ရီနိုမာန် က အကြွေးစာရင်းစာအုပ်ကြီးနဲ့ တောင်းနေပြီ။ ရီနိုမေးသလိုပဲ လူတိုင်းမှာ မူလတန်းကနေ အထက်တန်းအထိ အမှတ်တရပေါင်းများစွာနဲ့ပါပဲ။ ဒီထဲမှာမှ ဆုလာဒ်အဖြစ်ရရှိခဲ့သလို ၊ ဆူးစူးခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်။

ပထမဆုံး ဆုအနေနဲ့ပြောရရင်တော့ ကျွန်မက ပင်လောင်းမြို့ အထက်တန်းကျောင်းမှာ မူလတန်းကနေ အလယ်တန်းအထိ ကျောင်းတက်ခဲ့တယ်။ ငယ်ငယ်ကတော့ စာတော်တဲ့စာရင်းထဲမှာပါခဲ့တယ်။ အဆင့် တစ် ၊ နှစ်ကနေ မဆင်းဘူး။ ကျွန်မနဲ့ နန်းခမ်းမွန်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ပဲ တစ်လှည့်စီ ယူနေကြတာ လေးတန်းအထိပေါ့။ သူက အဆင့်တစ်ရလိုက်၊ ကျွန်မ က ရလိုက်နဲ့ တစ်လှည့်စီယူနေပေမဲ့ နှစ်ယောက်စလုံး စိတ်ထဲမှာ ဘာမှရှိမနေပါဘူး။ စာပြိုင်ဖက် ဘာညာဆိုတာမရှိပါဘူး။ ကျွန်မတို့နှစ်ယောက်က ကစားအတူ ၊ စာကျက်အတူပါပဲ။ ကျွန်မထင်တယ်။ ကျွန်မတို့မြို့က ကလေးတွေက ပြိုင်ဆိုင်မှု့တွေ ဘာတွေမလုပ်တတ်ကြဘူး။ သူစာတော်လို့ဆိုပြီး မနာလိုဖြစ်နေတာတွေ ဘာတွေလဲမရှိဘူး။ အားလုံး ချစ်ချစ်ခင်ခင်ပဲ။ ဒါက ကျွန်မတို့လက်ထက်တုန်းကလေ ။ အခုတော့ မသိပါဘူး။ ဒီလိုနဲ့ အလယ်တန်းကျောင်းသူဘ၀ရောက်တော့ နန်းခမ်းမွန်က ရန်ကုန်ကို ပြောင်းသွားတယ်။ ဒီလိုနဲပဲ ကျွန်မတယောက် အလယ်တန်းကျောင်းသူဘ၀ကို ပညာသင်တော့ ခဏကလိုပဲ အဆင့် တစ်၊ နှစ်နဲ့ပဲ ကျောင်းတက်ခဲ့တယ်။ နောက် ကျွန်မတို့ အထက်တန်းကျောင်းကို အလယ်တန်းကျောင်းအဖြစ် သတ်မှတ်လိုက်ပြီး ကျောင်းအသစ်တစ်ကျောင်းကို အထက်တန်းကျောင်းအနေနဲ့ သတ်မှတ်လိုက်ပါတယ်။ ရီနို တက်ခဲ့တာ အဲဒီ အထက်တန်းကျောင်းသစ်ပါ။ ကျွန်မကတော့ မတက်ဖူးလိုက်ပါဘူး။ အထက်တန်းကျောင်းသူဘ၀ကိုတော့ တောင်ကြီး အ.ထ.က (၅)မှာ တက်ခဲ့ပါတယ်။ ဒီတခါတော့ နယ်မြို့လေးကကျွန်မ တောင်ကြီးက လူတွေကို မယှဉ်နိုင်ခဲ့ဘူး။ စာတော်တယ်ဆိုတဲ့အဆင့် ၊A အခန်းမှာ နေရတဲ့ အဆင့်ပါပဲ။ တစ်နှစ်သုံးဆိုတာ ကျွန်မ မရခဲ့တော့ဘူး။

ကျွန်မရဲ့ကျောင်းသားဘ၀မှာ ဆုနဲ့ပက်သက်တဲ့ ထူးထူးခြားခြား အောင်မြင်မှု့ဆိုလို့ ကျွန်မ အစိုးရစစ်ကို မီလိုက်သေးတယ်။ မူလတန်း ( လေးတန်းကျောင်းသူ) မှာပါ။ ရှမ်းပြည်နယ်တစ်ပြည်လုံးမှာ ပထမဆုကိုရခဲ့တာ ဒါလေးတစ်ခုပဲ အောင်မြင်မှု့စိုက်ခဲ့နိုင်ပါတယ်။

ဆူးစူးခဲ့တာတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်မကိုယ်တိုင် စူးလိုက်တာလေးကိုပဲ ပြောပြမယ်။ ကျွန်မ စာပေးကူးကောင်းပုံလေးပါ။ သင်္ချာဆရာပေါ့။ အိမ်စာတွေအများကြီး ပေးလိုက်တယ်။ အဲဒီဆရာက စာသိပ်မစစ်လိုဘူး။ ဆိုတော့ ကျောင်းသားအတော်များများကလဲ အပြီးမလုပ်ကြတာများတယ်။ တစ်ရက်မှာတော့ ဆရာက သူ့အချိန်မရောက်ခင် အခန်းပြင်ကနေ အော်သွားတယ်။ ဒီနေ့စာအုပ်စစ်မယ်တဲ့။ အားလုံးပြူးတူပြာတာ ဖြစ်ကုန်ရော။ ဒါပေမဲ့ ကျွန်မကတော့ အေးဆေးပေါ့။ အိမ်စာအားလုံးပြီးပြီးသားဆိုတော့။ ပြောရရင် ကျွန်မနဲ့ သုံးလေးယောက်ကလွဲ တခန်းလုံးက စာမလုပ်ထားတဲ့သူများနေတယ်။ တစ်ချို့ကလဲ ပုစ္ဆာနားမလည်တာနဲ့ မတွက်ရသေးတာ၊ စာတစ်ချို့မရှိတာ များတာပေါ့။ ဆရာ့ကို မေးချိန်လဲမရတော့ဘူးလေ။ ရှေ့ချိန်က သမိုင်းဆရာမချိန်။ ဆရာမက တကယ်သဘောကောင်းတာ။ အေးလဲတအားအေးတယ်။ အားလုံး စိတ်ပူနေမှန်းသိလို့ စာဆက်မသင်ပဲ ပြီးအောင်တွက်ကြဆိုပြီး လွှတ်ထားပေးလိုက်တယ်။ ကျွန်မစာအုပ်ကတော့ ရောင်းကောင်းတော့တာပေါ့။ အားလုံးစုပြီး ကူးကြတယ်။ ဒီလိုနဲ့ နောက်တချိန်လဲ ရောက်ရော ဆရာက တုတ်ကြီးတစ်ချောင်းနဲ့ ရောက်လာပါတော့တယ်။ ဆရာက စင်ပေါ်ကနေ “ ကဲ စာမပြီးသေးတဲ့သူ ရှိသလား။” မေးတယ်။ အားလုံးက ကြောက်ပြီး မဖြေကြဘူး။ စာအုပ်တွေ အကုန်လာထပ်ခိုင်းပြီး တစ်အုပ်ပြီးတစ်အုပ် လှန်ကြည့်တော့ အတော်များများက ကျွန်မဆီက ကူးတာဖြစ်လို့ တူနေတာပေါ့။ ဒေါသတွေ ပေါက်ကွဲကုန်တာပါပဲ။ “တွက်တာတွေက အားလုံးတူနေတယ်။ ဘယ်သူက ဘယ်သူ့ဆီ ကူးကြတာလ”ဲ ဆိုပြီးအော်တော့တာပဲ။ နောက်ဆုံး စစ်ရင်း ကျွန်မစာအုပ်ကနေ ဖြစ်နေတော့ တခန်းလုံးကို တုတ်နဲ့ လက်ဝါးကို သုံးချက်ရိုက်တော့တာပါပဲ။ ဘယ်သူထိပ်ဆုံးအရိုက်ခံထိလဲသိလား ။ ကျွန်မပေါ့။ ကျွန်မက ပေးကူးတဲ့သူမို့ အပြစ်ပိုများတယ်ဆိုပြီး ငါးချက်ရိုက်ခံခဲ့ရတယ်။

ကဲ.ကျွန်မရဲ့ ဆုနဲ့စူးကတော့ ဒီလောက်လေးပါပဲ။ ရီနိုရေ ကျေနပ်တယ်နော် ။

23 comments:

Anonymous said...

မမငုံလေး
ဆုနဲ့စူးအကြောင်း
ဖတ်သွားတယ်
း)
ဟီဟီ မရေးတတ်တော့ဖူး

ခင်တဲ့
မြူးလေး

လင်းကြယ်ဖြူ said...

ဆု နဲ့ ဆူး...
အများအကျိုးဆောင်တော့ ကိုယ့်အကျိုးအောင်တာပေါ့ဗျာ
ဘယ်နှစ်ချက်တောင် အရိုက်ခံလိုက်ရတယ်???
ဟဲ
ပျော်ပါစေ မငုံ

Angel Shaper said...

ရိုက်ခံရတယ် တို့တီတီငုံ....
အများအကျိုးဆောင် ကိုယ့်အသားရောင်...ဟိဟိ

Anonymous said...

မမငုံးကတော်တော်ဆိုးတယ်နော် :P :P

kiki said...

တွေ့ တယ်ဟုတ် ..
လောကကြီးမှာ မှန်တိုင်းလဲ မကောင်းဘူး ဆိုတာ ။
စေတနာထားတိုင်းလဲ ကောင်းတာ မဟုတ်ဘူး ဆိုတာ ။
ကိုယ့်စေတနာ ကိုယ့် ပြန် အကျိုးပေးတယ် ဆိုတာ ။ဘယ်မှာလဲ ... ဘယ်မှာလဲ ...

စေတနာ က လေ .. ထားသင့်တဲ့ သူကိုဘဲ ထားရတယ် ။
မကြီးလဲ အခု ထိနေပြီလေ ။
တော်ပြီ ဆက်မပြောချင်တော့ဘူး ။
ဆုဖြစ်ဖြစ် စူးဖြစ်ဖြစ် ဘာတခုမှ မလိုချင်တော့ ပါဘူး ။

ကိုလူထွေး said...

ရှမ်းပြည်တပြည်လုံး ပထမတဲ့... မငုံက အတော်ကြီးပဲ...

ငါးချက်ကြီးများတောင် အရိုက်ခံရတာ သနားပါတယ်.. ဘယ်နှစ်တန်းတုန်းကလဲ...

မနက်ဖြန်တော့ ကိုလူထွေး tag post တွေ လိုက်စစ်မယ်...
အမြန်ဆုံး ရေးပေးကြပေတော့...

းဝ)

နွေဆူးလင်္ကာ said...

စာမရလို့မရိုက်ခံရဘူး၊ စာရလို့ ရိုက်ခံရတာပေါ့။ အဲဒါဆိုလည်း အဲဒီတုန်းက စာအုပ်မထပ်ပဲ အရိုက်ခံလိုက်ရင်တောင် သုံးချက်ပဲနေမှာနော်

မြစ်ကျိုးအင်း said...

ကျွန်တော်ဆိုလည်း ကူးမိမှာပဲ မငုံရေ...။
လူတွေအများကြီးနဲ့ အရိုက်ခံရတော့ ရှက်စရာ
မလိုဘူးပေါ့...။
ငါးချက်ကတော့များပါတယ်ဗျာ...။
ကျွန်တော်တော့ဘာဆုမှမရဖူးဘူး..အဲလိုတော်တာ...။

Anonymous said...

အင်း ကြီးတော်ကီပြောသလိုပဲ ပြောရမယ်နဲ့တူတယ်နော်။ လောကမှာ မှန်တိုင်းလည်း မကောင်းဘူးနဲ့တူပါတယ်။ :P
ဒါပေမယ့် နာမှာပဲနော် အများကြီး ရိုက်တယ် မကြီး မငုံလေးကို သနားပါတယ်။

ခင်တဲ့ မကြီး

တလနွန် said...

အများအကျိုးဆောင်ကြီးက ငါးချက်ထိသွားတာပေါ့ အဟတ်။ မူလတန်းတုန်းက တစ် ရတယ်ဆိုတော့ တော်တယ်ဗျာ။

သီဟသစ် said...

မငုံရေ

၎ တန်းတုန်းက ဆုရတာ ဂုဏ်ယူစရာကြီးနော်
သဘောကောင်းလို့ အရိုက်ခံရတာ သနားသွားပါတယ် :)

ခင်မင်စွာဖြင့်
သီဟသစ်

သုဒြေ္န said...

ညီမလေလးရေ.....သတိရတယ်...ဆူးနေတဲ့ ဆူးလေး...နှုပ်ပေးခဲ့ တယ်....ဆုကြီးကြီးတခုလဲ...ပေးခဲ့ တယ်......ညီမလေး...ထာဝရ...ကျမ္မာ...ပျော်ရွှင်ပါစေပေါ့ ကွယ်....ခင်တဲ့ ....ကိုကြီး....သုဒြေ္န

Ree Noe Mann said...

ကျေးဇူး ကြီးကြီး တင်ပါတယ် မငုံရေ။

ခုလိုမျိုး တကူးတက မဟုတ်ပဲ တလေးတစား
နဲ့ ရေးပေးတာကိုလည်း ဝမ်းသာရပါတယ်ဗျာ။
ကျေးဇူး ၇ ယောက်မြှောက် တင်ပါတယ်ဗျာ။

ဟုတ်တယ် ကျနော်တက်ခဲ့တာ လယ်ကွင်းကြီး
ထဲကကျောင်း သစ်မှာပေါ့။ သိပ်တော့ မတက်လိုက်ရပါဘူး။

ဆရာဦးဝေလွင် ကျူရှင်မှာပဲ အချိန်ကုန်နေတာ။
မငုံပြောတာမှန်တယ်။ ကျနော် ပင်လောင်းကိုရောက်တော့ ၆တန်းလေ။
ပအိုဝ်လေး တစ်ယောက်အမြဲတန်း ၁ရနေတာ။
ကျနော်ပြောင်းလာတဲ့ နှစ်မှာပဲ ကောင်မလေးနှစ်ယောက်လည်း ပြောင်းလာတယ်။
သူတို့ ရောက်ပြီးတော့ ပအိုဝ်လေးက အဆင့် ၃ ရောက်သွားတယ်။ ဆရာမတွေက
သူကိုဝိုင်းပြောကြတော့ သူကဘာပြောတယ်မှတ်
လဲ “ ငါလည်း ငါ တက်နိုင်သလောက် စာကျက်တာပဲ သူတို့ကို မကျော်နိုင်တာတော့ ငါလည်း မသိဘူး ”တဲ့ ရိုးရိုးသားသား ပြောလိုက်တဲ့ စကားလေးပါ။

ကဲကဲ ကျေးဇူးတင်လို့ အကြွေးဆပ်ပြီးစရင်ထဲ
ထည့်လိုက်တော့မယ်နော်။

ရီနို

မေဇင် said...

ပိရေ...... နောင့် လဲတူတူပဲ....လေးတန်းထိ ဆု အမြဲယူတယ်... ၅ တန်း မြို့ကျောင်းလဲ ရောက်ရော.... A တန်းနေရတယ် ဆိုတဲ့ အဆင့်ပဲရှိတော့တယ်... အဟီး..... အရိုက်ခံရတာတော့ ပြောမနေနဲ့ အမြဲတမ်း... အတန်းထဲမှာ မျောက်ရှုံးအောင်ဆော့လို့...

မိုးစက်အိမ် said...

ငါ.အမငုံငုံ လည်းစာဂျပိုး ဘဲ တစ် နှစ်က
မဆင်းရဘူး ဆိုတော. တကယ်ဘဲ တော်ပါ
ပေတယ်ဗျာ ... ကျွန်တော်နဲ.များကွာပ
အဲငယ်ငယ်က တစ် နှစ် အမြဲရတာ ခုအပျို
ကြီးဖြစ်နေတာတော. နားမလည်းဘူးဗျာ
ဘာမှလည်းဆိုင်ဘူး ဟီးးးးးးးးးးးးးးးးးး
စိတ်မဆိုးနဲ.နော်မကြီး ခင်မင်လျက်...

Anonymous said...

ရှမ်းပြည်နယ်တစ်ခုလုံးမှာ ပထမရတယ်ဆိုတော့ တော်တော်ကိုတော်ပါပေတယ်
ဘာဘဲဖြစ်ဖြစ် အမှတ်တရလေးတွေရှိခဲ့တာကိုက ကျေနပ်စရာကောင်းပါတယ်
အဆင်ပြေပျော်ရွှင်ပါစေဗျာ

နေမင်းသံစဉ်...

မင်းအိမ်ဖြူ said...

တော်တယ်ဗျ..

အရိုက်ခံရတာတော့ နာတာပေါ့ဗျာ...

ကိုယ့်အပြစ်ရှိလို့မှမဟုတ်တာနော............

libratun said...

:) taungyi thu taungyi thar tway sar a yan taw kya tal naw..

အဆိပ်ခွက် said...

ဝါးဟားဟား ရယ်ရတယ်ဗြဲ.... ၅ချက်ဘဲလားတဲ့ နဲတာပေါ့
ခင်မင်လျှက်
အဆိပ်ခွက်

နှင်းနဲ့မာယာ said...

ငုံရေ .
အရိုက်ခံရတာ တော်တော် နာသွားလား...
ဆေးထည့်ပေးမယ်နော်...
ခုမှလာမိတာ နောက်ကျသွားတယ်...
ငုံ့ဆီက စာကူးချင်လို့လေ....

မီတော့ဘူးရယ် ခုတော့...

နှင်း

Beauty Studio USA Branded Store said...

ကိုရီနိုရဲ့ တက်က အားကောင်းတယ်။ရေးသူတွေ အများကြီးပဲ။ မငုံရေးတာလဲ မိုက်တယ်။ရေးတတ်ပါ၏။အားကျပါ၏။စာပဲဖတ်ချင်ပါ၏။

ကိုရေတမာ said...

သွပ်.. သွပ်.. သွပ်... မသနားပါဘူး။ ဆုရတာတော့ ဂုဏ်ယူတယ်။ မှတ်တိုင် စိုက်ပေးရဦးမလား :P

Anonymous said...

နဲတောင် နဲသေးတယ်... ဟားဟား