ဒီလို တော်သလင်းလဆိုရင် ကျွန်မတို့ မွေးရပ်မြေလေးမှာတော့ ဖောင်တော်ဦးဘုရားပွဲတော်ရှိပါတယ်။ ဒီဖောင်တော်ဦး ဘုရားက ပင်လောင်းမြို့ရဲ့ အနီးနားက ပင်လောင်းကြီးဆိုတဲ့ ရွာလေးမှာ တည်ရှိတယ်လေ။ ဒီပင်လောင်းကြီးဒေသဟာ တောင်ထူထပ်ပြီး ဂူပေါင်းများစွာရှိတယ်။ ဒီဂူတွေထဲကို အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ် စတဲ့စစ်ကြီး ခေတ်တွေမှာ သွားရောက်နေထိုင် ခိုအောင်းကြရတယ်လို့ လူကြီးသူမများပြောတာ ကြားဖူးပါတယ်။ ကျွန်မတို့ ပင်လောင်းမြို့လေးကို လူအတော်တော်များများသိတာက ပအိုဝ့်လူမျိုးအများစု နေထိုင်ရာပေါ့။ မှန်ပါတယ်။ ကျွန်မမွေးရပ်မြေရဲ့နယ်မြေလေးမှာ အများစုက ပအိုဝ့်လူမျိုးများဖြစ်ပြီး ရှမ်း ၊တောင်ရိုး အသင့်အတင့် နေထိုင်ပါတယ်။ ဒီပင်လောင်းကြီးကျေးရွာမှာတော့ ရှမ်းလူမျိုးများချည်းသာ နေထိုင်ပါတယ်။ အဓိက လက်ဖက်ခြောက်လုပ်ငန်း ၊ ရှမ်းစက္ကူလုပ်ငန်းနဲ့ အသက်မွေးပါတယ်။

ဒီဖောင်တော်ဦးဘုရားပွဲကို ပင်လောင်းမြို့နယ်တစ်ခွင် ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားများ လာေ၇ာက်ကြပါတယ်။ ဒီအတွက်လာရောက်သမျှ ဧည်သည်များကို ကျွေးမွေးရန် ပင်လောင်းကြီး ဖောင်တော်ဦးဘုရားပွဲရဲ့ဟင်းလို့ သတ်မှတ်ရလောက်တဲ့ မျှစ်စင်းဟင်းပါပဲ။ မျှစ်များကို ပင်လောင်းနယ်တခွင်မှ လူကြီးလူငယ်များက ပွဲမစမီ သုံးရက်အလိုကတည်းက မိမိတို့အိမ်မှ ဓားကိုယ်စီနဲ့ သွားရောက်ကြပြီး အတူတကွ စင်းကြပါတယ်။ ဒါလေးက တကယ့်ချစ်စရာ အလေ့အထလေးပါ။ မည်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှု့မပါပဲ တပျော်တပါး လာရောက် မျှစ်စင်းကြပါတယ်။ မျှစ်စင်းရာမှ ထွက်လာတော့ ဒုတ်..ဒုတ် ဆိုတဲ့ ဓားချက်သံတွေ ၊ အချင်းချင်း စကားပြောခြင်း ၊ နောက်ပြောင်ပြောဆိုခြင်းများဖြင့် ညီညွှတ်စွာ စုပေါင်းလုပ်ကိုင်ကြပါတယ်။ ဒီစင်းပြီးသားမျှစ်များကို ၀က်သားသုံးထပ်သားနဲ့ ချက်ကြပါတယ်။ နောက်အချဉ်ပွဲအနေနဲ့ သရက်သီးစင်းသုပ်လေးပါ။ မလာရောက်နိုင်တဲ့ အိမ်များကိုလဲ ချိုင့်များဖြင့် ထဲ့ပေးပြီး ပို့ဆောင်ပေးပါတယ်။ ဒီမျှစ်စင်းဟင်းကို မစားလိုက်ရရင် တစ်နှစ်တာမပြည့်စုံသလိုအထိ ပင်လောင်းကြီးဖောင်တော်ဦးဘုရားပွဲ မျှစ်စင်းဟင်းက နာမည်ကြီးလှပါတယ်။

ဒီဘုရားပွဲကို ပဒေဿပင်များ သီကုံးပြီး သွားရောက်လှူဒါန်းကြပါတယ်။ ရပ်ကွက်အလိုက် ကျေးရွာအလိုက်အပြင် ပင်လောင်းမြို့ရှိ ကျောင်းများမှလဲ ပဒေဿပင်သီကုံးပြီး သွားရောက်လှူဒါန်းကြပါတယ်။ ကျောင်းသူများကတော့ စိန်ရောင်ခြည်ဘုရားပင့်ကို ပွဲတော်အတွက် နှစ်ပတ်အလိုကတည်းက ဆရာမမှ လေ့ကျင့်သင်ကြားပေးပြီး သွားရောက်ရွတ်ဆိုပူဇော်ကြပါတယ်။ အလယ်တန်းကျောင်းဆိုရင် အတန်းအကြီးဆုံးဖြစ်တဲ့ ရှစ်တန်းကျောင်းသူများမှ ပူဇော်တယ်။ မူလတန်းဆိုရင် လေးတန်းကျောင်းသူများမှ ပူဇော်တယ်။ အဲဒီလို ပွဲတော်ရက် တော်သလင်းလပြည့်နေ့မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပတဲ့ ဖောင်တော်ဦးဘုရားပွဲ့အကြောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။ အလည်တစ်ခေါက်အရောက်လာကာ ဘုရားဖူးရင် ပွဲတော်ရဲ့ မျှစ်စင်းဟင်းကို လာရောက်မြည်းစမ်းဖို့ ဖိတ်ခေါ်ပါတယ်။။။။။

20 comments:

စိုင်းနော်ခမ်း said...

ချစ်စရာကောင်းတဲ့ ရှမ်းရိုးရာဓလေ့လေးပါ တောင်ပေါ်သားတစ်ယောက်ဖြစ်ပေမယ့် မျှစ်စင်းဟင်းကိုတော့ တစ်ခါမှမစားဖူးပါဘူး ကြုံရင် ကျွေးပါအုံး

ကောင်းကင်ပြာ said...

မမလဲ မစားဖူးဘူး၊ မျှစ်ကြိုက်တယ် ကျွေးရမယ်နော်း)

Unknown said...

မငုံရေ...

အထက်မြန်မာပြည်တော့မရောက်ဖူးပါဘူး...
အခွင့်ရှိသေးရင် ရောက်ချင်သေးတယ်ဗျာ....

မျှစ်စင်းဟင်းဆိုလို့ စိတ်ဝင်စားသွားတယ် ကျနော်တို့က သိတယ်ဟုတ် ... မျှစ်တာလဘော့ ပဲလုပ်တတ်တာ...

ရိုးရာဓလေ့တွေကတော့ ဘယ်နေရာဘယ်ဒေသရောက်ရောက် အမြဲသတိရလျှက်ပါ... အချိန်ရောက်တိုင်းလွမ်းရလွန်းလို့...
အလွမ်းတွေသာ တိုးတိုးလာတယ်ဗျို့...

ပျော်ရွှင်ပါစေ
ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

Angel Shaper said...

ဗျိုးးးးးးးးးး ရှမ်းမကြီးးးး ချင်းမလေးကို မျှစ်စင်းဟင်း ကျွေးပါဗျိုးးးးးးးးးး

ဇော် said...

တွေ့ရင်တော့ ချက်ကျွေးဖို့သာပြင်ပေတော့နော ဒေါ်လေး။ =)

ကျနော်လဲ လွမ်းလိုက်တာ။ ဟင့်။ =(

မေဇင် said...

ပိရေ.... မျှစ်စပ်ဟင်း လေး စားချင်သွားပြီ...ပြီးတော့... ကိုယ်မရောက်ဖူးတဲ့ ဒေသက အကြောင်းလေးတွေ သိသွားရတယ်...။

Anonymous said...

စားဘူးဘူးနော်။ မငုံပြန်ရင် လိုက်လည်မယ် ခေါ်သွားနော်။

:P

တလနွန် said...

မျှစ်စင်းဟင်း စားချင်တယ် :)

Anonymous said...

အင်းလေး ဖောင်တော်ဦး တခါမှမရောက်ဖူးဘူးဗျာ.... လာလည်ချင်တယ် အလည်ခေါ်မလား... ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေ ထဲမှာပဲ တွေ့ဖူးနေတယ်ဗျ အရမ်းရောက်ဖူးချင်တယ်..။။

ဂျေဂျူဝိုင် said...

အော်... လာရောက်ဖတ်ရှုသွားပါတယ်ဗျာ။ ပင်လောင်းကို ရောက်တော့ ရောက်ဖူးတယ်။ လွိုင်ကော်သွားတုန်း အဲမှာ ခဏနားတာကိုး။ အရမ်းအေးတဲ့ မြို့ပဲ

Libratun said...

နောက်တစ်ခေါက် လာပြီး အဲဒီ့ ပွဲလေးကို နွှဲမယ်။ မမေ့ကြေးနော်...

လင်းကြယ်ဖြူ said...

ပွဲတော်ဆိုတော့ ကိုစိုင်းထီး သီချင်းလေးတစ်ပုဒ် သတိရမိ၏။
တူယှဉ်ကာတွဲလို့ကတဲ့ ညလေးတစ်ည...
ပျော်ဖို့ကောင်းသလားမေးပါနဲ့ ..ဆွေမျိုးမေ့အောင်ပျော်ဖို့ကောင်း...အို လင်းကြက်တို့စတွန်ပြီ...တကယ်မိုးမလင်းနဲ့ တကယ်မလင်းနဲ့...

ကိုလူထွေး said...

ဖောင်တော်ဦးဘုရားတွေကို ကိုယ်တိုင်ကိုယ်ကျဖူးခွင့်ရချင်တယ်... ပင်လောင်းအင်းလေးဘက်ကိုလဲ အလည်သွားချင်တယ်... အခုတော့ မတတ်နိုင်သေးဘူး...

မငုံရေးပြတဲ့ ဟင်းချက်ပွဲက တကယ့်ကို ပျော်စရာကြီးပဲ... လွမ်းမယ်ဆိုလဲ လွမ်းလောက်စရာပေါ့...

းဝ)

အိုက်ခီလောက် said...

ငါအထင်တော့ နင့်မချက်တတ်ဘူးမဟုတ်လား အမ
ခုက သူများလုပ်တာမြင်ပြီးေ၇းသွားတာ မလား
ချက်တတ်တယ်ဆို ရေးပြပါအုန်း
ဘယ်လိုချက်တယ် ဘယ်အချိန်မှာ အသားထည့်မယ်
နောက်ဘာတွေ ထည့်ချက်ရတယ်ဆိုတာ
မျှစ်နဲ့ ဝက်သားချည်းပဲလား ထည့်ချက်တာ တစ်ခြားဘာတွေပါသေးလည်း
နာမည်ကြီးတယ်ဆိုလို့ ပါ တစ်နှစ်မှာ မစားရရင် မပြည့်စုံဘူးဆိုလို့ 
နင့်ချက်နည်းတွေ ရေးချလိုက်စမ်းပါ မဖူးး :D
အဟတ် ငါ့သိနေပါတယ် ငါ့အမအကြောင်းကို ဟဟ

kiki said...

ခီလောက်ကို ပါ ထဲ့ ချက်လိုက် မငုံရေ .
ခု ..ဝက်သားဈေးကြီး တယ်ဆိုတော့ အတော်ဘဲ ..
သူ့ ဆီတော့ သုံးထပ်သား ရှိမယ် မထင်ဘူး .. အရိုးပြုတ်ပေါ့ .ဟိဟိ ။

မျှစ်စင်းဟင်းလေး စားချင်လိုက်တာ ..
ကြက်သွန်ဖြူ ၊ငြုတ်သီး ထောင်းကြော် ကျွတ်ကျွတ်လေးနဲ့  ။။ အားပါးး မွှေးမှ မွှေး ။။
ခုတော့ စိတ်ကူး နဲ့ ဘဲ စားရတော့မယ် ..
မျှစ်ရော ဝက်ရော မတည့်တော့ဘူး ..ငတ်ပြီလေ ..

ငါးထမင်းချဉ်နဲ့  ဂျူးမြစ်လေးလဲ လွမ်းတယ် တော်...
ပြန်ရင်တော့ ဖေါင်တော်ဦး ဘုရား သွားဖူးအုံးမယ် ...
ဘယ်တော့လဲ တော့ မသိ .. :(

Khyl said...

ဖောင်တော်ဦး ဘုရားတော့ ဖူးဘူးတယ် ငုံရေ... အင်းလေးဒေသကို မြန်မာပြည်ရှုခင်းတွေထဲမှာ အကြိုက်ဆုံးပဲ... အင်းထဲဆင်ပြီးရေကူးခဲ့ရတာလေး ခုထိ မမေ့သေးဘူး.... နောက်တခေါက်သွားချင်သေးတယ်... လာလည်မယ်နော်... မျစ်စင်းဟင်းလေး ချက်ကျွေးနော်...နော်...နော်...

သမီးပျို said...

သရေ တဗြန်းဗြန်းနဲ့ ဖတ်ရတာ မနိပ်ပါဘူး မငုံရာ မွေးနေ့ရောက်ရင်ချက်ကြွေးကြည့်ပါလားဟင် စားချင် လို့ပါ ကိုဖြိုးမွေးနေ့မှာ ချက်ခဲ့မယ်ဆိုလည်း အချိန်မီပါသေးတယ် ဖောင်တော်ဦးဘုရားပွဲက တော်သလင်းလ လား ခုဘာလလည်းမသိ

ရေတမာ said...

ချစ်စရာရှမ်းဓလေ့လေးနော် ရှမ်းအနွယ်ပေမယ့် ရှမ်းပြည်ကိုတခေါက်မှ မရောက်ဘူးသေးဘူး။ အလည်လာရင် မျှစ်စင်းဟင်းလေး မြည်းစမ်းကြည့်ချင်စမ်းပါဘိ

သုခုမလေဒီ said...

မငုံတကယ်ခေါ်နော်။ လာချင်တယ် မျှစ်နဲ့ ဝက်သား ကလည်း ကြိုက်တယ်။ ချက်ကျွေး
ဖောင်တော်ဦး ဘုရားလည်းဖုးချင်တယ်။ ဖွားကိနဲ့ အတူလာမယ်။း) (စိတ်ကူး)

မြစ်ကျိုးအင်း said...

အင်းလေနဲ့တောင်ကြီးပါတ်ဝန်းကျင်ပဲ ရောက်ဖူးတာ
မငုံပြောတဲ့ ရိုးရာ ဓလေ့တွေကို တကယ်ကို မြင်တွေ့ချင် တယ်....။မျှစ်နဲ့ဝက်သားချက်တော့ အိမ်မှာချက်တာ စားဖူးတယ်...။အဲဒီကနဲ့ ပုံစံမတူလောက်ဘူး ထင်တယ်နော်။ပျော်စရာကောင်းမှာပဲ...။