တုနန် တဂ်လိုက်ပြန်ပြီ။ ခုတလော ဘာတွေဖြစ်နေတယ်ဆိုတာ သိချင်တယ်တဲ့။ အင်းးး ပြောရရင်တော့ အခုတလော အခြေအနေမကောင်းဘူး။ ကောင်းတာ တခုမှ ရှိဘူးရယ်။ ကဲ..မငုံ အခုတလော ဘာဖြစ်နေတယ်ဆိုတာ ကြည့်ရအောင်…

တွေးနေမိတာက
ဘာတွေများ သေချာလုပ်ပြီးပြီလဲ။ ( ဟိုတစ်စ ဒီတစ်စ နဲ့ ဖွထားတာတွေ အများကြီးပဲ )

ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတာက
စိတ်အလိုတအားလိုက်နေတယ်။ ( စိတ်ထဲရှိတာ လျှောက်လုပ်ဖြစ်နေတယ်။ ကိုယ်ဘာသာကိုယ်တောင် စိတ်ပျက်လာတယ်)

ကျန်းမာရေး
၂၀၀၉ နှစ်စကတည်းက ချူချာလိုက်တာ ဆေး နဲ့ ဆရာဝန် ရဲ့ မျက်နှာတောင် မကြည့်ချင်တော့ဘူး။ :P

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
ရှမ်းယဉ်ကျေးမှု့သမိုင်း ( တူတော်မောင်ချီခန့် ပေးထားတာလေ။ ဖတ်လဲ ဖတ်သင့်နေတယ် )

ရောက်နေဖြစ်တာက
လမ်းထိပ်က ကလေးကစားကွင်း ( ဒန်းစီးရတာကို ကြိုက်လို့်)

ရေးဖြစ်နေတာက
တဂ်ကြွေးတွေဆပ်နေတယ်။ ( ဒီတပုဒ်နောက်ဆုံးပဲ )

နားထောင်ဖြစ်နေတာက
cry on my shoulder ( ကိုယ်ဘာသာကိုယ် နှစ်သိမ့်နေတာပါ )

ရွတ်နေမိတဲ့ ကဗျာက
မရွတ်ဖြစ်ပါဘူး။ ( သီချင်းတော့ လိုက်အော်နေမိတယ်)

ဖြစ်ချင်နေတာက
အိမ်စောင့်နတ် ( ဒါဆို ကိုယ်ချစ်တဲ့အိမ်မှာ အမြဲနေရမယ်နော်)

စားဖြစ်နေတတ်တာက
မစားချင်လဲစား ၊ စားချင်လဲစားနေရတဲ့ မိသားစုမပါ ထမင်းဟင်းပွဲ

သနားနေမိတာက
သူဌေးအပါအ၀င် ၀န်ထမ်းတယောက်မှ မရှိတဲ့ ရုံးခန်းမှာ ထိုင်နေတဲ့ မိန်းကလေးတယောက်

လွမ်းနေမိတာက
မိသားစု ( တအားကိုလွမ်းနေတာ)

မေ့လျော့ပစ်မိနေတာက
အသက်ကို ကံ တင်မကဘူး။ ဥာဏ်ပါစောင့်တယ်ဆိုတဲ့ စကား ( အခုချိန်ထိတော့ ကံကောင်းနေသေးတယ်။ ဘာမှမဖြစ်သေးဘူး )

ခါးသက်နေမိတာက
နွေးထွေးမှု့မရှိတဲ့ အရပ်ဒေသမှာ နေနေရတာ ( ဘာတခုမှ မက်မောစရာမရှိပဲ နေနေတာ အံ့သြလာပြီ)

တမ်းတနေမိတာက
နွေးထွေးတဲ့ ရင်ခွင် (အမေ ၊ အမတွေကို ဖက်ပြီး အားရပါးရ ငိုချင်နေတယ်)

ကြိတ်ပြီးချီးကျူးနေမိတာက
မေတ္တာတရားနဲ့ နေနိုင်တဲ့သူတွေ ( ကိုယ်က မေတ္တာထက် အတ္တတွေများနေတယ်)

ကြိတ်ပြီးအထင်သေးနေမိတာက
အကြင်နာကင်းပြီး ငါမှငါသမားများ ၊ ကိုယ့်အကျိုးပဲကြည့်တဲ့လူစားများ ( ကိုယ်တောင် ပါဝင်နေသလားလို့ အလန့်တကြား ပြန်တွေးနေမိတယ် :D )

ဆန္ဒမရှိတဲ့နေရာ
ဒူဘိုင်း ( မရှိလဲ နေနေရတယ် )

ဆန္ဒရှိနေတဲ့ ကိစ္စ
ပင်လောင်းပြန်ပြီး အိမ်မှာ မိသားစုနဲ့ အားရပါးရရယ်မောချင်တယ် ( ဟက်ဟက်ပက်ပက်မရယ်ရတာကြာနေပြီ။ လူကစက်ရုပ်ဖြစ်နေပြီ)

ချစ်နေတာက
Laptop ပိစိကွေးလေး နဲ့ Wireless Network ( အဲဒါတွေရှိနေလို့ ကိုယ်ချစ်တဲ့သူတွေနဲ့ တွေ့နေရတာ)

စိတ်ပျက်နေမိတာက
ပြန်လာတိုင်း ကြိုဆိုနေတဲ့ နှစ်ထပ်ကုတင် ( အိမ်ထဲဝင်ရမှာတောင် ကြောက်လာတယ်)

စွဲလန်းနေမိတာက
Facebook က Farm Ville နဲ့ တခြားဂိမ်းတွေထဲပဲ စိတ်ရောက်နေတယ်။ ( စိတ်ကြိုက်ကို ချယ်လှယ်စိုက်ပျိုးနေပါတယ်)

လိုအပ်နေတာက
နွေးထွေးမှု့ ( အသက်မပါတဲ့ လူတွေမျက်နှာကို ကြည့်ရတာများလာလို့ တအားလိုအပ်နေတယ်)

တောင်းနေမိတဲ့ဆု
၂၀၁၀ ဧပြီ မြန်မြန်ရောက်ပါစေ ( ခွင့်နှစ်လ ရမှာမို့လေ)

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
အားးးးးးးးးးးးးးးးးးး

ဝန်ခံချင်တာက
ဘာတခုမှ ဖြစ်မြောက်အောင် မလုပ်သေးဘူး။ ချမှတ်ထားပြီး မလိုက်နာနိုင်သေးဘူး။ ( တခြား ၀န်ခံစရာတွေ အများကြီးရှိသေးတယ် :D )

ကဲ တုနန် မငုံတစ်ယောက် အခုတလော အလုပ်ကြီးအကိုင်ကြီးတွေ လုပ်နေပါတယ်။ ရေးရင်းနဲ့တောင် တော်တော် ဆိုးဝါးနေပါလားဆိုတာ ပိုပိုသိလာတယ်။ အင်းးးးပြင်ရဦးမှာပါလားနော်။ ပြောပြန်ပြီ။ ပြီးတော့လဲ ဒုံရင်းပဲ :D

23 comments:

နော်ခမ်း said...

လူတိုင်းကတော့ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တထပ်တည်းမကျကြဘူးလေ ဘ၀ကို ရိုးရှင်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ

ကိုလူထွေး said...

ကိုယ်ကိုကိုယ်သနားနေတဲ့ ကောင်မလေးကို သနားမိပါရဲ့...

းဝ)

kaungkinpyar said...

နွေးထွေးမှုတွေ လာပေးတယ် ငုံလေးရေ၊ ပြန်ကြမယ် တို့၂ယောက် အတူတူ....ခွင့်ရက်လဲ အမြန်ဆုံးရောက်စေ....

Angel Shaper said...

ဝါးးးးးးးးးးး နော်ခမ်းက တစ်စွဲပါလား ဟေ့။
ရာသီဥတု သာယာ တယ်ဟ။
ဘယ်မလဲ ဒိုင်းဘူ ရွက်ပုန်းသီးလေးတွေ။
အိပ်နေကြသလား။
ဟင်းးးးးးးးးးးး
အဝေးကြီးကလူတောင် တစ်စွဲတယ်နော်။
မင်းတို့ကောင်တွေ သတိ။ အဟိ။
တီတီငုံကို အချစ်တွေ မေတ္တာတွေ လာပေးတာ။။။
အာာာာာာာာာာာ ဘွားးးးးးးးးးးးးးးးးးးးးးးးးးးးးး

လင်းကြယ်ဖြူ said...

Vacation ပြန်ရင် အသက်ပါတဲ့ နွေးထွေးမှုတွေကို မငုံ ရဲ့ ချစ်ရသူများက တစ်ဝကြီးပေးပါလိမ့်မယ်နော..
ခုတလော..ခုတလော..
အားလုံး အဆင်ပြေပါစေ..

အိုက်ခီလောက် said...

အဟား ငါ့အမတော့ လုပ်နေပြီဟေ့ ဘာများလည်းလို့ 
ညည်းချင်းတွေ ပါလား
တမ်းချင်းတွေေ၇ာပါဘူးလားဟ
လုပ်စမ်းပါ ရင်တွင်းဖြစ်လေး
စိုင်းစိုင်းတစ်ယောက်မလာတာကြာနေပြီလားလို့ 
သတိထားမိတာပါ
ဟဟ
နင့်မောင့် ငမူးတော့ လာချင်လာတယ် မလာချင်မလာဘူးသိတယ်ဟုတ်

kiki said...

ပြန်လာတိုင်း ကြိုဆိုနေတဲ့ နှစ်ထပ်ကုတင် ???
ယုံဘူး ၊ ယုံဘူး ....
၂ ထပ်ကုတင်လား၊ ၂ ယောက်အိပ် ကုတင်လား။

တောင်းနေမိတဲ့ဆု .....
၂၀၁၀ ဧပြီ မြန်မြန်ရောက်ပါစေ ၊
(သိတယ်နော် . သိတယ် .... အာလူး ။)

ဖြစ်ချင်တာတွေ ဖြစ်ပါစေတော်....

စိတ်စမ်းရေ said...

မကီကိပြောတာ သဘောကျသွားပါတယ်..။
သိတာက သိတာပဲ...။ ပြင်ချင်ပေမဲ့လဲ ပြင်မရသေးဘူးပေါ့....:)

မေလေး said...

မမငုံရေ
နေမကောင်းလို့ မရောက်တာတောင် ကြာပေါ့။
ထပ်ပြန်တလဲလဲ အော်ဟစ်နေတာတူတယ်
အာာာာာာာာာာာာာာာာာာားးးးးးးးးး
ကမ်းခြေသွားသွားအော်တယ်။
ပြန်လာတိုင်း ကြိုနေတဲ့ ခပ်ပုတ်ပုတ် အခန်းဖော်မိန်းမ
(နည်းနည်းလေး လွဲသွားတယ်)

ဆန္ဒနဲ့ ဘဝထပ်တူကျနိုင်ပါစေ ချစ်မမ

ကိုရေတမာ said...

ကျန်းမာရေးကောင်းပြီး ခွင့်မြန်မြန်ပြန်နိုင်ပါစေ

မေဇင် said...

ပိ ရေ... အဲ့လိုပဲ..... အမေနဲ့အမ နဲ့မိသားစု ကိုတွေ့ချင်တယ်... ။ ဧပရယ် မြန်မြန်ရောက်ပါစေနော်...း)

တလနွန် said...

ရောက်တာနောက်ကျသွားလို့  ဆောရီး ဆောရီး ။
ဆရာဝန် နဲ့ တွေ့ ဖို့  ကျန်းမာရေးမကောင်းချင်နေတာ မသိဘူးမှတ်တယ် :p
ရှေး ရှမ်းမင်္ဂလာဆောင် သမိုင်းကျမ်း ကို ဖတ်နေတယ်ထင်ပါ့ (သူလေ့လာနေသည် :P)
ကလေးတွေနဲ့ ဒန်းစီး တယ်ပေါ့ (ပြုတ်ကျရင်တော့ :p)
Cry On My Shoulder ဆိုတဲ့ သီချင်းကို အော်အော်ဆို
နေတယ်။(ဒူးဘိုင်း ဂေါပကတွေနဲ့ တွေ့ ရင် ဒုက္ခရောက်ပြီး :P)
ကဲ စတာများသွားပြီး ဆုတောင်းပေးမယ်
အေပရယ် မြန်မြန်ရောက်ပြီး နွေးထွေးမှုပေးတဲ့ အရပ်ကို
ပျော်ရွင် ပြန်လည်နိုင်ပါစေ

Beauty Studio USA Branded Store said...

မငုံရေ
အခုတလောက အခုတလောပါပဲ။
ကျွန်တော်က အခုတလော မာဖီယားဝါးပဲဆော့တယ်။

Mogok Thar said...

မငုံရေ...
၁။ ကျန်းမာရေးကို ကဠလေးရော ဥာဏ်လေးပါ တွပြေးလိုက်ပါ။ နေမကောင်းတဲ့အချိန် စ်တ်ကျန်းမာရေးကလဲ ခနော်ခနဲ့ ပိုဖြစ်တတ်တော့ ကျန်းမာရေး ဂရုစိုက်ပါ လို့ အထူး နံပါတ်တစ် အနေနဲ့ တိုက်တွန်းလိုပါတယ်။

၂။ရှမ်းဟဉ်ကျေးမှုသမိုင်းက အီးဘွတ်ဆို မျှပေးပါအုံးခင်ဗျာ။

၃။ နားထောင်ဖြစ်တာလေးကတော့ အကြိုက်ချင်းတူတ်။ ပျော်သွားတယ်။

၎။ အိမ်စောင့်နတ်တော့ မဖြစ်ပါနဲပ။ ခုောတင် အိမ်မှာ စောင့်တဲ့ နတ်က မချစ်လို့ အိမ်တင်မက နယ်နှင်ဒဏ်ပါ ပေးထားတာ။ အိမ်စောင့်နတ် လုပ်ရင် တစ်အိမ်လုံး ဘာတွေ ဆက်ဖြစ်မယ် မတွေးးးးးးးရဲ.....။

၅။ မိသားစုကို လွမ်းတတ်တာ အိမ်ကို ခင်တွယ်သူတိုင်းပါ မငုံ။ ကျွန်တော်တို့လဲ အိမ်ကို လွှတ် လွမ်းပါတယ်။

၆။ ပတ်ဝန်းကျင်က နွေးထွေးမှုမရှိလဲ နွေးထွေးတဲ့ နှလုံးသားတွေက မငုံဘေးမှာ တတိုင်း ရှိနေကြမှာပါ။

ရ။ ဆန္ဒရှိသည် မရှိသည်ထက် ဘယ်နေရာရောက်ရောက်၊ ကိုယ့်ကိုကိုယ် ကျေနပ်အောင် စောင့်ရှောက်နိုင်ဖို့၊ နောက်ပီး ကိုယ့်ကို အားကိုးတကြီး ရှိနေမဲ့ သူတွေကို ပြန်မြင်ပြီး အားဖြည့်လိုက်

၈။ လယ်ထဲမှာ လယ်နီးချင်း ဖြစ်ချင်တယ် မငုံရေ

၉။ တောင်းတဲ့ဆုတိုင်း ပြည့်နိုင်ပါစေ.....

ချစ်ခင်စွာဖြင့်

Anonymous said...

သီချင်းနားထောင်တာချင်းလဲ တူတယ် 2010 မြန်မြန်ရောက်ချင်နေတာရော ဒါပေမယ့် ကျနော် က ဇူလိုင်..အမ က စောတယ် :D
အဆင်ပြေပျော်ရွှင်ပါစေဗျာ

မိုးခါး said...

လယ်နီးချင်း ဖြစ်ရအောင် :D
ဆန္ဒတွေ ပြည့်စုံပါစေး))
(အဝေးရောက်နေတဲ့ သူငယ်ချင်းတွေ အကုန်လုံးအစား စုတ်တသတ်သတ် လုပ်သွားတယ် မငုံရေ .. အကုန်လုံး သနားစရာလေးတွေနော် .. :D )

Yu Ya said...

Double Decker နဲ့ အိပ်တယ်ဆိုတော့ အောက်မှာလာ အပေါ်ဆင့်မှာလာ မငုံရေ...။ အပေါ်ဆင့်ဆိုရင်တော့ သတိထားပါနော်။ အောက်ဆင့်ဆိုရင်လည်း သတိမလွတ်စေနဲ့...အဟီး။

yu ya

သီဟသစ် said...

မငုံရေ

တောင်းနေတဲ့ဆုပြည့်ပြီး ဆန္ဒရှိနေတဲ့ကိစ္စတွေ အကောင်အထည်ဖော်နိုင်ပြီး
လိုအပ်နေတဲ့ နွေးထွေးမှုတွေ များများရလာပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

Libratun said...

အကောင်းဆုံး ဆုတောင်းပေးပါတယ်။
ဘယ်သူမှ မရှိတဲ့အခန်းထဲမှာ လုပ်ရတာ ဘယ်လောက်တောင် အေးချမ်းလိုက်မလဲနော်။ ကျွန်တော့်ဆို ဒီကောင်ဘာမှားမလဲဆိုပြီး tripod နဲ့ ကြည့်နေတာ။

မငုံကလည်း ဒူဘိုင်းနဲ့ ကုလားတွေကို မချစ်ပေမယ့် မေတ္တာတော့ ထားလိုက်ပါ။ (ချစ်မိလို့ ကြိုက်သွားရင်တော့ တာဝန်မယူ....)း)
ဒူဘိုင်းရဲ့ အလှတွေကို ကျွန်တော်က ငေးမောနေရတာပါ။ လူလုပ်ထားတဲ့ကျွန်းတို့ ဘာတို့။ ရှိတာလေးတွေကို ကြံဖန်ပြီး ကြိုက်ကြည့်လိုက်ပါ။ အစ်မနေသာထိုင်သာရှိသွားပါလိမ့်မယ်။

ကျွန်တော်လည်း ဒီလိုပဲ အစ်မရဲ့။ ဒီတရုတ်မတွေကို မချစ်ပါဘူး ကြိုက်အောင်တော့ နေနေတယ်။ မယူတာတော့ ကျိန်းသေပဲ။ အော်ဇီသူ တို့ လစ်ဘာတီ သူတို့ကိုတော့ ချစ်ချင်တယ်။ ပိုးပန်းနေတုန်းပဲ အစ်မရဲ့။ နောက်မှ မိခင်ကြီးဆီကို ၀ိုင်အမ်ဘီ ဆရာတင် ရဲ့ သီချင်းနဲ့ ဒိုးကြတာပေါ့။
ကျွန်တော့်ကိုဖိတ်လိုက်ပါအစ်မ (tnttun အက်ဂျီမေး)

ကျားယို..း)

Khyl said...

မငုံရေ...
သီချင်းကြိုက်တာခြင်းတူတယ်....
ဘာမှ အားမငယ်နဲ့ စိတ်မညစ်နဲ့ သူငယ်ချင်းရေ....

ဧရာဝတီသား said...

မငုံရေ
အပေါ်က လူတွေ အားပေးကြတာစုံနေပြီမို့ ကျွန်တော်အားပေး စရာမလိုတော့ဘူးနော်။ ဖြစ်ချင်နေတာလေးကို အကြိုက်ဆုံးပဲဗျ၊ ကျွန်တော်လည်း မငုံရေးထားတာ ဖတ်ပြီးမှ အိမ်စောင့်နတ်ဖြစ် ချင်သွားတယ်။ :)
ခင်မင်လျက်

မင်းအိမ်ဖြူ Minn Eain Phyu said...

အစ်မရေ

အင်းဒီလိုပါပဲ ... ကြာတော့လည်း နေသားကျသွားမှာပါ

ကျန်မာရေးတော့ ဂရုစိုက်ပါ

ဒါလေးပဲ မှာချင်ပါတယ်

Anonymous said...

ဒီလိုပါပဲဗျာ.. နိုင်ငံရပ်ခြားမှာ အလုပ်လုပ်သူတိုင်း ခံစားရတဲ့ အချက်တွေပါ မိသားစုနဲပ နေတဲ့သူတွေတော့ မသိဘူးဗျာ ကျနော်ဆိုလဲ အဲလိုမျိုး ခံစားရတယ် တခါတလေ အလုပ်လုပ်ချင်စိတ်တောင် မရှိဘူး။