဆိုင်အမြင်မှ မဟုတ်တာ ဘာပြောပြော ကဗျာလေးက ကာရန်လေးနဲ. တကယ်လှတယ် ... :)
အင်းအမရေးထားတာ လေးလုံးစပ်ပုံစံ မျိုးဘဲဗျ ... ကဗျာနုနုလေးပါဘဲ ... ထပ်ဖတ်မိလို. ထပ်မန်.မိတာ :)
အင်းးးးးးးးးးး ပုံနဲ့တကွ၊ စာနဲ့တကွရှင်းပြထားတဲ့
နုနုရွရွ ကဗျာလေးကို ကြမ်းကြမ်းတမ်းတမ်းနဲ့ ချစ်ညီမကြီဲး လာဖတ်ပါတယ်။ တင်သမျှပိုစ့်တိုင်းကို တစ်ယူတဲ့ နော်ခမ်းကိုလဲ တရားစွဲပါမယ်။ လူကြုံပစ္စည်းဘာမှ မပို့ ရလို့ ။ ဟိဟိ
ချစ်လို့စတာ။။။။။။
ဖူးငုံပွင့်ကြွေ...ပန်းပွင့်တွေ မြေမှာခ တဲ့ အကြောင်းလေးကို ကဗျာ နုလေးနဲ့ စာပြု လိုက်တာပေါ့
လေ...
ကောင်းတယ်..မငုံရေ....
ပျော်ပါစေ
ပန်းတစ်ပွင့်ရဲ့ တာဝန်တဲ့လားအမရေ...
အတွေးနုနုလေးနဲ့ စာနုနုလေးတွေ အင်မတန်မှ နူးညံ့လိုက်လာ အစ်မရေ...
ဖတ်ရှုခံစားသွားပါတယ်ခင်ဗျာ။
yu ya
တစ်မရနိုင်တော့ဘူးတင်တယ်။ ပန်းတစ်ပွင့်ရဲ့ စဆုံး ကိုလာရောက်ခံစားသွားပါတယ်။ ကောင်းပါတယ်
ပန်းလေးတပွင့်ပေါ့း) ပန်းလေးရဲ့ ဖန်ဆင်းရှင်း) အချိန်တန်တော့ ပန်းပိုင်ရှင်လေးပေါ်လာပါစေး)
လေးစားလျက်
တောင်ပေါ်သား
အဟက်...
ကန္တာရ ထဲမှာ ငုံနေရတာကြာတဲ့ ကြာပန်းကြီးးး
ပွင့်ဖို့ ပြင်နေပြီပေါ့ လေ...
ရေလာဖျန်းပေးမယ် နော် ...
ရေသန့် ကြိုက်လား ။ ရေအေးကြိုက်လား ...စစ်ထားတဲ့ ရေလေးကြိုက်လား ...
မငုံ ကို ခုချိန်မှစ၍ မပွင့် ဟု အမည်ပြောင်းလဲ ခေါ်ဆိုကြပါရန်.....
မငုံရေ လာရောက်ခံစားသွားတယ်နော်။
ကဗျာလည်းကောင်းတယ် စိတ်ကူးလည်းကောင်းတယ်။
ခင်တဲ့ ရီနို
ကဗျာလေးတွေက ကောင်းတယ်.. မိုက်တယ်..
ခု တလော.. ပန်းတွေခေတ်စားနေပါလာ..
ဘယ်နားကြည့်ကြည့် ပန်းနေတာဘဲ..
ခင်မင်လျှက်
အဆိပ်ခွက်
ကောမန့် ပေးဖြစ်တော့မယ် ဆိုတိုင်း " အားမနာနဲ့နော် ။ စိတ်မဆိုးတတ်ဘူး။ တအားသဘောကောင်းတာ။ :) " ဆိုတဲ့ စာကြောင်းကို အမြဲဖတ်ပြီး ပြုံးမိတယ် .. တစ်ခုခု မဟုတ်တမ်းတရား ရေးမယ်စိတ်ကူးရှိတဲ့ သူတောင် ဒီစာကြောင်း ဖတ်မိရင် တော်ယုံရေးဖြစ်တော့မယ် မထင်ဘူး .. ဟီးဟီး ..
မလည်တာ မရောက်တာ ကြာလို့ စာလေးတွေဖတ်ရင်း စိုင်းထီးဆိုင် သီချင်းလေး နားထောင်ရင်း ရောက်လာတယ် မငုံ ...
အရင် ဘလော့ ဘယ်ဘက်ထောင့်ကနေ အမြဲ အော်နေတဲ့ သီချင်းတောင် အခု မတွေ့ရတော့ဘူး N ကိုင်ရာ သီချင်းလေ .. အဲ့သီချင်းလေး သဘောကျတယ် ...
ပန်းတစ်ပွင့် အကြောင်း ဖတ်ရင်း မိန်းကလေး တစ်ယောက်ယောက်ကိုများ ရည်ညွန်းထားသလား ထင်မိတယ် ... ချောနေတာပဲ ... :)
မြေမှာပဲခခ ၊ ဆံမှာပဲ ခွေခွေ ၊ လေမှာပဲ လွင့်လွင့် ၊ ပင်ယံမှာပဲ တင့်တင့် ပန်းဆိုတာ လောကကို အလှဆင်မျိုးချည်းပဲ မို့ ပန်းအားလုံး အဖိုးထိုက်တယ်လို့ ပဲ ထင်ပါတယ် မငုံ ...
ပျော်ရွှင်ပါစေ ..
နေဒေးသစ်။
ကဗျာလေးစပ်ထားတာ အရမ်းကောင်းတာပဲ အမရေ။တော်တယ်ဗျို့။နုညံ့မှုတွေ အပြည့်နဲ့ ဖွဲ့သီထားတာပါလား။
မငုံ ကနေ မပွင့်ဖြစ်နေပြီလား???
မပွင့်နဲ့ အုံး ငုံတာလေးပဲကောင်းတယ်း))
နောက်တစ်ခါ နေရာလာဦးမယ် (အိပ်ယာလိပ်နဲ့ ) ထိုင်စောင့်မယ်း)
တီတီ...ရေ.... ဟင့်...ဘာပန်းမှ မမြင်ရဘူး။။
မကောင်းတဲ့ ကွန်နက်ရှင်ကြားက အရောက်လာတယ်။
မအားပေမယ့်လဲ ရတဲ့အချိန်မှာ သတိရလို့ ပြေးလာတယ်။ ဟိဟိ...
စာကြွေးတွေဖတ်သွားတယ်တီတီငုံရ။ အာဝါးးးမပေးရတာ
ကြာလို့ အမြှောက်တသိန်းနဲ့ အတိုးချပေးခဲ့တယ်.။
:P
ပန်းပွင့် အကြောင်းလေး ဖတ်ရူသွားပါတယ်.. ပန်း..ပန်း...ပန်း.. အင်း....
ပန်ဆင်ထိုက်သူ မျှော်ရင်းစောင့်စား
ချိန်တန်တော့လဲ လေမင်းကျီစယ်
ချူလေတော့သည် ရော်ရီညှိုးနွမ်း
ရနံ့မပြယ် ကြွေပြလေသည်။
နုနုငယ်ငယ် ရေးတက်ပေတယ် နှမရယ် ဟီဟိ ....
မင်းအိမ်ဖြူ
Post a Comment