ဒီနေ့တနေကုန် ဒီတပုဒ်ထဲပဲ နားထောင်ဖြစ်နေလို့ မောင်နှမတွေကိုပါ နားထောင်စေချင်တယ်။ :)) ဆားချက်တာ ဟုတ်ဘူးနော်။

14 comments:

Unknown said...

အမငုံရေ...

သီချင်းနှစ်ပုဒ်လုံးနဲ့ ကြေကွဲစွာနားထောင်သွားပါတယ်...

ပြန်မရနိုင်တော့တဲ့ အရင်အချိန်က အရင်ဘ၀တွေကို
သတိရနေရုံမှ အပ...
ဘာမှမတတ်နိုင်တဲ့ နေ့တွေကို ခါးသီးစွာ ဖြတ်သန်းရအုံးမယ်ဗျာ...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

ကိုလူထွေး said...

နားထောင်ကြည့်ပြီး ကြိုက်တယ် မဖူးဘူးရေ...

စကားလုံးတလုံးချင်းကို အသေအချာတွေးကြည့်ရင် အဓိပ္ပာယ်တွေ အများကြီးရှိတာ တွေ့ရတယ်...

မျှဝေပေးတာ ကျေးဇူး...

းဝ)

Anonymous said...

ုစိုင်းထီးဆိုင်တော့ ကြိုက်တယ်ဗျ။ ဒါနဲ့ အိမ်လာပြိး ဘာလာလုပ်တာလဲ ရောက်တယ်ဆိုရုံနဲပ ရဘူးလေဗျာ... ဒီလိုကြေးလား..... ။ဟိ

လင်းကြယ်ဖြူ said...

ကိုထီးကိုကြိုက်တယ်..
အဲ့ဒီ့သီချင်းလေးက အေးအေးလေးနဲ့ကောင်းတယ်..
ဘာတဲ့..
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ...
ကူးထားပေး...အဲ့ဒီ့တစ်ခွေလုံး..
ကျွန်တော်လည်း ကူးထားပေးမယ်..
ယူလာခဲ့..တွေ့ရင်...လဲနားထောင်မယ်..
ဘယ်လိုလဲ...
ပျော်ပါစေ

Angel Shaper said...

မကြီးငုံရေ...
အိမ်မှာ အဖေက ဦးထီး ပရိတ်သတ်ဆိုတော့
သမီးလဲ လိုက်ကြိုက်ရတာ။
သီချင်းလေး အေးသလို အဓိပ္ပာယ်ပြည့်စုံတဲ့ စာသားလေးတွေကြောင့် ပြန်မျှဝေတဲ့ တီငုံ ကို ကျေးဇူးတင်ပါ၏

နှင်းနဲ့မာယာ said...

ငုံရေ
စိုင်းထီးဆိုင်ကြိုက်တယ်..
အဲဒီသီချင်းလေးလဲကြိုက်တယ်...

နှင်း

တောင်ပေါ်သား said...

လုပ်ကုန်ပြီ ကြီးဒေါ်နော်
အချစ်ဆိုတာ လျို့ဝှက်ချက်မဟုတ်ပါတဲ့ အဟေးဟေးးး ထူးတော့ ထူးဆန်းနေပြီဗျို့

လေးစားလျက်
တောင်ပေါ်သား

kiki said...

အချစ်စစ်ဆိုတာဟာလေ ထာဝစဉ် ပေးဆပ်ရခြင်းပါ ....

အကြွေးလဲ မယူခဲ့ မိဘဲ ပေးဆပ်နေရတာချည်း နော် ..
ကိုထီး သီချင်းလေးတွေ အရမ်းကြိုက်ခဲ့ဖူးတယ် ..

ဒီ အာပြို ဂျီး တယောက် ခုတလော မရိုးသားတော့ဘုးနော် ။
နေသာခိုက်မှာ ဘာတွေတွေး။ မိုးအုံ့ တဲ့  အကြောင်းတွေလား ။UV lotion လေး လိမ်းဖို့  မမေ့နဲ့အုံး ... အရေပြားကင်ဆာ ကာကွယ်ပါ .. ဟေးဟေး

(မစ ရတာ ကြာလို့ အတိုးချ ပြီး စ သွားတယ် )

မေဇင် said...

ပိ...နောင့် လွမ်းသွားပြီ... ဦးထီးကို....း( ။ ဘယ်တော့မှ မရိုးနိုင်တဲ့ သီချင်း...။

naylin said...

ကျွန်တော်လည်းအဲဒီ့သီချင်းလေးကြိုက်တယ်။ အရင်က စိုင်းထီးဆိုင်နဲ့ နန်းခမ်းနွဲ့လိတ် တွဲဆိုတာပဲကြားဖူးတာ။

အိုက်ခီလောက် said...

အချီးဆိုတာ ယို တတ်တဲ့သဘာဝ ပါ မဖူး :D
ဘယ်ကလာ ဒီသီချင်းက ကိုဆိုင်မောဝ် သီချင်း
ဆိုတဲ့လူက များနေပြီ မေဆွိလည်းဆိုတယ်
ကောင်းလွန်းလို့ လက်ဖျားတောင်ခါတယ်
နင့်လည်း ခံစားချက်တွေများနေတယ်ထင့်ပါ့
ဟဟ

သုခုမလေဒီ said...

မငုံကြီး ဆားချက်တာဟုတ်ဖူး။ ငပိ ချက်တား)
ငပိချက်ကြိုက်တယ်။ များများချက် ( ပိုချက်) နော်
ငပိချက်နဲ့ ဆိုထမင်းစားကောင်းမှကောင်းး)

မြစ်ကျိုးအင်း said...

ကိုထီးကို ပြန်သတိရသွားမိပြီ....။
သူဆိုတဲ့ သီချင်းတိုင်းနီးနီး နှစ်သက်တယ်။
ရှမ်းသံဝဲ၀ဲလေးနဲ့ ဆိုလို့ သဘောကျမိတာ။
စာသားတွေကလည်း ကိုယ်ပိုင်သံဇဉ်မို့ အဓိပ္ပါယ်ရှိတယ်။

kaungkinpyar192 said...

အချစ်ဆိုတာ လျှို့ဝှက်ချက် တခုပါ။း)