ဒီတခါတော့ ကျွန်မ ဘွားဘွား ပြောပြတဲ့ ညအိပ်ရာဝင်ပုံပြင်လေးထဲမှ ဘုရားရှင်လက်ထက်တော်က ရှိခဲ့တဲ့ ဇာတ်လမ်းလေးအကြောင်းကို ပြောပြမယ်နော်။ အခုပထမဆုံး အနေနဲ့..

ကောသမ္ဗီတိုင်းပြည်ကြီးမှာ ဥတေနဘုရင် မင်းပြုချိန်မှာပေါ့။ ဥတေနဘုရင်ဆိုလို့ အသက်ကြီးကြီးမတွက်လိုက်နဲ့နော်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောလှပတဲ့ ဘုရင်တစ်ပါးပေါ့။ အဲဒီ ဥတေနဘုရင်ကြီးကို သိကြားမင်းက နတ်စောင်းနဲ့ ဂါထာတစ်ပုဒ် ဆက်သတယ်လေ။ အဲဒီနတ်စောင်းတီးပြီး ဂါထာလေး ရွတ်ရင် ဘယ်လောက်ပဲ ရုန့်ရင်းကြမ်းတမ်းတဲ့ ဆင်ဖြစ်ပါစေ ၀ပ်စင်းလာသတဲ့။ ဘုရင်ကလဲ ဆင်ဖမ်းတာ ၀ါသနာပါလေတော့ ဆင်တွေ့တယ်ဆိုရင်ပဲ သွားရောက် ဖမ်းယူတော့သတဲ့။ ဒါကို အိမ်နီးချင်းဘုရင်က အဲဒီဂါထာလိုချင်လို့ တောင်းယူပေမဲ့ ဥတေနဘုရင်က မပေးပါဘူး။ တနေ့တော့ အဲဒီအိမ်နီးချင်းဘုရင်ကြီးက အကြံထုတ်သတဲ့။ ဘုရင်ဥတေန ရွှေနားတော်ပေါက်အောင် သတင်းတစ်ခုဖြန့်လိုက်တာက ဆင်ဖြူပေါ်နေတယ်ဆိုတာပဲပေါ့။ ဥတေနဘုရင်ကလဲ ဆင်ဆိုတာနဲ့ မနေနိုင်သူ၊ ဆင်ဖြူတော်ဆိုတော့ ပိုဆိုးတာပေါ့။ မှူးမတ်များ တားပေမဲ့ မရဘူး။ ဒီလိုနဲ့ ရန်သူထောင်ချောက်ထဲ ၀င်ရောက်သွားတော့တာပါပဲ။

ဥတေနဘုရင်ကို ဖမ်းမိသွားတော့ အဲဒီဘုရင်ကြီးက ဂါထာတောင်းယူပါလေရော။ ဥတေနဘုရင်လဲ အကြံထုတ်တော့တာပါပဲ။ ဒီအချိန်မှာ သူ့အသက်မသေသရွေ့ လွတ်လမ်းဆိုတာ ရှိတာပဲလေ။ ဆိုတော့ ဥတေနဘုရင်က ပြောလိုက်တယ်။ ကောင်းပြီ။ ဒီဂါထာကို သင်ပေးမယ်။ ဒါပေမဲ့ ဂါထာသင်သူဟာ ဆရာဖြစ်တဲ့အတွက် သူ့ကိုရှိခိုးရမယ်ပေါ့။ ဟိုဘုရင်ကြီးက သူ့ရန်သူတော်ဖြစ်တဲ့အပြင် သူ့သားအရွယ်ကို ရှိခိုးရမယ်ဆိုတော့ ဘယ်လိုလာပြီး ရှိခိုးမှာလဲ။ ဒါပေမဲ့ ဥတေနဘုရင် ပြောတာကလဲ သင့်လျော်နေတော့ ငြင်းလို့ကလဲ မရ။ ဂါထာကိုလဲ လိုချင်နဲ့။ နောက်ဆုံး အပေးအယူတစ်ခု လုပ်တော့တာပါပဲ။ သူမဟုတ်တဲ့ သူ့လူတစ်ယောက်ကို သင်ခိုင်းရင် ရမရပေါ့။ ဥတေနဘုရင်ကလဲ အကြံနဲ့ဆိုတော့ ရတယ်လို့ ဖြေလိုက်တာပေါ့။

အဲဒီမှာ ဘုရင်ကြီးက ဒီဂါထာကို ဘယ်သူ့ကို သင်ခိုင်းရမလဲဆိုတာ တွေးရပြန်တယ်။ အကယ်လို့ သူတစ်ပါးကို သင်ခိုင်းရင် အပြင်ပေါက်ကြားမှာစိုးတော့ နောက်ဆုံး သူ့သမီးတော် ၀ါသုလဒတ္တာကို သင်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ သမီးတော်နဲ့ ဥတေနဘုရင် နီးစပ်သွားမှာလဲ စိုးတော့ တမျိုးအကြံထုတ်ရပြန်တာပေါ့။ သမီးတော်ကို ဘယ်လိုပြောသလဲဆိုတော့ အဲဒီဥတေနဘုရင်ဆိုတာ ကြားရတဲ့အတိုင်း ငယ်ငယ်ချောချော ဘုရင်မဟုတ်ပဲ အသက်ကြီးကြီးနဲ့ နူနာစွဲနေတယ်ပေါ့။ ဒါပေမဲ့ တခြားသူကိုလဲ မသင်ခိုင်းချင်ဘူး။ သမီးတော်ကိုပဲ စိတ်ချတော့ ဆိုပြီး ပြောရတော့တာပါပဲ။ ဥတေနဘုရင်ကြီးကိုလဲ အခုသင်မဲ့ သူ့အထိန်းတော်က ခါးကုန်းပြီး အင်မတန်ရုပ်ဆိုးလို့ တင်းတိမ်ကာပြီး သင်ပေးပါလို့ ပြောသတဲ့။

နောက်ဆုံးတော့ အပေးအယူမျှတစွာနဲ့ တင်းတိမ်ကာပြီး သင်ကြားကြတော့တာပေါ့။ ဥတေနဘုရင်ကလဲ တနေ့နည်းနည်းစီပဲ သင်ပေးတာပေါ့။ တစ်နေ့တော့ ဥတေနဘုရင် ချပေးတဲ့ ဂါထာကို ၀ါသုလဒတ္တာသမီးတော်က ပီသအောင် လိုက်မရွတ်နိုင်ဘူး။ အကြိမ်ကြိမ်သင်ပေးလဲ မရနေတော့ ဥတေနဘုရင်လဲ စိတ်ဆိုးပြီး“ ဟဲ့ ခါးကုန်းမ ၊ နင် ဒီလောက်လွယ်တာလေးကိုတောင် လိုက်မဆိုနိုင်ဘူးလား “လို့ အော်တော့တာပေါ့။ ၀ါသုလဆိုတာက ဘုရင့်သမီးလေ။ ဘယ်ခံမလဲ ။ ချက်ချင်းပြန်ပြောလိုက်တာက “ နူနာစွဲနေတဲ့ ဘုရင်အိုကြီး “လို့ ပြန်ပြောလိုက်တော့တာပေါ့။

နှစ်ဘက်လုံး စိတ်ဆိုးဆိုးနဲ့ ကာထားတဲ့ တင်းတိမ်ကို ဆွဲဖယ်လိုက်တော့ ထင်ထားသလို မဟုတ်တော့ အံ့အားသင့်သွားကြတာပေါ့။ နောက်ပြီး ဘုရင်ကြီးရဲ့ အကြံကိုလဲ သဘောပေါက်သွားတော့ပါတယ်။ မကြာပါဘူး။ ဥတေနဘုရင်နဲ့ ၀ါသုလဒတ္တာမင်းသမီးလဲ ရည်ငံမိသွားတော့သတဲ့။ ချစ်သူအတွက် အသက်ပေးနိုင်တဲ့ မိန်းမသားတွေ သဘောအရ နောက်ဆုံး ဥတေနဘုရင်လွတ်အောင် ခမည်းတော်ဘုရင်ကြီးကို ပြောလိုက်တာက

အခုနောက်ဆုံးသင်ရမဲ့ ဂါထာတော်က မြို့အပြင်ထွက်ပြီးသင်မှရမယ်။ ဆင်တွေနဲ့ လက်တွေ့နဲ့ သင်ကြားရမယ်ပေါ့။ ဒါကြောင့် ညနေစောင်းချိန်မှာ မြို့ပြင်ထွက်ခွင့် တောင်းသတဲ့။ ပြီးတော့ အပြင်လူတွေလဲ ပါလို့မရဘူးလို့ တခါတည်း ပြောသတဲ့။ ဘုရင်ကြီးက သိပ်တော့ မသင်္ကာလှဘူး။ ဒါပေမဲ့ ဂါထာကိုလဲ လိုချင်တော့ မယုံပေမဲ့ ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ နောက်ယောင်ခံလိုက်ဖို့ အားလုံးပြင်ဆင်ပြီးသားပါပဲ။

ဒီလိုနဲ့ တညနေစောင်းချိန်မှာတော့ ဥတေနဘုရင်နဲ့ ၀ါသုလဒတ္တာမင်းသမီး နောက်ဆုံးဂါထာသင်ဖို့ ထွက်သွားပါတယ်။ ဒီလိုပဲ ဘုရင်ကြီးရဲ့ ရဲမက်အချို့ကလဲ နောင်ယောင်ခံလိုက်လာကြပါတယ်။ ထင်တဲ့အတိုင်း ဥတေနဘုရင်ထွက်ပြေးတာကို သိတော့ ဖမ်းမယ်လုပ်ပေမဲ့ ၀ါသုလဒတ္တာမင်းသမီးက အဆင်သင့်ယူလာတဲ့ ရွှေငွေတွေကို ကြဲချတော့ ရဲမက်တွေက ကောက်လိုက် ဥတေနဘုရင်နဲ့ မင်းသမီးက ဆင်နဲ့ပြေးလိုက်၊ နောက်က ရဲမက်တွေက လိုက်တဲ့အခါ မင်းသမီးက ရွှေငွေတွေ ကြဲချလိုက်ဆိုတော့ နောက်ဆုံး ဘုရင်ကြီးစက်ကွင်းက လွတ်လို့ ဥတေနဘုရင်ရဲ့ ပိုင်နက်ထဲ ရောက်သွာတော့တာပါပဲ။ ဥတေနဘုရင်က ရန်သူ့လက်ထဲမှာဆိုတော့ အခြေအနေစောင့်နေကြတဲ့ ဘုရင်မှူးမတ်ရဲမက်များလဲ ရှိနေတော့ ၀ါသုလဒတ္တာမင်းသမီးရဲ့ ဖခင်ဘုရင်ကြီးမှာ လက်လျော့လိုက်ရတော့တာပါပဲ။ ဒီလိုနဲ့ ကောသမ္ဗီပြည်ကြီးကိုရောက်တော့ ဥတေနဘုရင်က ၀ါသုလဒတ္တာမင်းသမီးကို မိဖုရားကြီးတင်မြှောက်လိုက်တော့သတဲ့။။။

17 comments:

Unknown said...

ပုံပြင်လေးကို ဖတ်သွားပါတရ်း)

လင်းကြယ်ဖြူ said...

မိုက်တယ်နော်..ကန့်လန့်ကာ တစ်ထပ်ခြား ချစ်ပုံပြင်..
ဒါနဲ့ ...အဲ့ဒီ့ ကန့်လန့်ကာ က ဘာရောင်လဲ ဟင် အစ်မ.....ပြီးတော့ နောက်ယောင်ခံလိုက်တဲ့ စုံထောက်တ္ဂေဆိုတာ အဲ့ဒီ့ခေတ်ကတည်းကရှိတာပေါ့နော်..
ဖတ်လို့ကောင်းတယ်..နောက်လဲပုံတ္ဂေပြောပြပါဦးနော်..
ပျော်ပါစေ...

တလနွန် said...

ပုံပြင်လေးကို ဖတ်သွားတယ် မငုံ။ ကျွန်တော်လည်း ပုံပြင် အရမ်းကြိုက်တယ် :)
ပျော်ရွင်ပါစေ မငုံ

ခင်မင်ခြင်းနှင့်
တလနွန်

kiki said...

ငါ့  မြေးလေး ငုံလည်း
ရည်းစားတွေ့ တာ နဲ့  အဖေကြီး ကို မလိမ့်တပတ် ရိုက်ပြီး
အဲလို ဆင်စီး ထွက်ပြေး မှာ မြင်ယောင် မိတယ်ကွယ် .. ရွှေတွေ ငွေတွေ များများကြဲနိုင်အောင်
ခုတည်းက စုထား ဆောင်းထား တော့ နော်
ပြေးခါနီး ဆို လက်တို့ လိုက်..
ကြားလား .. ရွှေငွေ တွေ လိုက်ကောက် မလို့လေ
ဟိဟိ ။
မမေ့နဲ့ နော် ။ ကြိုပြော ထားတယ်။
တင်းတိမ် တော့ မသိဖူး ။
တင်းတိတ် ၊ ဝက်ခြံ တော့ ရှိတယ် ။

ဖွား ကိ ...

အိုက်ခီလောက် said...

ပုံပြင်ထဲမှာတော့ဆင်စီးပြီးပြေးတယ်
အမ နင့်ရော ဘာစီးပြီးပြေးမှာလည်းဟင်
အဟတ် စိုင်းစိုင်းတစ်ယောက် ငါ့ထင်တယ် ထော်လာဂျီနဲ့ တင်ပြေးမယ်ထင်တယ်ဟ

Sein Lyan Tun said...

မငုံက ထော်လာဂျီ စီးပြီးပြေးမှာ

ထော်လဂျီက ဖိုးစိန်အိမ်က ဘရိတ်ဆီမပါတဲ့ ခေါင်းလျှော်ရည်ထည့်မောင်းတဲ့ထော်လာဂျီ

မောင်းသူက အမူး ညီလေးယောက်ဖ

နောက်လိုက်က အရဲ

သုံးယောက်ပေါင်းပြီးးးး မငုံကို ထွက်ပြေးနိုင်အောင်လုပ်မယ်


အဟားးး

ပုံပြင်ကြိုက်လို့လားမသိဖူး ဖတ်ရတာ စွဲသွားတာပဲ

နောက်လဲရေးပါအုံး အပျိုကြီးရေ...

အင်း....
ကလေးထိန်းကျောင်းဖွင့်မယ်ဆိုတာ ထောက်ခံတယ်

မအားရင်ကလေးတွေကို ပုံပြောပြီး တနေကုန် ပေးအိပ်မယ့်ဆရာမများလားပဲ

အဟားးး

ချစ်ခင်စွာဖြင့်

ဖိုးစိန်

Anonymous said...

မိန်းမတွေများနော်... ဥဏ်များချက်ကတော့ လန်ထွက်နေတာပဲ။ သူတို့ ကြိုက်တဲ့သူနဲ့ မနီးမှာစိုးလို့ထင်ပါ့ ထွက်လာတယ် ဥဏ်နီ၊ဥဏ်နက်တွေ။ လူတွေသည်းခြေကြိုက်ဖြစ်တဲ့ ရွှေငွေတွေ ကြဲချတယ် ဆိုထားတာကိုးဗျ အဲဒါကြောင့်ပြောတာပါ အဟီးဟီးဟီး

Yu Ya said...

မငုံရေ.. ပုံပြင်လေးကောင်းလို့ အစအဆုံး သေချာ ဖတ်သွားပါတယ်။

တောင်ပေါ်သား said...

ပုံပြင်လေးဖတ်ပြီး အတွေးတွေ ရသွားတယ် ကြီးဒေါ်ရေ.. ဘယ်အရာမဆို လိုချင်ရင် ပေးဆပ်မူ ရှိတာပဲလေ.. အလကားလိုချင်လို့ ဘယ်ရပါ့မလဲး) အကြံထုတ်တဲ့ ဘုရင်ကြီးတော့ သွားရှာပေါ့ သမီးလဲ ပါသွားတယ်းဝ ဟီးးးးး


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

ပုံပြင်လေး လာဖတ်သွားပါတယ်။ ပုံပြောကောင်းတဲ့ မငုံ ရေ

မြစ်ကျိုးအင်း said...

ကြဲစရာရွှေမရှိရင် ဒွတ်ခပဲ....
မငုံလည်း ဆင်စီးပြီးမြင်းရံတာကို မှန်းနေပြီထင်ရဲ့
မကီပြောသလို ရွှေစငွေစကြဲရင် လက်တို့နော်..။
ဒါမှမဟုတ်ရင်တော့ ရွှေကြိုး တားရမယ်နဲ့တူရဲ့

ကိုလူထွေး said...

ငယ်ငယ်က နားထောင်ခဲ့ရတဲ့ ပုံပြင်ကို ဒီကနေ့အထိ မှတ်မိနေသေးတယ်...

တော်လိုက်တာ...

kaungkinpyar said...

တို့တော့ အသက်ကြီးလာ ဦးနှောက်တွေ မကောင်း ဘာမှ မမှတ်မိ ၊ တော်လိုက်တဲ့ ကောင်မလေး၊ ပုံပြင်လေးကို ရေးထားတာ လှတယ်

မိုးစက်အိမ် said...

ငယ်ငယ်က ဖတ်ဘူးတယ်မကြီးရ ခုမကြီးပြန်တင်လို.
ပြန်ဖတ်ရပြီ ကျေးဇူးနော်...ဥတေန ဘုရင်ကတော.
လန်းသွားပြီဗျာ ... :P

မေလေး said...

တော်လိုက်တာမငုံရယ်။ရေးတတ်လိုက်တာ။ငယ်ငယ်ကနားထောင်ဘူးတယ်။ခုမမငုံရေးထားတာပိုကောင်းတယ်.

Lin said...

"နမ်းလည်းနမ်းရ ၅ကျပ်လည်းရ မြတ်ဖူးလား" ဆိုတာမျိုးဖြစ်နေပြီ မမရော အဲဒီဂါထာ သင်မလား :P

နေဒေးသစ် said...

အကြံပိုင်လိုက်တာ ..
ပုံပြင်ကောင်းလေးတွေ မဖတ်ဖြစ်တာရော မကြားရတာရော ကြာခဲ့ပြီ ..
ပုံပြင်လေး ဖတ်ရင်း ကြည်နူးသွားခဲ့ရတယ် ..

နေဒေးသစ်။