Justify Fullမေလရဲ့ တညနေခင်းမှာ မိုးမိုးက အပြင်သွားမယ်ပြောလို့ လိုက်သွားရာကနေ ငါးပေရှစ်လက်မ အရပ်အမောင်း အသားညိုမယောင်နဲ့ဖြူဝင်းနေပြီး ရယ်ပြုံးနေတဲ့ မျက်နှာထားချိုချိုနဲ့ သူ့ကိုစမြင်လိုက်တော့ စိတ်ထဲမှာ တော်တော်လေး ရင်းနှီးခင်မင်နေခဲ့မိတယ်။ မိုးမိုးနဲ့စကားတွေ ပြောနေတဲ့ပုံက မာနရိပ်ဆိုတာမရှိပဲ ရိုသေလေးစားမှု့အပြည့်ရှိနေခဲ့တယ်။ အပြန်မှာတော့ ကျွန်မကိုပါ ခေါင်းငြိမ့်ပြီး အသိအမှတ်ပြု နှုတ်ဆက်လိုက်တဲ့ အပြုံးလေးက စွဲမြဲပြီးထင်ကျန်ရစ်လာတယ်လေ။ အဲဒီနေ့ရက်မှစ စနေနေ့တိုင်း ကျွန်မအတွက် တာဝန်လေးတစ်ခု ရရှိလာပါတော့တယ်။ သူ့အဆောင်ဆီသို့သွားပြီး လိုအပ်တဲ့ပစ္စည်းလေးတွေ ပို့ဆောင်ပေးရတဲ့ ၀တ္တုရားလေးကို ကျေနပ်စွာ ထမ်းဆောင်ခဲ့တယ်။

ဧည့်တွေ့ဆောင်ရဲ့ ဆက်တီခုံမှာ ထိုင်နေပေမဲ့ နောက်ဘက်ဆီက လျှောက်လမ်းလာတဲ့ ခြေသံဖွဖွတွေအကြား နှစ်မြောနေမိတယ်။ ပုဆိုးအပြာရင့်ရင့်ကို ရှပ်အင်္ကျီဝါနုနုလေးနဲ့ တွဲဖက်ဝတ်ထားတဲ့ အဲဒီစနေညနေလေးက မေ့မရဖြစ်ခဲ့မယ်ဆိုတာ မယုံကြည်ရဲခဲ့ဘူး။ “ ညီမလေး sorry နော်။ စောင့်နေတာကြာသွားလား “ တဲ့။ တွေ့တာနဲ့ နှစ်လိုဖွယ်ကောင်းပြီး ပြုံးရယ်နေတတ်တဲ့ မျက်နှာထားလေးနဲ့ အားတုံ့အားနာပုံဖြင့် ပြောဆိုလာပုံက နွေးထွေးနေတယ်။ အသက်အရွယ်ချင်း တစ်နှစ်သာကွာပေမဲ့ လူကြီးဆန်လှတယ်။ သူ့ရဲ့မေးမြန်းမှု့တွေနဲ့အတူ စကားတွေပြောနေပေမဲ့ ရှက်ရွံ့မှု့တွေက အလိုလိုဖြစ်ပေါ်လာမိတယ်လေ။ ကားထဲအရောက် ပို့ဆောင်ပေးပြီး နှုတ်ဆက်ထွက်သွားတဲ့ သူ့နောက်ကျောပြင်ကို ကားပေါ်ကနေ အလိုအလျောက် ငေးမောနေမိတယ်။

တနင်္ဂနွေနေ့လည်ခင်းမှာတော့ သူ့အဆောင်နဲ့ ကျွန်မတို့နေထိုင်ရာ အိမ်လေးက မဝေးပေမဲ့ လမ်းက သွားရခက်တာမို့ လေယာဉ်ပြေးလမ်းပေါ်ကနေပဲ ဖြတ်လမ်းဖြင့် စက်ဘီးတစ်စီးနဲ့ ရောက်ရှိလာပြီး အိမ်မှာပဲ သူ့မိသားစုနဲ့ဖုန်းပြော၊ နေ့လည်စာစား၊ စကားပြောခြင်းများဖြင့် ညနေ ငါးနာရီမထိုးမချင်း အချိန်ကုန်ခဲ့တယ်လေ။

တနင်္လာနေ့ကနေ သောကြာနေ့အထိ အရင်ကဆို အမောင်းသင်လေယာဉ်သံများကို အမှု့မဲ့အမှတ်မဲ့ ရှိနေခဲ့သူက အခုဆို ကျောင်းပြန်လာချိန်တိုင်း အိမ်ထဲမ၀င်ဖြစ်သေးပဲ အိမ်ကနေ မြင်တွေ့နေရတဲ့ မြင်ကွင်းလေးကို ငေးမောနေတတ်လာခဲ့တယ်လေ။ စနေနေ့ရက်များကိုလဲ ရင်ခုန်စွာ မှန်ရှေ့မှာ အချိန်ပိုကြာမြင့်စွာ နေတတ်လာသလို တနင်္ဂနွေနေ့ ရက်ပေါင်းများစွာကိုလဲ ဒန်းလေးပေါ်ကနေ စာထဲစိတ်ဝင်စားသယောင်နဲ့ လာရာလမ်းလေးဆီ ငေးမောနေတတ်လာခဲ့တယ်။ ခပ်ဝေးဝေးမှ အရိပ်လေးကို တွေ့မြင်ရတယ်ဆိုရင်ပဲ လက်ဖျားခြေဖျားတွေ အေးစက်လာမိပြီလေ။

နာ၇ီစက္ကန့်တိုင်း ရက်တွေတိုင်းဖြတ်ကျော်လာခဲ့ရသလို သူနဲ့ရင်းနှီးပျော်ရွှင်စွာ နေရတဲ့အချိန်တိုင်းကို စိန်စီထားမိလာတယ်။ အချွဲနွဲ့လွန်းပြီး “ကိုး “ လို့ခေါ်လိုက်တိုင်း ရယ်ဟဟနဲ့ သဘောကျနေတတ်တဲ့ ၊ စိတ်ကောက်နေတဲ့ ကျွန်မကို ခေါင်းပုတ်ပြီး ချော့လိုက်ဖို့ ၀န်မလေးတတ်သလို ၊ ကျွန်မ စိတ်ဆိုး စိတ်ကောက်မှာ အင်မတန်မှ ကြောက်သူပေါ့။ တစ်ခါတစ်ရံ မိန်းကလေးပါးစပ်ဖျား ထွက်ပေါ်လာတဲ့ သူ့နာမည်ကို ကြားရရင်တောင် ပူလောင်စွာ သ၀န်တိုမိနေပြီး မျက်နှာစူပုတ်နေတတ်ပေမဲ့ အဲဒီမိန်းကလေးတွေအရှေ့မှာ နေပူမှာစိုးလို့ အရိပ်အောက်မှာ နေဖို့ နဲ့ မြင်ရလောက်တဲ့နေရာကနေ ရပ်ပြီး မကြာခဏ စိတ်ပူစွာ လှမ်းကြည့်နေတတ်တဲ့ အချိန်ကျတောဲ့ မော်ကြွားစိတ်နဲ့ ပြုံးနေမိတယ်လေ။

အများအမြင်မှာ လက်တွဲခိုင်မြဲမယ်လို့ ထင်မြင်ယူဆချက်ကြား ကွဲကွာခဲ့ရပေမဲ့ ဒီပျော်ရွှင်စရာ ဒိုင်ယာရီနေ့ရက်လေးကိုတော့ မမေ့ဖျောက်မိသေးဘူးလေ။

မကြီးကျေနပ်တယ်မလား?? ဒိုင်ယာရီရက်စွဲများထဲကနေပြီး ပျော်ရွှင်ခဲ့ရတဲ့ ဒိုင်ယာရီနေ့စွဲလေးကိုပဲ ဖတ်ပြလိုက်မိတယ်လေ။

19 comments:

ရေတမာ said...

အနော် ၁ အော် ကိုး တစ်စခန်းထလာပြန်ပြီ
မမရောင်ရေ ပြန်ရှင်းပေးလိုက်ဦး

Angel Shaper said...

တမာပုပ်ကို တွေ့ လို့ လှည့်ပြန်ပြီ။
အဲကောင်ကို ကွေးတယ်။ ဂယ်ပဲ။
လိုက်လိုက်လုတယ်။ တစ်ပြောတာ။ အရိုးမဟုတ်။ ဟိဟိ
ဟွန်းးးးးးးး ကွေးတယ်နော်။

Angel Shaper said...

ဒေါ်ကြီးငုံ...
အဲဒါ ဘူလဲ သိတယ်နော်။
ဟဲဟဲ.....
ဟဲဟဲဟဲ
ဗြဲဟဲဟဲ
၉ ရက်နေ့ ရေခဲမုန့် ဝယ်ကျွေးရန် ပြင်ပေရော့။ ဟိဟိ

Yu Ya said...

မငုံရေ..ပျော်ရွှင်တဲ့ ဒိုင်ယာရီ စာမျက်နှာလေးပေါင်းများစွာ ဖြစ်တည်ဖွဲ့စည်းနိုင်ပါစေလို့

ဆန္ဒမွန်ဖြင့်
yu ya

Anonymous said...

ငုံလေးရေ ........ ဒီဒိုင်ယာရီ နေ့စွဲလေး ထာဝရ ပျောရွှင်နိုင်ပါစေနော်။ ကောင်မလေး ဆားချက်လိုက်တာလား။ ဒီပိုစ့်မျိုးလေး ဖတ်ဘူးတယ်နော် ငုံ။ :P

အခုလို အမှတ်တရ နေ့ရက်လေးတွေကို သတိတရနဲ့ ရေးပေးတဲ့ ညီမလေးကို ကျေးဇူးတင်ပါတယ်။ ထာဝရ ပျော်ရွှင်နိုင်ပါစေ ညီမလေးရေ...

ခင်တဲ့မကြီး

မြစ်ကျိုးအင်း said...

အဲဒီကိုးအကြောင်း ဖတ်ဖူးသလိုပဲ။
ပျော်ရွှင်ဖွယ်ဒိုင်ယာရီလေး ဆက်ရေးနိင်ပါစေဗျာ

မေဇင် said...

မမ ရေ....အဆုံးထိ ဖတ်ချင်တယ်..အရမ်း ဖတ်လို့ကောင်းတာပဲ... တကယ်အဖြစ်လားဟင်... ။ ပျော်ရွှင် တာနဲ့ ဇတ်မသိမ်းဘူးလား ဟင်..။ ပျော်ရွှင်ပါစေနော်..။

Anonymous said...

မမငုံက စာရေးတာအရမ်တော်တာဘဲ လူရဲပုံကိုမျက်လုံးထဲမှာပေါ်လာအောင်ရေးတက်တယ်...
ရေးနည်းလေးသင်ပေးပါလာ...
ပျော်ရွှင်ခဲ့ရတဲ့ ဒိုင်ယာရီနေ့စွဲများ အများကြီးဖြစ်ပါစေ....

မေလေး said...

မမငုံ ပျော်စရာ ဒိုင်ယာရီ နေ့စွဲများ ပိုင်ဆိုင်နိုင်ပါစေနော်။
မမ စာရေးတာ တကယ်တော်တယ်။

အိုက်ခီလောက် said...

ဆားချက်တယ်ဝေး ငါအမတော့ ဆားတွေချက် ငံပြာရည်တွေဖျော်နဲ့ ဟုတ်နေပြီပဲ ကွ
နင်မောင်တော့မူးလို့ ကောင်းနေတုန်းပဲ သိလား

လင်းကြယ်ဖြူ said...

အဟမ်း...အဟမ်း..
ဆောရီး..နဲနဲချောင်းဆိုးနေသေးလို့...
အဲ့ဒါဘူလေးလဲ ....
သူလေးပဲ..ဖြစ်မှာပါလေ...သိနေပါ၏...
ပျော်ကြပါစေ ...ပျော်ကြပါစေ...
၉ ရက်နေ့ မဟုတ်ဘူးနော...၇ ရက်နေ့..ဖြစ်မလား..
ညနေ မေးလ်ပို့လိုက်မယ်..

ကိုလူထွေး said...

ဖတ်ဖူးတယ်လေ...

ဆန္ဒရှိတယ်ဆိုရင် ပြန်ဆုံပါစေ ဆုတောင်းပေးပါတယ်ဗျာ...

းဝ)

ကြယ်ပြာ said...

မငုံလေးေ၇ ...

မငုံရေးထားတာလေးဖတ်ရင်း လိုက်ခံစားမိတယ် အဲ့တုန်းကပျော်စရာလေးပေါ့ ... ခုတော့လွမ်းစရာလေးနော် .... ဖတ်လို့ကောင်းတယ်ဟ ...

စိတ်၏ဖြေရာ said...

လွမ်းဆွေးမှုကင်းပြီးကြည်နူးပျော်ရွင်ဖွယ်ကောင်းတဲ့
ဒိုင်ယာရီနေ့စွဲတွေကိုသာဖြတ်သန်းကျော်လွန်နိုင်ပါစေ
ညီမလေးရေ..

နော်ခမ်း said...

အချိန်လေးတွေကိုတောင်မှ စိန်စီထားတယ်ဆိုတော့ ...ဟိဟိ... ဆုပဲတောင်းပေးတော့မယ်ဗျာ စိန်စီထားတဲ့ မိနစ် စက္ကန့် တွေကို ပိုင်ဆိုင်ပြီးအမြဲတမ်းပျော်ရွှင်နိုင်ပါစေဗျာ.......

သုခုမလေဒီ said...

မငုံ ..အဲဒါ ဒူရဲ ဒူရဲ ပြော.
မပြောရင်စိတ်ဆိုးမှာ၊ လာမလည်တော့ဘူးးးးး(
ဖတ်ရတဲ့သူက တန်းလန်းကြီးကျန်ခဲ့တယ်။

Libratun said...

ကောင်းလိုက်တဲ့ ဒိုင်ယာရီလေး...

ကောင်းကင်ပြာ said...

လေယာဉ်ပျံသံ ကြားတိုင်း သတိရနေမှာလားဟင်း)

Anonymous said...

သူမသိသွားဘူးလား... ညံ့ပါ့ဗျာ