နံနက်မိုးသောက် အလင်းရောက်ချိန်မှာ good morning ဆိုတဲ့စကားနဲ့အတူ နှုတ်ဆက်စကားဆိုရင်း နိုးထစေတဲ့ ချစ်တဲ့သူရဲ့ တနေ့တာ နိစ္စဒူဝ စတင်ဆောင်ရွက်ရန် နိုးလိုက်မှု့နဲ့အတူ မနက်ခင်းလေး ပြီးပြည့်စုံသွားတယ်။ ဘ၀အတွက် အလုပ်ကြိုးစားရန် Dateသီးပင်များ တစ်ဘက်တချက်ကြားထဲမှ အရိပ်ရပြီး အေးဆေးငြိမ်သက်စွာ လမ်းလျှောက်နိုင်တဲ့ ကွန်ကရစ်လမ်းလေးအတိုင်း လှမ်းရင်း တနေ့တာအတွက် လှုပ်ရှားသွားလာနေကြတဲ့ လူတွေကို စတင်ကြုံတွေ့ရပြီ။

မနက်ခင်းဆိုပေမဲ့ ကန္တာရနေရဲ့ အပူရှိန်က တောက်လောင်နေလိုက်တာနော်။ တစ်ချို့မှာ မပြီးပြတ်သေးတဲ့ မှတ်တိုင်ရှိ ဘတ်စ်အိမ်လေးကြောင့် ပူပူလောင်လောင် နေရောင်အောက်မှာ ဆယ်မီနစ်တစ်စီးဆိုပေမဲ့ မီနစ်နှစ်ဆယ် ကြာညောင်းချင်ရင်လဲ ကြာနေတတ်တဲ့ ဘတ်စ်ကား အလာလမ်းကို ရုံးချိန်အမှီရောက်ရန် ယာဉ်ကြောမပိတ်ရန် ဆုတောင်းရင်း မျှော်ငေးနေရတာများ မနက်ခင်းဆိုပေမဲ့ အားလုံးရဲ့ မျက်နှာမှာ နေထိပန်းမို့ ညှိုးနွမ်းနေတယ်လေ။ ဒီကြားထဲ ကိုရွှေဒရိုင်ဘာများက ဆယ်မီနစ်ခရီးကို ရွာက လှည်းအလား မောင်းနေလိုက်တာ ဆယ်ငါးမီနစ် မီနစ်နှစ်ဆယ်လဲ ကြာတတ်သေးတယ်။ ယာဉ်ကြောတာပိတ် ပိုလို့သာ ဆိုးပေတော့တယ်။ မြန်ချင်တော့လဲ မိုင်ကုန်မောင်းလိုက်တာများ တစ်ချက်မှ အရှိန်မလျော့ပဲ မီးပွိုင့်နားရောက်မှ မလွတ်တော့မှ ရူတ်တရက် ဘရိတ်အုပ်လိုက်တာများ မကြာမီနှစ်အတွင်းမှာ ဒူဘိုင်းဆိုတာ ကမ္ဘာပေါ်မှာ ယာဉ်တိုက်မှု့အဖြစ်ပွားဆုံး မြို့လေးဖြစ်လာနိုင်ပါတယ်။ ဒီလို အရှိန်မလျော့ ကားကို မိုင်ကုန်မောင်းတာကို ခွင့်ပြုတာ ဒီမြို့လေးပဲရှိတယ်ထင်ပ။ ကိုယ်ဆင်းမဲ့ မှတ်တိုင်မရောက်မီ stopကို နှိပ်လိုက်ပေမဲ့ စိတ်ကူးတွေ ရွက်လွင့်နေတဲ့ ဒရိုင်ဘာကြောင့် နောက်တမှတ်တိုင်ရောက်မှ ဆင်းရပြီး ရုံးနဲ့ မှတ်တိုင် အေးအေးဆေးဆေး လျှောက်ရင်တောင် သုံးမီနစ်လောက်သာ ကြာတဲ့လမ်းကို ဆယ်မီနစ်နီပါး မှတ်တိုင်ကွာခြားမှု့ကြား စိတ်ပျက်စွာ နောက်ကြောင်း ပြန်လျှောက်ရပေဦးမယ်။ sorry ဆိုတဲ့ စကားလေးတခွန်းပဲ ဆိုပေမဲ့ စိတ်အနှောက်အယှက် ဖြစ်သွားရတယ်လေ။ နံနက်ခင်းရဲ့ ကြည်လင်သာယာမှု့က တနေ့တာအတွက် အားဖြစ်စေသလို မိုးလင်းတာနဲ့ စိတ်အနှောက်အယှက်ဖြစ်ရလို့က တနေ့တာအတွက် စိတ်ရှုပ်စရာနဲ့ မျက်နှာမကြည်မသာ ဖြစ်ရတာပေါ့။

လုပ်ငန်းတာဝန်များ စတင်ဖို့ ရုံးခန်းအရောက်မှာတော့ complainဆိုတဲ့ စကားသံကို အရင်ဆုံးကြားရတယ်။ လူတွေများ တယ်ပြီး တက်နိုင်လိုက်တဲ့ complainတစ်နေ့တစ်မျိုး မရိုးစေရဘူး။ လုပ်ငန်းခွင်နဲ့ ရုံးဆိုတာ တစ်နေရာစီဆိုတော့လဲ လုပ်ငန်းခွင်ရှိရာကို ဖုန်းဆက်ပြီးပဲ မေးမြန်းနိုင်တယ်။ အကောင်းဆုံး ပြန်လည်ဖြေရှင်းပေးတယ်။ ဒါကို မကျေနပ်ချင်းများစွာနဲ့ လိုင်းပေါ်ကနေ non-stop ပြောဆိုနေလိုက်တာများ ဘယ်လောက်များ ပူလောင်နေလိမ့်မလဲနော်။ ကိုယ်ချင်းစာနားလည်ပေး အကောင်းဆုံး ဆောင်ရွက်ပေးပေမဲ့ ဘာလို့များ မကျေမနပ်ဖြစ်နေရတာလဲ မသိပါဘူး။ ဥုံ ဆိုပြီး ချက်ချင်းလက်ငင်း ပြီးစီးစေလို့ရတာမှ မဟုတ်တာ။ အသေးအဖွဲလေးများကို ပုံကြီးချဲ့ ချဲ့ကားနေတဲ့ complainများကို နိစ္စဒူဝတွေ့နေရတော့ စိတ်မသက်သာရပါလားနော်။ complain များ ၊ စာရင်းများ ကြား နှစ်မြှ့ပ်ပြီး ကြိုးစားရတာပဲလေ။ သူ့ဆန်စားမှတော့ ရဲရပေတော့မပေါ့။ ချစ်ရတဲ့သူထံမှ ရောက်ရှိလာတဲ့ မက်ဆေ့တွေက အနားမှာ နေပြီးအားပေးသလို ခံစားရတော့ ဖြေသိမ့်စရာ ရှိသေးတာပေါ့။တိုးတက်ခေတ်မီလွန်းလေ လူတွေရဲ့ ကိုယ်ချင်းစာ တရားခေါင်းပါးလေ ဆိုတာ သိပ်မှန်တာပဲ။ တိုးတက်လမ်းအတွက် ကြိုးစားလုပ်ဆောင်နေသူများကြား တွန်းတိုက်ပြီး ကျော်တက်နေရာယူဖို့ ၀န်မလေးတဲ့ လူများ ၊ ၀န်ထမ်းအပေါ် မိသားစုမရှိတဲ့ လူများအမှတ် ၊ ပေးထားတဲ့ လစာနဲ့ အင်မတန်လောက်ငပြီး ပိုလျှံနေတယ်ထင်ပြီး လစာပေးဖို့ မေ့လျော့နေတဲ့ အလုပ်ရှင်များလဲ ဒီ နိစ္စဒူဝမှာ ပူလောင်စွာ ဆောင်ရွက်နေကြတယ်လေ။

ညနေဘက်ရုံးဆင်းချိန်လေးမှာတော့ တနေ့တာ နိစ္စဒူဝဆောင်ရွက်ပြီးလို့ အိမ်အပြန်လမ်းလေးမို့ အားလုံးးက မနက်ကန္တာရ နေရောင်မှ တွေ့မြင်လိုက်ရတဲ့ မျက်နှာများနဲ့မတူ ပင်ပန်းနွမ်းနယ်နေပေမဲ့ ကြည်လင်နေတယ်။ ကန္တာရအပူရှိန်ကလဲ တဖြည်းဖြည်းနဲ့တော့ အလိုက်သိလျော့ပါးပေးတော့ ကြာညောင်းစွာ လှမ်းလာနေတဲ့ ဘတ်စ်ကားကို စောင့်ဆိုင်းနေပေမဲ့ နားခိုရာ အိမ်အပြန်လမ်းမို့ တက်ကြွရွှင်လန်းနေတယ်။ ကိုယ့်နားခိုရာ ကိုယ်စီလေးမှာ အမောပြေစေတဲ့ နှုတ်ခွန်းဆက် စကားနဲ့အတူ ကိုယ်ချစ်တဲ့သူတွေ စောင့်နေတယ်လေ။ တစ်ယောက်နဲ့တစ်ယောက် တနေ့တာ ကြုံတွေ့ရတာတွေကို နားလည်စွာ နားထောင်ပေးတော့ တနေ့တာများက ရေထိတဲ့ကြာပန်းလေးလို့ လန်းနေရပြန်ရောပေါ့။ ချစ်တဲ့သူရဲ့ နောက်တနေ့အတွက် အားအင်ဖြစ်စေမဲ့ အပြုံးနဲ့အတူ အိပ်တော့နော် ဆိုတဲ့ နှုတ်ဆက်စကားနဲ့ တနေ့တာလေးကို နှုတ်ဆက်ရပြန်တယ်။

19 comments:

နော်ခမ်း said...

နိစ္စဒူဝ ကြုံတွေ့နေရတဲ့ အပိုင်းအစလေးတွေထဲမှ ပိယိင်းကို ပျော်ရွှင်စေတဲ့ အပိုင်းအစလေးအဖြစ် နံပါတ်တစ် နေရာမှာ အမြဲဖြစ်ချင်တယ်။

kiki said...

ဟိဟိ ...သိသားဘဲလေ .. (၁) ဦးသူ အမြဲရှိနေတယ်ဆိုတာ...

ခုတော့ ပေါ်ပြီ ပေါ်ပြီ ..
လက်ဖွဲ့ စုထားကြပေရော့ ဘလောဂ်ဂါ အပေါင်းတို့ ရေ ..

ကိုလူထွေး said...

သြော် ဂလိုကိုးးးး

ဖွားကိတို့က သွက်ချက်...

စကားလဲပြော စာလဲဖတ်ပေါ့... ဟုတ်လား

းဝ)

Anonymous said...

သြော် တက်ဂ်ကြွေးဆပ်ရင်းကမ္ဘာသိအောင်ကြေငြာတယ်ပေါ့ ....
စိတ်ချပါမကိရေ....
စုထားပါတယ်...လက်ဖွဲ့ အတွက်

Anonymous said...

ကျွန်တော်ကတော့ တက်ဂ်ထားသူလျှို့ ဝှက်ဆန်းကြယ်ဒါရိုက်တာကြီးကိုစိတ်ကောက်လို့ မရေးဘူးဗျာ....
ဟဲဟဲ...သူသိအောင်တိုက်ရိုက်မပြောရဲလို့ ဒီမှာလာပြောတာ..
ကျွန်တော်တို့ ဆုံတဲ့ နေ့ ကမလာလို့ လေ...

Anonymous said...

မငုံရေးထားတဲ့ Dubai life ကပါးပါးလေးပဲ ရှိသေးတယ်... ရေးဖို့ Dubai အစိုးရကိုအားနာတယ်ထင်ပ။ အပျိုကြီးတွေက ဒီလိုပဲ... သိပ်အားနာတတ်တာ။
Dubai မှာ အလုပ်လာလုပ်သူတွေအားလုံးလိုလို ခိုအိမ်လိုအခန်းကျဉ်းထဲမှာ... အိပ်စရာခုတင် ၁လုံးစာပဲ ကိုယ်ပိုင်တဲ့နေရာ (အိပ်ခန်း ၁ခန်းထဲမှာ လူ ၈ယောက်လောက်အတူနေရတယ်... ခုတင်ပေါ်မှာအိပ်၊ computer သုံးလည်းခုတင်ပေါ်မှာ၊ စာဖတ်လည်းခုတင်ပေါ်မှာ၊ စားလည်းခုတင်ပေါ်မှာ... သိပ်အသုံးဝင်ပြီးချစ်ဖို့ကောင်းတဲ့ ခုတင်ပေါ့...း( )
... မိန်းကလေး ယောက်ျားလေးမခွဲခြားနိုင်ပါဘု့.... ညီရင်းအစ်ကိုမောင်ရင်းနှမစိတ်ထားပြီး ခြေရင်းခေါင်းရင်း၊ အပေါ်ခုတင် အောက်ခုတင်အတူအိပ်ကြရတယ်.. မယုံမရှိနဲ့ဗျို့
(အမှန်တော့ မိုးထိုးတိုက်ကြီးတွေဆောက်ထားပြီး ဈေးတွေကခေါင်ခိုက်နေ.. သူတို့ရဲ့အဓိကပစ်မှတ်က western countries က လူချမ်းသားတွေအတွက်လေ..)

Dubai Metro ဆိုတဲ့ UAE မှာ Dubai ရဲ့ ပထမဆုံးရထားစဖွင့်တဲ့နေ့တွေကတော့ Dubai ရာဇ၀င်မှာ မှတ်တမ်းတင်ချင်စရာ.....
.. ရထားတစ်သက်လုံးမစီးဖူးဘူးလို့ဆိုပြီး ကိုယ်ပိုင်ကားတွေကို parking မှာရပ်၊ ဘူတာပေါ်လမ်းလျှောက်တက်ပြီးရထားစောင့်ကြတဲ့ Arabic တွေ၊ ကိုယ်လိုသူလို အလုပ်လာလုပ်သူတွေ ကြောင့် station တစ်ခုမှာ လူ ၅၀၀ ယောက်ဖြစ်သွားတာလေ...
.. ပြီးတော့ အဲဒီရထားစီးဖို့ ၁ နာရီနီးပါး ရပ်စောင့်နေသူတွေကို ရထားမရှိတော့ဘူး ပြန်ပါဆိုပြီးနှင်လွှတ်၊ ခဏနေရဲတွေရောက်လာ.. မပြန်ကြလို့ဆိုပြီး (အဲဒါတောင်အလကားပေးစီးတာမဟုတ်ဘူးနော်...)
လူတွေကအော်၊ ကလေးတွေကငို.... ဆူညံပွက်လောရိုက်.. ဒါနဲ့customer service ကို နံပါတ်နှစ်ထားတဲ့နိုင်ငံပီပီ အော်လံနဲ့ထပ်ကြေငြာ... train မကြာမီလာပါမည် ... မျှော်... ဘာညာပေါ့
.. ခဏနေ train အလာ... ထပ်ပြီးကြေငြာတာက... ”မိန်းမနဲ့ ကလေးတွေသာစီးခွင့်ပြုမည်၊ အထီးလုံးဝလက်မခံပါ” တဲ့....
.. အော်ကြငိုကြပြန်ပေါ့တစ်ခါ... မိန်းမနဲ့ကလေးတွေဆီကအသံတွေ...(Titanic သင်္ဘောကြီးမြုပ်တဲ့ပုံနဲ့ကွက်တိပဲ).. အဲဒီ train သာစီးပြီးအလုပ်သွားရရင်တော့ ညနေရုံးဆင်းချိန်မှ ရုံးရောက်မယ့်သဘောရှိတယ်..

(မငုံရေ.. Dubai အကြောင်းဝေဖန်လို့စိတ်မဆိုးနဲ့နော်.. ကြုံတုန်းဝင်ဖွတာ.....း)

လင်းကြယ်ဖြူ said...

ဒါဆို မငုံက အချစ်လေးနဲ့ စပြီး..
အချစ်လေးနဲ့ပိတ်တဲ့ နိစ္စဒူဝပေါ့နော်...ဟဲ..ဟဲ..
တကယ်ပျော်စရာကြီးပဲဗျာ..
ွှအားကျတယ်ဗျိုးးးးးးးးးး......
လွှမ်းမိုးယူဦးမလား..စီးရီးအများကြီးရှိသေးတယ်...
ကြုံရင် ကူးလာပေးမယ်..ကြိုက်ရင်ပေါ့နော..
ပျော်ပါစေ အစ်မရေ
လေးစားစွာ....
လကဖ

Anonymous said...

ဘဝဆိုတာ ဒီလိုပဲဗျ အဆင်ပြေတဲ့အခါရှိသလို မပြေတဲ့အခါလဲ ရှိတတ်ပါတယ်လေ။ နေတတ်ဖို့ပဲ လိုတာပါ။ ကျနော်ဆို ဘာဖြစ်ဖြစ် သိပ်ပြိးခေါင်းထဲ မထည့်ဘူး... ကိုယ်ဖြေရှင်းနိုင်တဲ့ ပြဿာနာဆိုရင်တော့ တမျိုးပေါ့ မဖြေရှင်းနိုင်တာဆို ခေါင်းထဲက ထုတ်ထားတယ်..။ ဘယ်သူဘာပြောပြော တဖက်ကထည့်ပြီး တဖက်ကပြန်ထုတ်တယ်.. ကဲ ဘယ်လောက် အေးချမ်းလဲ

Angel Shaper said...

ဝါးးးးးးးးးးးးး
နော်ခမ်းကြီးကို အညင်ကတ်နေတယ်နော်။ ဟွန်းးးးးးးး
သူနဲ့ နေ့သစ်စ သူနဲ့ နေ့လေးဆုံး ဟိဟိ
ရိုမန်းကလဲ တစ်တစ်တစ်လို့ကို နေတာပါပဲလား။
မကြီးငုံရေ... ရေခဲမုန့်ကျွေးမယ် ဆိုပြီး လာချော့လို့နော် ခုထိ မကျေနပ်သေးဘူး။ ဟွန်းးးးးးးး

တောင်ပေါ်သား said...

အင်း လုပ်ထားဟ ဘာတဲ့ good morning ဆိုတဲ့စကားနဲ့အတူ နှုတ်ဆက်စကားဆိုရင်း နိုးထစေတဲ့ ချစ်တဲ့သူရဲ့ ----- မပြောတော့ပါဘူး အလုပ်တွေ ရှုပ်နေတယ်ပေါ့လေ အဟုတ်လားး) ကြီးဒေါ်နော် ဟွန်း ဟွန်းး ဟွန်းးးး အသွားအလာ သတိထားပါဗျို့


လေးစားလျက်
တောင်ပေါ်သား

sonata-cantata said...

ဖိတ်စာပို့ဖို့ မမေ့နဲ့

မေလေး said...

ဘာဘဲဖြစ်ဖြစ် ချစ်တဲ့သူလေးရှိနေတော့ စိတ်ပင်ပန်းတာတော်သေးတာပေါ့ကွယ်။
ကွန်ပလိန်း ကွန်ပလိန်း သူတို့တွေ ဘာကြောင့် ဒီလောက် ကွန်ပလိန်းကြိုက်ကြတယ် ဆိုတာ စဉ်းစားလို့ကိုမရတာ

Anonymous said...

ပျော်ရွှင်ပါစေ မငုံရေ ...း)))
ပင်ပန်းပေမယ့် အမောဖြေပေးမယ့်သူရှိတော့ တော်သေးတာပေါ့ .. :D

မိုးခါး

နှင်းနဲ့မာယာ said...

ှုငုံရေ
အခုမှပဲ သိတော့တယ်...
ဟဲဟဲ ကြုံကြွားလေးပေါ့လေ...
ချစ်သူနဲ့ပျော်ရွှင်ပါစေနော်....
သတိတရနဲ့ရေးပေးတာလဲ ကျေးဇူးနော်...

နှင်း

Mogok Thar said...

မငုံရေ
နေ့စဉ်နေ့တိုင်း ချစ်သူ့ စကားသံနဲ့ နိုးထရောတ့ နေပရက်လေးတွေ ထြ ဘယ်လောက် ပင်ပန်းတာ ကြုံရရ၊ အရာရာက လှပနေတော့မှာပေါ့ နော။
အိမ် အပြန်လမ်းတွေက ကြည်မြလှပနေတာ ဟာလဲ ချစ်သူနဲ့ ပြန်ဆူံမယ် ဆိုတဲ့ အသိနဲ့ မို့ထင်ပါရဲ့။
;-)

နေ့နေ့ ညည... မငုံရဲ့ နိစ္စဒူဝတွေ အမြဲ ပျော်ရွှင်ငြိမ်းချမ်းပါစေဗျာ။

ချစ်ခင်လျက်

Unknown said...

ဟိဟိ
ဟုတ်တယ် မငုံက အားနာနေတာ ဒူဘိုင်းရဲ့ ဆိုးကွက်ကို ရေးဖို့ ဘယ်တော့ မှမစဉ်းစားသလို ဒီဒူဘိုင်းမှာပျော်နေတာ ခင်သမျှလူတည်း မှာ သူတစ်ယောက်ပဲ ရှိတယ် မနက် ကတော့ good morning ဆိုတဲ့ အသံမကြားမချင်းလုံးဝကို မထတာဗျို့ ရုံးနောက်ကျရင်ကျပါစေ ၈ယောက်လောက်နေတဲ့ အခန်းတည်းမှာသူတစ်ယောက်တည်းကျန်ခဲ့လည်းကရုကိုမစိုက်ပေါင် အိမ်အပြန်သာစောရင်စောမယ် အိမ်ကနေစောတော့မထွက်ဘူးစိတ်ချ ကဲ ကို...good morning ရေ စောစောနိုးပေးဖို့ တာဝန်လေးများမမေ့နဲ့နော်

မိုးစက်အိမ် said...

အငုံးစ် ဘာဒူဘိုင်းက နိစ္စဒူဝ တွေရေးနေတာလည်း
သူနေတာအမှန်က ဘော.စနီးယား ဟာစီးဂိုးဘီးနားက
ကိုများ အဲအကြောင်းပြန်ရေးပေး :D :P

တလနွန် said...

မငုံ ရဲ့  နိစ္စဒူဝ ကို အားကျသွားပါတယ်။ လက်ဖွဲ့ ဖို့  ပြင်ထားပါတယ် :PPPP


ခင်မင်ခြင်းများနှင့်
တလနွန်

သုခုမလေဒီ said...

မငုံ .. မကိပြောတာဟုတ်လား။း(
နာလိုဘူးနော်၊ ဘယ်လိုလဲပြော?????????