မက်မက်ပေါ့..တီတီငုံကို ဘာတွေမေးတယ်မသိဘူး။ ကဲ.မက်မက်က သိချင်တယ်ဆိုတော့လဲ ဥာဏ်မီသလောက်လေးနဲ့ ပြောမယ်နော်။

မွေးခါစကနေ မူကြိုကျောင်းမတက်ခင် အချိန်ထိလေးမှာတော့ မိသားစုညီအကိုမောင်နှမဆွေမျိုးတွေကို ချစ်တယ်ပေါ့။ သိပ်ဖြူစင်သလို အေးမြတယ်။ နောက်ကျောင်းလဲတက်ရော သူငယ်ချင်းပေါင်းသင်းတွေကို ခင်ရ၊ ကြာလာတော့ သံဃောဇဉ်ကြောင့် ချစ်ရပြန်ရော။ ဒီတော့ ကိုယ့်သူငယ်ချင်း သူများကို ကိုယ့်ထက်ပိုခင်သွားမှာ မလိုချင်ဘူး။ ဒါကလဲ ဖြူစင်စွာလေးနဲ့ သူငယ်ချင်းလေးကို ချစ်ခဲ့တာပေါ့။ ဆရာ ၊ ဆရာမ ကိုလဲ ချစ်လိုက်ရတာပေါ့။ အဲဒီအချိန်က တကယ်ဖြူစင်တာပါ။ ပူလောင်မှု့မရှိတဲ့ အချစ်နဲ့ ချစ်ပြတာပေါ့။

နောက်အရွယ်ရောက်လာတော့ သူငယ်ချင်းများကလဲ သူတို့ချစ်သူခင်ပွန်းတွေနဲ့ အဆင်မပြေရင် ကျွန်မကို “ဘယ်တော့မှ ရည်းစားမထားနဲ့ ။ ယောက်ျားမယူနဲ့။ သူတို့အတ္တသမားတွေ။ စိတ်ညစ်ဖို့ကောင်းတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ အဲ..သူတို့လဲ အချင်းချင်း အဆင်ပြေနေရင် ဒီအပျိုကြီးက ဘာမှနားမလည်ပါဘူး ဆိုပြီးအပြောခံရပြန်တယ်။ ကိုယ်ဘာသာကိုယ်နေနေတာ ဟိုလိုလုပ်ပါလား ၊ ဒီလိုလုပ်ပါလားနဲ့ တွေ့နေတယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးစာ အတွက်မဟုတ်ဘူးတဲ့။ အစိတ်အပိုင်းလေးတစ်ခုပါတဲ့။ နောက်တစ်ယောက်ကျတော့ အိမ်ထောင်ကျလို့ ပိုက်ဆံမရှိရင် အချစ်ဆိုတာ ပြတင်းပေါက်ကနေ ခုန်ချသွားတတ်တယ်တဲ့။ ( သင်ပေးကြတာလေ။။) အဲဒါက မိန်းကလေး သူငယ်ချင်းတွေပြောတာ။အဲ. သူငယ်ချင်းတစ်ယောက် ( ယောက်ျားလေး တစ်ယောက်ပေါ့) ကျတော့ ချစ်သူနှစ်ယောက်ကြားမှာ ချစ်တယ်ဆိုတဲ့ စကားက တကယ်ပြည့်စုံတယ်တဲ့။ :P အဲဒီလို ပြောကြတာပါပဲ။ ကိုယ်ကတော့ သိဘူး။ ၀ါးတားတားပဲ။

အဲဒိလို အခုချိန်ထိ ပေါ့ပေါ့ပါးပါး နေလာပြီးမှ သဘောကျလာတာက အချစ်မဟုတ်ဘူး။ သံဃောဇဉ်ကို ပိုသဘောကျတယ်။ ချစ်သူပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရှင်တွေပဲဖြစ်ဖြစ် ဘယ်သူမဆိုပါ။ သံဃောဇဉ်နဲ့သာ ချည်နှောင်ထားရင် ဘယ်တော့မှ မပြတ်ဘူး။ တစ်ခါတစ်လေကျတော့ မထင်မှတ်ပဲ ဒီသံဃောဇဉ်ကနေ ချစ်တဲ့ဘက်ဆီ ရောက်သွားတတ်တယ်နော်။ ဘာကြောင့် ဒီလိုပြောင်းလဲသွားမှန်း မသိဘူး။ အဲဒီခါကျတော့ အရင်ကအေးမြပါတယ်ဆိုတဲ့ သံဃောဇဉ်ကနေ ပူလောင်မှု့ ခံစားချက်တွေ ရရှိလာရော။ ဒါပေမဲ့လဲ အဲဒီပူလောင်မှု့ကို လိုချင်တာလေ။ လိုလိုလားလား လက်ခံထားတယ်လေ။ တခါတလေကျတော့ သိပ်စိတ်ပျက်မိတယ်။ ဘာလို့ စိတ်ပျက်မိတယ်လို့ ပြောတာလဲဆိုတော့ မာနနဲ့ ယှဉ်ပြီး ဒီပူလောင်မှု့ကို လက်မခံချင်လို့။ဘာလို့ စချစ်မိတာလဲ ? ဘယ်လို အချစ်ဆိုတာ ခံစားမိလာတာလဲဆိုရင် ..သနားတာက စမယ်၊ သူ့အရည်အချင်း ၊ စိတ်သဘောထားတွေကို သဘောကျနှစ်သက်ရာကနေ ဖြစ်မယ်။ သေချာမသိဘူး။ ဖြစ်နိုင်ခြေကိုပြောတာလေ။ ဒါကြောင့် ပြောတာပေါ့.ချစ်တယ်ဆိုတာ ဘာလဲလို့မေးရင် ပြောရခက်တယ်လို့။ ပြီးတော့ သူငယ်ချင်းတွေ ပြောတယ်။ သာယာမှုနဲ့ တကယ့်အချစ်က မတူဘူးတဲ့။ ပြီးတော့ ရုတ်တရက် မခွဲခြားနိုင်ဘူးတဲ့။ အဲဒါတော့ မသိလို့ မရေးတော့ဘူး။

ကျွန်မသဘောကျတဲ့ ပိုစ့်လေးတပုဒ်ရှိတယ်။ တော်တော်ကောင်းတယ်။ အောင်ဦး(ဓမ္မရသ) ရေးတဲ့ “ချစ်တတ်ကြရအောင်” ဆိုတဲ့ပိုစ့်လေးပါ။ အဲဒါ အောင်ဦးဆီက ခွင့်တောင်းပြီး ကျွန်မပြန်လည်ဝေမျှလိုက်ပါတယ်။

"သဒ္ဓါမေတ္တာရှေ့ရှုကာ ချစ်တာမြင့်မြတ်သည်။ သတိဉာဏ်ယှဉ် မုန်းတက်လျင် ၀ဋ်ခွင်လွတ် မြောက်သည်။ ဘ၀တိုင်းမှာ စောင်းမြောင်းကာ မဲ့တာကင်းပါစေ။ ဘ၀တိုင်းမှာ မူးယစ်ကာ သောက်တာကင်းပါစေ”ဆရာတော်အရှင်ဆန္ဒာဓိက အချစ်ဆိုတဲ့ စကားလုံးကို ကျနော်တို့ လူမှန်းသိတက်စအရွယ်ထဲက ကြားသိခဲ့ရတာပါ။ “ကလေးလေးက ချစ်စရာလေး၊ ငါ့သားလေးက ချစ်စရာလေး၊ အဖိုးကလည်း အဘွားကို ချစ်တယ်ပြောမှာဘဲ..စသဖြင့်ပေါ့”။ နောက်ပိုင်းသိလာပြန်တော့လည်း “အချစ်ဆိုတာ ပကတိ အနေအထားအတိုင်းရှိနေတဲ့ လူတစ်ယောက်ကို ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ စိတ်ရဲ့အမှန်အတိုင်း ချစ်တက်ဖို့ပဲလိုတယ်။ ဘာလုပ်ပေးမှ ဘယ်လိုဖြစ်မှ ချစ်မယ်ဆိုတဲ့ အတ္တကိုစေခိုင်းတာမျိုးကျတော့ အချစ်လို့မခေါ်တော့ဘူး”တဲ့။ “အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု မေတ္တာဟာအေးမြတဲ့ စမ်းချောင်းငယ်တစ်ခု” စတဲ့ သီချင်းစာသားလည်း ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ဓမ္မအမြင်နဲ့ကြည်ရင် အချစ်ဆိုတာက လောဘပါပဲ။ လောကမှာ ချစ်ခြင်းအမျိုးမျိုးရှိပါတယ်။ သားချစ်၊ သမီးချစ်၊ ဇနီးချစ်၊ ညီအကို မောင်နှမချစ် စသဖြင့်ပေါ့။

သစ္စာလေးပါးမှာ လောဘ ဆိုတဲ့ ချစ်ခြင်းတရားကို သမုဒယ လို့သုံးပါတယ်။ သမုဒယဆိုတာကတော့ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခလောင်းလို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှာ ရေးသား ထားပါတယ်။ အချစ်ဆိုတဲ့ လောဘကြောင့်ပဲ သံသရာတစ်လျှောက် ဒုက္ခနဲ့မိတ်ဖွဲ့ပြီး တ၀ဲဝဲ လည်လည် ဖြစ်နေရတာပါ။ အချစ်ကြီးရင် ဒုက္ခကြီးမယ်၊ အချစ်နည်းရင် ဒုက္ခနည်းမယ်၊ အချစ်မရှိရင်တော့ ဒုက္ခလည်း မရှိတော့ဘူးပေါ့။ (ဒါက အချစ်ကြောင့်ဖြစ်လာရမဲ့ ဒုက္ခတွေကို ပြောတာပါ)။ ချစ်မိကြပြီဆိုရင် အချစ်နွံ့က ရုန်းနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ပါတယ်။ ဒါကြောင့်ပဲ “အချစ်အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း အပြစ်မမြင် မဆင်ခြင်ပဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း” လို့ ရေးစပ်ခဲ့ကြပါတယ်။ သေခါနီးအချိန်တွေမှာလည်း သားသမီး၊ ဇနီးမယားအပေါ်မှာ ချစ်ခင်စွဲလန်းမှု၊ ပစ္စည်းဥစ္စာများကို ချစ်ခင်စွဲလန်းမှုတွေကြောင့် ပြိတ္တာဘ၀ ရောက်သွားရတာတွေလည်း မနည်းတော့ပါဘူး။ ဘုရားရှင်လက်ထက်က ရဟန်းတစ်ပါး မိမိရဲ့ သင်္ကန်းအသစ်လေး အပေါ်စွဲလန်းမိတဲ့အတွက် အဲဒီသင်္ကန်းပေါ်မှာ (၇)ရက် “သန်း” ဖြစ်ခဲ့ရပါ တယ်။ ချစ်ခင်စွဲလန်းမှုတွေဟာ အပါယ်လမ်းအတွက် ၀င်ပေါက်တံခါး တစ်ခုနဲ့ တူနေသလိုပါပဲ။ ပုံသေပြောတာမဟုတ်ပါဘူး။ အချစ်ကြောင့် သီလစောင့်ထိန်းသွားတဲ့ သူတွေကိုလည်း တွေ့ဘူးပါတယ်။ (ချစ်သူက ဘီယာမသောက်ပါနဲ့ပြောလို့ လုံးဝ မသောက် တော့တာမျိုးပါ)။

မြတ်စွာဘုရားက တရားဦး ဓမ္မစကြာဒေသနာတော်မှာ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော” (ချစ်ခင်နှစ်သက်သူများနဲ့ ဝေးကွာရခြင်းသည် ဒုက္ခ)၊ “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော” (မချစ်မနှစ်သက်သူများနဲ့ အတူနေရခြင်းသည် ဒုက္ခ)၊ လို့ဟောတော်မူခဲ့ပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ ဘယ်သူမှ ကွေကွင်းမနေချင်ကြပါဘူး။ ချစ်မြတ်နိုးသူတွေနဲ့ ဘ၀သံသရာမှာ ပါရမီဖြည့် ဖက်အဖြစ် လက်တွဲသွားချင်ရင်လည်း နည်းလမ်းလေး ဘုရားရှင်ဟောကြားခဲ့တဲ့ ပြောပြပါ မယ်။ ယခုဘ၀မှာ စိတ်တူကိုယ်တူဖြစ်ကြသော သူနှစ်ယောက်က နောင်ဘ၀မှာလည်း အမြဲမ ကွဲ၊ မကွာ ဖြစ်ချင်ရင် တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ ပညာအရာတို့ တူစေရပါ မယ်။ တစ်ယောက်က သဒ္ဓါကောင်းရင် ကျန်တစ်ယောက်ကလည်း သဒ္ဓါကောင်းရပါမယ်။ တစ်ယောက်က သီလစင်ကြယ်ရင် ကျန်တစ်ယောက်ကလည်း သီလစင်ကြယ်ရပါမယ်။ တစ် ယောက်ရဲ့ ကုသိုလ်လုပ်ငန်းကို တစ်ယောက်က မတားမြစ်ရဘူး။ မယ်ကလှူတာကို မောင်ကကြည်ဖြူတာမျိုး ဖြစ်ရပါမယ်။ ဒါ့ကြောင့် သံသရာတစ်လျှောက် စမ်းရေတွေအတူ သောက် ပန်းတွေအတူကောက်ပြီး ပါရမီဖြည့်ဖက်ဘ၀ ဟန်းနီးမွန်းခရီးသည်များ ဖြစ်ချင်ရင် တော့ မြတ်ဗုဒ္ဓပေးတဲ့ အချက်တွေကို ခိုင်မြဲစွာကျင့်သုံးရပါမယ်။ အမှန်ပြောရရင် သူတစ်ပါးချစ် နေဖို့ထက် မိမိကိုယ်ကို ချစ်နေဖို့က ပိုအရေးကြီးပါတယ်။ ပသေနဒီကောသလမင်းကြီးက ဘုရားရှင်အား “အဘယ်သူသည် မိမိကိုယ်ကို ချစ်ရာရောက်၍ အဘယ်သူသည် မိမိကိုယ်ကို မချစ်ရာရောက်ပါသနည်း” လို့မေးပါတယ်။ ထိုအခါ မြတ်စွာဘုရားက “အကြင်သူသည် ကိုယ်နှုတ်နှလုံးသုံးပါးတို့ဖြင့် မကောင်းမှုဒုစရိုက်တို့ကို ပြုလုပ်ပြောဆိုကြံစည်နေလျင် မိမိကိုယ်ကို မချစ်ရာရောက်၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် ဒုစရိုက်တရားတို့ကို ရှောင်၍ သုစရိုက်တ ရားတို့ကိုပြုနေလျင် မိမိကိုယ်ကို ချစ်ရာရောက်၏” လို့ ပြန်လည်ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် ချစ်သူ၊ သားသမီး၊ ဇနီးမယား၊ ပစ္စည်းဥစ္စာများအပေါ် အချစ်လျော့ပြီး သုစရိုက် တရားများလိုက်နာကျင့်သုံးကာ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးသင့်ပါတယ်။

26 comments:

တလနွန် said...

နံပါတ် တစ်

၁၁၁၁

တလနွန် said...

ဘာရယ်မဟုတ်ဘူး။ တစ် ယူ ကြည့်လိုက်တာ။ အချစ် ဆိုတာ ပူလောင်ရင် မေတ္တာ ဆိုတာ အေးမြတယ်လို့ ကြားဖူးတယ်။ သံယောဇဉ် ဆိုတာလည်း ခိုင်မြဲမှုတဲ့။
သင်္ကန်းပေါ် ချစ်ခင်စွဲလန်းလို့ တောင် မကျွတ်ရင် လူတစ်ယောက်အပေါ် အရမ်းစွဲလန်းမိခဲ့ရင် တော်တော်ခက်မယ်ထင်တယ်။
ထို့ ကြောင့် သံယောဇဉ်တွေဖြတ် ဘုန်းကြီးပဲ ဝတ်တာ ကောင်းပါသည်။ :)

ခင်မင်ခြင်းနှင့်
တလနွန်

ကိုရေတမာ said...

တစ်မရတော့ တောက် ပေါ့

မိုးစက်အိမ် said...

ဘာလို့ စချစ်မိတာလဲ ? ဘယ်လို အချစ်ဆိုတာ ခံစားမိလာတာလဲဆိုရင် ..သနားတာက စမယ်၊ သူ့အရည်အချင်း ၊ စိတ်သဘောထားတွေကို သဘောကျနှစ်သက်ရာကနေ ဖြစ်မယ်။ သေချာမသိဘူး။ ဖြစ်နိုင်ခြေကိုပြောတာလေ။ ဒါကြောင့် ပြောတာပေါ့.ချစ်တယ်ဆိုတာ ဘာလဲလို့မေးရင် ပြောရခက်တယ်လို့။
မှန်လိုက်တဲ. စကားအမရေ ... လုံးဝထောက်ခံတယ်...
အဲစကားတွေကတော. အမှန်ဘဲ ကိုယ်တွေ.မဟုတ်ပေမဲ.
တွေ.ဘူးတဲ. တော်တော်များများက အလိုပိုများတယ် အမရေ...ရေးသားတဲ. တစ်ပုးလုံးကောင်းတယ်ဗျာ

ကိုရေတမာ said...

အချစ်လား သူဖျားနေတယ်

Anonymous said...

တစ်ဦးနှင်တစ်ဦး ချစ်ကြရင် ဟိုမသွာနဲ့ / ဒီမသွာနဲ့ / ဟိုအင်္ကျီမဝတ်နဲ့ ဆိုပြီး ချုပ်ချယ်မှာတော့အမှန်ဘဲ..ဘယ်သူကအရင်စ လဲတော့မသိဘူး...

အပျိုကြီး / လူပျိုကြီး လုပ်ရတာဘဲကောင်းတယ် မမ...

လုပ်ချင်ရာ လုပ်လိုရတယ်... :P :P

Unknown said...

{ ဒီအပျိုကြီးက ဘာမှနားမလည်ပါဘူး } အဲ့ဒီစာသား ကြိုက်၏ :P


တစ်ကယ်တော့
အချစ်က ရေလိုပါပဲ
မီးနဲ့တည်လိုက်ရင်တော့
ပူလောင်သွားရော...

Anonymous said...

အော်..အချစ်..အချစ်၊?
အချစ်ကြောင်းတွေ ဘဲဖတ်နေရပါလား ပြန်လာမှ အချစ်ဒဿနတွေ ရေးဦးမယ်
အဆင်ပြေပျော်ရွှင်ပါစေ အမရေ

နဒီမိုးညို said...

အချစ်က..မချစ်တတ်ရင်..ပူလောင်ပါတယ်..
ချစ်သူတစ်ယောက်ပေါ်မှာ..နားလည်မူလေး..ပေးပြီး
ချစ်နိုင်မယ်ဆိုရင်..ပျော်ရွှင်စရာ.ဘဝကိုပိုင်ဆိုင်ရမှာပါ..
နားလည်မူဆိုတာ..အချစ်၇ဲ့ မှတ်ကျောက်ပါပဲ..ရှင်..

Anonymous said...

အင်း ..... ဒီအချစ်ကြောင့်ပဲ ခံစားမှု ရဿမျိုးစုံး ရစေခဲ့ပါတယ်။

သုခုမလေဒီ said...

မငုံ .. သူကတော့ ချစ်ပြီးသွား အဲ ရေးပြီးသွားပြီပေါ့လေ။
အချစ် အချစ် အင်း အဲဒီအချစ်ဆိုတာကို စဉ်းစားရင် ခေါင်းနည်းနည်းတော့ စားတယ်။ ဟီးး

kiki said...

kiki: “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော” ယနေ့ ဥပုသ်နဲ့မို့  ဘာမှ မပြောတော့ ပါ ...ခိခိ

နော်ခမ်း said...

သီချင်းစာသားလေး တစ်ခုကို သတိရမိတယ် အချစ်ဆိုတာ ဘာလဲလို့ မေးရင် ငါးလေးတွေကိုဘယ်သူရေကူးသင်ပေးတာလဲ ငှက်လေးတွေကို ပျံတတ်အောင် ဘယ်သူသင်ပေးတာလဲလို့  မေးတာနဲ့  အတူတူပဲတဲ့ ကျတော်လည်းအဲလိုပဲထင်တယ် အချစ်က လူတစ်ယောက်ကို အများကြီးပြောင်းလဲစေတာတော့ အမှန်ပဲဗျ အဲဒါကြောင့် ကိုယ့်ကိုယ်ကို အချစ်နဲ့ တွေ့ ပြီလို့ ထင်လိုက်တာနဲ့  သတိထားသင့်ပြီလို့ ထင်တယ်

sonata-cantata said...

ပို့စ်လေးက အချစ်နဲ့ ပတ်သက်လို့ တော်တော်ပြည့်စုံတယ်။

Dream said...

အချစ်အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း အပြစ်မမြင် မဆင်ခြင်ပဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း အဲဒါလေး မှန်တယ်နော်...တီတီ...


ဝါးးးးးးးးးးး တီငုံက တော်တော်ချစ်တတ်လိုက်တာ..အဲလေ...တော်တော်ရေးတတ်လိုက်တာ....

ဒီအပျိုကြီး ဘာမှလဲ မသိပဲနဲ့..ခစ်ခစ်.... အဲဒါလေး မိုက်တယ်... :P

သူတို့ပြောတာတွေ မခံနဲ့ ငါ့တီတီ။ အမြန်ဆုံး ကျွတ်အောင်လွတ်လုပ်ပေတော့...ဟိဟိ

တက်ဂ်ပို့လေးကို ရေးပေးလို့ ကျေးဇူး ပါ တီတီရေ....အာဝါးးးးးးးးးးးးးအမြှောက်တစ်သိန်းနော်...... တီတီလဲ အပျိုကြီး ဘ၀မှ အမြန်လွတ်မြောက်နိုင်ပါစေ... :P

စိတ်၏ဖြေရာ said...

ညီမလေးရေ..အချစ်.?ကိုဖတ်သွားပါတယ်၊
Southern Africa အရှေ့ တိုင်းမကျအနောက်တိုင်း
မကျအရပ်မှာနေပါတယ်၊လာလည်တာကျေးဇူးတင်ပါတယ်။

Angel Shaper said...

တီငုံ... အချစ်=?
ရှင်းပြတာကျေးဇူးနော်။
နားလည်ထားတာ အချစ်=အဝေးဆုံးလို့။
ပျော်ရွှင်ပါစေ တီတီငုံ...

Beauty Studio USA Branded Store said...

သံယောဇဉ်ကြိုး တိုးသထက်သာတိုးနော်
မငုံ။အမှန်ပါပဲ။
မယူခင်က အချစ်
ယူပြီးတော့ သံယောဇဉ်
ဒါပဲကောင်းပါတယ်လေ။
မှန်ပါ၏။

လင်းကြယ်ဖြူ said...

အချစ်ဆိုတာပူလောင်တဲ့မီးတောက်ငယ်တစ်ခု..
ဘယ်သူမပြုမိမိမှု.စဉ်းစားကြည့်ပါအခု..
မေတ္တာဟာအေးမြတဲ့ စမ်းချောင်းငယ်တစ်ခု..
၅၂၈ထက်ပိုရင် အပူမီးတ္ဂေစု...
သံယောဇဉ်.ဆိုတာကရော.......
ဟဲ..ဟဲ..တော်ပြီ..အနိုင် ရဲ့ သီချင်းတစ်ပုဒ်လုံးလည်း
ဆုံးတော့မယ်...
ပျော်ပါစေ

မိုးခါး said...

အပျိုကြီးပြောသော အချစ်အကြောင်းပေါ့ :P
အင်း .. စဉ်းစားသွားတယ် မငုံရေ :D
အပျိုကြီး ဂယ် လုပ်မှာလား :P

naylin said...

တရားနာပြီး တောထွက်ချင်စိတ် လုံးဝ
ပေါ်မလာပါ၊ :)

မီးတောက် said...

အချစ်ဆိုတာ ဘာကြီးလဲ
သုံးတတ်သူက အေးမြတယ်
မသုံးတတ်သူက ပူလောင်တယ်
ဟူးးးးးး အားလုံးကို ရှုပ်နေတာပဲ

ဟိ

ကိုလူထွေး said...

ကိုယ်ကိုကိုယ်ချစ်မြတ်နိုးတယ်ဆိုတာ
အတ္တကြီးဖို့... တဘို့ထဲကို ကြည့်ဖို့... ပြောတာမဟုတ်ဘူးနော်...

သီဟသစ် said...

မငုံရေ

မငုံရဲ့စာရော
ညီလေးအောင်ဦးရေးထားတဲ့ စာရော

သေချာဖတ်ပြီး မှတ်သားသွားပါတယ်

အပျိုကြီးတကယ်လုပ်မှာလား တဲ့ သူများတွေ မေးသွားကြပြီနော်
:)

ခင်မင်စွာဖြင့်
သီဟသစ်

Sein Lyan Tun said...

အပျိုကြီးနော်


ကိုကိုးးး ကစောင့်နေတာလားး


အပျိုကြီးက မူနေတာလားးးး


အပျိုကြီးကို ကြည့်ရတာချစ်တတ်ပါတယ်ဗျာ



ချစ်ခင်စွာဖြင့်


ဖိုးစိန်

libratun said...

i do agree with you, sis. you are on the right way to............ peace :)
me too.