ဦးလူထွေးအိမ်မှာ ကောမန့်အပေးကောင်းလို့ သိမ်းကြုံတဂ်တဲ့အထဲ ပါဝင်သွားတယ်။ လေးစားရတဲ့ သူရဲကောင်းတွေကတော့ အများကြီးပဲ ဦးလူထွေးရ ။ ရှေးရှေးပဝေသဏီကနေစတာပေါ့။ အစက ကျွန်မ ၀န်းသိုစော်ဘွားကြီးအကြောင်းရေးဖို့ စိတ်ကူးထားပေမဲ့ လိုအပ်တဲ့ အချက်အလက်တွေအတွက် အခက်အခဲ ရှိခဲ့တယ်။ ကျွန်မရဲ့မောင်လေး ခွန်ဖ( ယမကာလုလင်) နဲ့ တူတော်မောင် ချီခန့် (ငပျင်းလေး) တို့ကို အပူကပ်နေရတာ။ နောက်ဆုံးမှာတော့ အနုပညာလောကမှာ ကျွန်မတို့ ရှမ်းတိုင်းရင်းသားတွေသာမက မြန်မာတစ်နိုင်ငံလုံးက အသိအမှတ်ပြုထားရတဲ့ တေးရေးဆရာ ဦးစိုင်းခမ်းလိတ်အကြောင်း ရေးဖို့ ရွေးလိုက်ကြတယ်။

တေးရေး ဆရာ ဦးစိုင်းခမ်းလိတ်ကို ၁၉၄၉ ခု ဧပြီလ ၂၇ ရက်နေ့မှာ သိန္နီ စော်ဘွားကြီးရဲ့ အမတ်၊ ရှမ်းစာဆိုတော် လုံးခမ်းကာ နဲ့ ပါစိန်ဥတို့ရဲ့ သားသမီး ၄ ယောက်အနက် ဒုတိယ သားကြီး အဖြစ် သိန္နီမြို့ ဟိုတဲန့်ရပ်ကွက်မှာမွေးဖွားခဲ့ပါတယ်။ ၁၉၇၁ မှာ ဒေါက်တာဒေါ်နွဲ့နွဲ့တင်နဲ့ လက်ထပ်ပြီး သားသမီး ၄ ယောက်ထွန်း ကားခဲ့ပါ တယ်။ ၁၉၇၆ မှာ M.B.B.S ဆရာဝန်ဘွဲ့ကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ဆရာဦးစိုင်းခမ်းလိတ် ဟာ ရိုးသားကြိးစား သူတယောက်ဖြစ်ကာ တော်တော်လေး စာဖတ်တဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဆေးကျောင်းက တက္ကသိုလ်ဆရာတချို့ ကတောင်သူ့ဆီ စာအုပ်တွေ ပြန် ငှားဖတ်ရတယ်လို့ သိရပါတယ်။

ဆရာဦးစိုင်းခမ်းလိတ်ဟာ ၁၉၆၅-၆၆ ကတည်း က တေးသီချင်းများကို စတင်ရေးစပ်ခဲ့ပါတယ်။ တေးသီချင်းတွေအမြောက်အများရေးစပ် သီကုံးခဲ့တယ်။ မန္တလေးရောက်ရှမ်းတယောက် သီချင်းနဲ့ မြန်မာတပြည်တခုလုံးသာမက တိုင်းရင်းသားတွေကြားမှာ နာမည်ကြီးခဲ့တယ် လို့လဲ သိရှိရပါတယ်။

ဆရာဦးစိုင်းခမ်းလိတ် ရေးသားခဲ့တဲ့ တေး အပုဒ်ရေ ၁၀၀၀ ကျော်အနက် အင်္ဂလိပ်တေးသီချင်း ၃၅ ပုဒ်၊ မြန်မာ တေးသီချင်း အပုဒ်ရေ ၅၀၀ ၀န်းကျင်နဲ့ ရှမ်းတေးတွေအများအပြားရေးသားတဲ့အတွက် ပင်လုံမြို့ ပရိယတ္တိသဒ္ဓမ္မပါလပိဋိကတ် ရှမ်းဘာသာပြန် ကျောင်းတိုက် နှစ် ၅၀ ပြည့် ရွှေရတုသဘင်အခမ်းအနား ကျင်းပရေး ကော်မတီက သျှမ်းစာဆိုကျော်အဖြစ် ဂုဏ်ပြု ချီးမြင့်ထားပါတယ်။

ဆရာဦးစိုင်းခမ်းလိတ်ရေး သီချင်းတွေထဲမှာ ကျွန်မ နှစ်သက်တဲ့သီချင်းတွေ အများကြီးပဲ။ အဲဒီအထဲမှ အနှစ်သက်ဆုံးသီချင်းကတော့ သဘာဝ ဆိုတဲ့ အဲဒီသီချင်းပဲ။ တော်တော်လေးကောင်းတယ်။ စာသားတွေလဲ အဓိပ္ပါယ်ဖွဲ့စည်းတာ လှတယ်။ လေးနက်တယ်။ ကျွန်မငယ်ငယ်ကဆို ဦးထီးဆိုတာနဲ့တင် ဆရာဦးစိုင်းခမ်းလိတ်ကိုပါ တခါတည်းတွဲမြင်လာတယ်။ ဆရာဦးစိုင်းခမ်းလိတ်က ရှမ်းပြည်အလှအပ၊ လူနေမှုဘ၀ ဖေါ်ဆောင်တဲ့တေးတွေလဲ အများအပြား ရေးသားခဲ့တယ်။ ဂီတအနုပညာကဏ္ဍမှာ တောင်ပေါ် ရှမ်းတိုင်းရင်သားတွေအတွက် စံပြပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြု ဂုဏ်ယူခံရတယ်။


ဝန်ခံချက် ၊ ၊ ဒီပိုစ့်အတွက် ကျွန်မက စာဖတ်ပြီး ရေးရုံသာဖြစ်ပါတယ်။ ဒီအချက်အလက်များကို သျှမ်းသံတော်ဆင့်မှ ရယူထားခြင်းဖြစ်ပါတယ်။ လိုအပ်တဲ့ အချက်အလက်အားလုံးကို ရှာဖွေပေးတဲ့ ခွန်ဖ( ယမကာလုလင်) ကိုကျေးဇူးတင်ပါတယ်။ ဒီအချက်အလက်များကို သျှမ်းသံတော်ဆင့်မှ ရယူထားခြင်းဖြစ်ပါတယ်။

25 comments:

နော်ခမ်း said...

ကျတော်လည်း လေးစားခံရတဲ့ တိုင်းရင်းသားတစ်ယောက် ဖြစ်ချင်သားဗျ

မငုံ said...

နော်ခမ်း >>လေးစားခံရမယ်လေ။ ငါးလျော်မလား ?? စတာပါ။ လေးစားခံရတဲ့သူ တယောက်ဖြစ်ပါစေ။ လူသားအတွက် အကျိုးပြုပေးပေါ့နော့။

ခီခန့် said...

အွန်.. အပြေးလာတယ် သူများက ဦးတွားပြီ...

ဟုတ်ပါတယ်ဗျာ.. လေးစားဖို့ကောင်းတဲ့ ရှမ်းတိုင်းရင်းသားတယောက်ပါပဲ..... ဖတ်သွားပါတယ်ဗျာ... ရင်ထဲမှာ အမြဲရှိနေမှာပါ ရှမ်းလူမျိုးနဲ့ တိုင်းပြည်အတွက် အကျိုးပြုတဲ့ သူတွေကိုအစဉ်လေးစားနေမှာပါ..။

Sein Lyan Tun said...

စိုင်းခမ်းလိတ် ရေးတဲ့သီချင်း ကြိုက်တယ်...

ရှမ်းသား ရှမ်းသူတွေ အတွက်တော့ ဂုဏ်ယူစရာတစ်ခုပေါ့


ချစ်ခင်စွာဖြင့်

ဖိုးစိန်

Angel Shaper said...

ဒိုင်းဘူအုပ်စု နောက်ကျတယ်။ ဟဟားးးးးးးးးး
သမီးလည်း ဦးစိုင်းခမ်းလိတ်သီချင်းတွေ ကြိုက်ကြိုက်ကြိုက်...ငယ်ငယ်က ဖေဖေ့ဆီက နားထောင်နေကျမို့လို့လေ။ သမီးလည်း လေးစားဖို့ကောင်းတဲ့ တိုင်းရင်းသူ တစ်ယောက်ဖြစ်ချင်သား။ ခုထက်ထိတော့ ကြိုးစားနေဆဲပါ။

ကိုရေတမာ said...

credit က ဘယ်သူကိုပေးရမှာလဲ သံတော်ဆင့်ပဲပေးလိုက်တော့မယ်နော်..
ဘာပဲဖြစ်ဖြစ် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တယောက်ကို မမေ့မလျော့ သတိရတာ လေးစားပါတယ်

kiki said...

ဘဝ နဲ့ အချစ်အကြောင်း ခံစားမှူ လေးတွေ နဲ့ ရှမ်းပြည်ရဲ့ သာမောဖွယ်ရာ များ ကို ထိထိမိမိရေးသားထားတဲ့ အနုပညာရှင်၊ဆရာဝန်(ဦး) စိုင်းခမ်းလိတ်ရဲ့ သီချင်းများစွာ နောင်နှစ်ပေါင်းများစွာထိ တည်တံ့နေမှာပါ ။ လေးစားမိပါတယ် ။

သူ့ အကြောင်း တင်ပြပေးတဲ့ ဒေါ်ငုံကို ငါးစားမိပါတယ်( အကောင်းရေးရင်းက ဖေါက်လာပြီ ..ဟိ ..အကျင့်ပါနေလို့ )

နဒီမိုးညို said...

ဦးစိုင်းခမ်းလိတ်သီချင်းကတော့..ဘယ်တော့မှမရိုးဖူးနော်.
စာသားတိုင်းအဓိပ္ပါယ်..ရှိတယ်နော်..မမရေ

မေဇင် said...

ပိ... နောင့် အရမ်းကျေနပ် ကျေးဇူးတင်ပါတယ်... ဦးစိုင်းခမ်းလိတ်အကြောင်းရေးပေးလို့ပါ.... ..။ ကျေးဇူးပါ.....နောင့် လဲအရမ်းကြိုက်တယ်... ဦးထီး နဲ့ တွဲပြီး မြင်ယောင်နေမိတယ်..။

Libratun said...

wow.. brilliant. good to know. thanks, sis

အိုက်ခီလောက် said...

ကြိုက်တဲ့အထဲမှာ ငါ့ကပိုတယ်
ကိုထီးသီချင်းတွေ ဆိုတိုင်း ဆရာလိတ်ကို ကျေးဇူးတင်နေတာ
လိုက်ဖက်တဲ့အတွဲညီတဲ့ နှစ်ယောက်မို့ ပါ
ဆရာလိတ်သီချင်းကတော့ အားလုံကြိုက်တယ်
ဘဝ အကြောင်းကို အခြေခံေ၇းထားတယ်
ဖွဲ့ နွဲ့ မေ၇းဘူး ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်သွားတာ
တောင်ကြီးမှာ နေ့ တိုင်း ညတိုင်းဂီတာတီးတိုင်း သူ့ တို့ သီချင်းတွေမပါမဖြစ်ဘူးလေ
ငါ့အမရေ ကျေးဇူးပါဟ ငါ့တို့ ဂုဏ်ယူသင့်တယ် ငါ့တို့ အမျိုး

မငုံ said...

ချီခန့်၊ မေဇင်၊ မကြီးကီ၊ခွန်ဖ>>> သိပ်မှန်တာပေါ့နော့။ ဦးထီးနဲ့ တအားလိုက်ဖက်သလို ခွဲမရတဲ့ တွဲဖက်မြင်ယောင်မှု့လေးပါ။ ဒို့အမျိုးတွေအတွက် ဂုဏ်ယူစရာပေါ့။။

ကိုဖိုးစိန်၊ TnT ၊ ရေတမာ ၊ နဒီ>>> ကျေးဇူးပါ။ အခုချိန်ထိမရိုးနိုင်တဲ့တေးသီချင်းပိုင်ရှင်ပါပဲ။

အိန်ဂျယ်လ်>>> ချင်းတောင်တန်းအတွက် အကျိုးပြူသူတယောက်ဖြစ်ပါစေနော့။

သုဒြေ္န said...

ဦးစိုင်းခန်းလိတ်က.....ဒီမိုကရေစီကို...မြတ်နိုးသူအဖြစ်.ကြားဘူးပါတယ်...အရေးသားညက်ညောသလို...........သံစဉ်နဲ့ ပတ်သက်ရင်...ကိုပိုင်သံစဉ်တွေနဲ့ ..ဂီတလောကမှာထင်ရှားသူတယောက်လဲဖြစ်ပါတယ်......သူ့ ရဲ့ ..အတွေးခေါ်နဲ့ ..လုပ်ရပ်တွေကလေးစားလောက်တဲ့ ...တိုင်းရင်းသား.....တယောက်အဖြစ်နဲ့ ...ဂုဏ်ပြုမှတ်တမ်း..တင်သင့် သူပါ..ခင်တဲ့ ....သုဒြေ္န

မိုးစက်အိမ် said...

ကျွန်တော်လည်း လေးစားတယ်ဗျာ ကိုထီးဆိုတာ
မြင်ရင် ဦးစိုင်းခမ်းလိတ် ကြီးပါတွဲ မြင်တယ်ဗျာ...
တကယ်အတွဲ ညီပြီး အောင်မြင်တဲ. 2 ယောက်ပါ
သူတို.လို အတွဲမျိုး အောင်မြင် ပေါ်ထွက်ပြီး
သူတို.လို ရေရှည် လက်တွဲ နိုင်တာမျိုး မြင်
ရဖို.ခဲယဉ်းသွားပြီ အမရေ ...

တလနွန် said...

ဦးစိုင်းခမ်းလိတ် နှင့် ဦးထီး တို့ ရဲ့ သီချင်းကတော့ ဘယ်တော့မှ ရိုးမှာမဟုတ်ပါဘူး။ ဦးစိုင်းခမ်းလိတ် ရေးထားတာ အနှစ်သာရအပြည့်အဝရှိတယ်။
လေးစားဂုဏ်ယူထိုက်တဲ့ ရှမ်းတိုင်းရင်းတေးရေးဆရာ တစ်ယောက်ပါပဲ :)

Beauty Studio USA Branded Store said...

ဆရာဟာ အရမ်းလေးစားအားကျစရာ ရှမ်းတိုင်းရင်းသားတစ်ယောက်ပါဗျာ။ မငုံရေးတော့ ဆရာအကြောင်းအစုံကိုသိသွားရပါတယ်။ ငယ်ငယ်ကဆို ဦးထီးသီချင်းစာအုပ်ကို သီချင်းဆိုရုံမဟုတ်ဘူး ဘဝသရုပ်ဖော် စာအုပ်တစ်အုပ်လိုပါ ဖတ်တာ။ဆရာရဲ့ သီချင်းတွေဟာ အခုထိတောင် သီချင်းစာသားတွေအမြင်ထက် ဘဝအတွေ့အကြုံလေး အမြင်နဲ့ပါ ခံစားရတယ်။တကယ်ပါ ကျွန်တော်ငယ်ငယ်က ဆရာရေးတဲ့ ဦးထီးသီချင်းတွေက ပထမဆုံး နားထောင်ဖူးတဲ့ သီချင်းလေးတွေလေ။ဆရာရဲ့ တေးစာသားလေးတွေဟာ ရှမ်းတိုင်းရင်းသားအားလုံးသာမက ဗမာတပြည်လုံး ဂုဏ်ယူစွာနဲ့ လွှမ်းမိုးကြားရောင်နေဆဲ၊ဆိုတီးနေကြဆဲပါ။

အရုပ်ကလေး said...

အနွယ်တူချင်းပေမယ့် ..
ငါ့လုပ်ဆောင်မှုတွေ ကွက်လပ်တွေပြည့်လို့
ဘ၀ .. ငါရှေ့ဆက်တက်မယ် ..။

အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ

ခင်မင်စွာ
idulize(အရုပ်ကလေး)

sonata-cantata said...

ငယ်ငယ်တုန်းက သင့်ဘ၀မဂ္ဂဇင်းက လုပ်တဲ့ ဆရာစိုင်းခမ်းလိတ်အတွက် survey တခုမှာ data processing လုပ်ပေးရဖူးတယ်။ စာအုပ်ထွက်လာတော့ ကိုယ့်နာမည်ကို credit ပေးထားလို့ ကြည်နူးခဲ့ရတယ်။ (ဘာရယ် မဟုတ်ဘူး။ ဆရာ့အမည်၊ ဆရာ့ဇနီးအမည်၊ ဆရာ့သမီးအမည် တွေပါတဲ့ စာတပုဒ်မှာ ကိုယ့်အမည်လေးပါနေတာကို တသက်လုံး အမှတ်ရနေချင်တာပါ။)

ဇော် said...

ဗဟုသုတပါပဲဗျာ။ =)

ကိုလူထွေး said...

မအားတာနဲ့ မလာဖြစ်တာပါ ညီမရေ...
မနက်ကတွေ့လို့ တခေါက်ရောက်ဖြစ်ခဲ့ပါတယ်...

ဆရာစိုင်းခမ်းလိတ်ဟာ တကယ်ကို လူလေးစားခံရတဲ့ ပုဂ္ဂိုလ်တယောက်ပါ... ကိုလူထွေးလေးစားတဲ့ သူတွေထဲမှာလဲ ဆရာခမ်းလိတ်ပါပါတယ်...

ဒါကို ညီမက ပြန်အစဖော် တင်ပြပေးတဲ့အတွက်လည်း ရှမ်းတိုင်းရင်းသားတွေ အားလုံးကိုယ်စား ဂုဏ်ယူနေမိပါတယ်...

စိတ်စမ်းရေ said...

ဆရာစိုင်းခမ်းလိတ်ဟာ လေးစားဖွယ်ကောင်းတဲ့ လူတယောက်ပါပဲ...။
ရှမ်းတိုင်းရင်းသားတွေကိုယ်စား ဂုဏ်ယူမိပါတယ်....။

လင်းကြယ်ဖြူ said...

ပေးဦးမှာ..ပေးဦးမှာ ..ဒေါက်တာ ရေးပြီး ကို ထီးဆိုင် ဆို ထားတာတွေ မှ အများကြီးပဲ...
အစအဆုံး အကုန်ရှိတယ်...မုန့်ဝယ်ကျွေးရင် ပေးမယ်..
နောက်တာနော်...တကယ်ကူးပေးမယ်..
မကြာမီ..လာမည်...မျှော်......
ခဲ့တင်(ရှမ်းလိုမဟုတ်ပါ) ခင်တဲ့ လို့ ပြောတာ...

ပုံ
လကဖ

စိုင်းစိုင်းလားရှိုး said...

မငုံ...
လေးစားထိုက်တဲ့သူကို လေးစားခြင်းဟာလဲ မင်္ဂလာမည်တယ် လို့ပြောကြတာပဲ။
ဦးစိုင်းခမ်းလိတ်ဟာ ကျွန်တော် လေးစားရတဲ့ပုဂ္ဂိုလ်ထဲက တစ်ဦး အပါအ၀င်ပါ။

မင်းအိမ်ဖြူ Minn Eain Phyu said...

မငုံ စာဖတ်သွားတယ်

ကျွန်တော့်အကြောင်းတော့မရေးနဲ့နော် P;;

နောက်သွားတယ်အစ်မရေ

ပျော်ရွှင်ပါစေ

Anonymous said...

ဆရာ စိုင်းခမ်းလိတ် သီချင်းတွေတော့ အရမ်းကြိုက်တယ်ဗျ သူ့သီချင်း စာသားတွေက တွေးစရာတွေပါသလို တခါတလေ ဒဿနတွေ၊ တခါတလေ ပြုံးချင်စရာလေးတွေ၊ တခါတလေ လူတွေရဲ့ စရိုက်တွေကို ပီပြင်အောင် ဖွဲ့ဆိုနိုင်တယ်ဗျ။ စာသားတိုင်းဟာ ရိုးရှင်းသလို အသက်အရွယ်မရွေး သူ့သီချင်းတွေ ခံစားလို့ရတယ်ဗျ..။ ဒါဟာ ထူးခြားတဲ့ အချက်ပဲ မဟုတ်လား....။