ဘဒ္ဒ၀တီသူဌေးကြီးတို့ရဲ့ မြို့လေးမှာ ယင်းနာလို့ ခေါ်တဲ့ ကပ်ရောဂါကျရောက်လာပါတော့တယ်။ အဲဒီရောဂါက ချက်ချင်း ကူးစက်ပြီး သေဆုံးတဲ့ ကြောက်မက်ဖွယ်ကောင်းလှတာပေါ့။ အဆင့်ဆင့် ကူးစက်လာလိုက်တာ ဘဒ္ဒ၀တီသူဌေးအိမ်ကို ရောက်ရှိလာချိန်မှာတော့ အလုပ်သမားတစ်ဦးရဲ့ အသိပေး အော်သံနဲ့အတူ ဘဒ္ဒ၀တီသူဌေးကြီးက သူဌေးမနဲ့ သမီးဖြစ်သူ သာမာဝတီကို ခေါ်လျက် ကောသမ္ဗီပြည်ရှိ မိတ်ဆွေ ဃောသကသူဌေးဆီသို့ ထွက်ပြေးလာကြတာပေါ့။ ဃောသကသူဌေးဆိုတာ ဘဒ္ဒ၀တီသူဌေးနဲ့ လူချင်းမတွေ့ဖူးပဲ အင်မတန်ခင်မင်ကြတဲ့ မိတ်ဆွေပေါ့။

ဒီလိုနဲ့ မိသားစုသုံးယောက် ကောသမ္ဗီပြည်ကို အရောက်မှာတော့ ဘဒ္ဒ၀တီသူဌေးလင်မယားမှာ ခရီးကြမ်းမို့ နေမကောင်းဖြစ်တာပေါ့။ ဒါနဲ့ မြို့ထဲမ၀င်နိုင်တော့ပဲ မြို့ပြင်က ဇရပ်လေးမှာ ခဏနေကြရရှာတယ်။ သာမာဝတီ က မိဘတွေစားသောက်ဖို့ မြို့ထဲသို့ထွက်ခဲ့တာပေါ့။ ဃောသကသူဌေး က အဲဒီချိန်မှာ အလှူကြီးပေးနေတဲ့ချိန်၊ မရှိဆင်းရဲသားလူတန်းစားမရွေး ကို အစားအသောက်များဝေငှနေချိန်နဲ့ ကြုံတယ်လေ။ သာမာဝတီလဲ အများနည်းတူ ၀င်ရောက်တောင်းတော့ တခြားသူများနဲ့မတူ သုံးယောက်စာ တောင်းသတဲ့။ မိဘနဲ့သူ့အတွက်ပေါ့။ အဲဒီညမှာပဲ မိခင်ဖြစ်သူက ပင်ပန်းဒဏ်ကို မခံနိုင်ပဲ နေမကောင်းဖြစ်ပြီး ဆုံးသွားတယ်။ နောက်တရက်မှာလဲ ၀မ်းနည်းမှု့ကို ဘေးချိတ်ပြီး အလှူမဏ္ဍပ်ဆီ လာပြီး နှစ်ယောက်စာလာတောင်းယူတယ်လေ။ အဲဒီညမှ ဖခင်ဖြစ်သူဘဒ္ဒ၀တီသူဌေး ထပ်မံသေဆုံးတယ်။ ဒီတော့ နောက်တရက်မှာ သွားတောင်းတော့ သူမအတွက် တစ်ယောက်စာပဲ တောင်းတာပေါ့။ အဲဒါကို သတိထားမိနေတဲ့ ဃောသကသူဌေးက နောက်ကနေ လိုက်ကြည့်ခိုင်းတာပေါ့။ သူ့စိတ်ထဲမှာလဲ တွေးမိတယ်လေ။ သာမာဝတီရဲ့ ရုပ်ရည်က သာမာန်မဟုတ်ပဲ အဆင့်တန်းမြင့်ထဲကလို့ တွက်မိတယ်လေ။

အဲဒီလိုနောက်က လိုက်သွားမှ အကြောင်းစုံသိရတော့ ဃောသကသူဌေးမှာ စိတ်မကောင်းကြီးစွာ ဖြစ်ရတော့တာပါပဲ။ ဒီလိုနဲ့ ဃောသကသူဌေးကြီးက သာမာဝတီလေးကို သမီးအဖြစ်မွေးစားလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သာမာဝတီ က အဖော်အသင်းနဲ့ ရေဆိပ်ဆင်းတော့ နန်းတော်ရှေ့က ဖြတ်သွားတယ်လေ။ အဲဒီချိန်မှာ ဥတေနဘုရင် က လေသာပြတင်းမှာ ရှိနေချိန်ပေါ့။ သာမာဝတီ က လှည့်အကြည့် ဥတေနဘုရင် ကလဲ အကြည့်မှာ ဆုံမိတော့ သာမာဝတီရှက်သွားရှာတယ်။ အဲဒီညနေစောင်းမှာ သာမာဝတီ ရေဆိပ်က အပြန် အိမ်အရောက်မှာတော့ သူမရဲ့ မွေးစားမိဘ ဃောသကသူဌေးရဲ့အိမ်ကို ရာဇမတ်ကာရံထားတာ တွေ့ရတော့တာပါပဲ။ ရာဇမတ်ကာရံတယ်ဆိုတာ ဘုရင်ပိုင်ဆိုင်ကြောင်း အသိပေးတာပါပဲ။ ကဲ..ဒီလိုနဲ့ သာမာဝတီက ဥတေနဘုရင်ရဲ့ တတိယမိဖုရားကြီးဘ၀သို့ ရောက်သွားပါတယ်။။။။

(မှတ်ချက်။။ မာဂဏ္ဍီ အကြောင်းကို ဖတ်ရတာ အားမရဘူး။ ပုံပြင်လေးတိုတယ်လို့ ပြောတာတွေ့ရလို့ပါ။ နောက် အပိုင်းတွေမှာ မာဂဏ္ဍီရဲ့ ဇာတ်ရုပ်က ဒီသာမာဝတီမိဖုရားကြီးကို မိတ်ဆက်ပေးပြီးမှ ပေါ်မှမို့လို့ပါ။ စောင့်ဖတ်ပေးနော်။ ကျေးဇူးတင်ပါတယ်ရှင်။ မှတ်မိသလောက်လေး ရေးထားတော့ အကယ်လို့ အမှားပါရင် ကျွန်မရဲ့ တာဝန်ပါပဲ။)

11 comments:

နှင်းနဲ့မာယာ said...

စောင့်ပီးဖတ်နေတယ်နော်....
ဆက်ရေးနော်...

Sein Lyan Tun said...

ငယ်ငယ်ကတည်းက အဖေပြောတဲ့ ဓမ္မပဒ ပုံပြင်တွေကို

သဘောကျသလို ကြိုက်လဲကြိုက်တယ်....

ခုလိုပြန်ဖတ်ရတာ ဝမ်းသာတယ်..

ဆက်ရန်လေးတွေ မျှော်နေပါတယ်ဗျားးးးး


ချစ်ခင်စွာဖြင့်

ဖိုးစိန်

Yu Ya said...

ဟုတ်ကဲ့ပါ.. စောင့်ဖတ်နေပါတယ်။ ဗဟုသုတတွေ အများကြီး ရပါတယ်။

ကျေးဇူးတင်စွာဖြင့်
yu ya

တောင်ပေါ်သား said...

ပုံပြင်လေးတွေ ဖတ်သွားတယ် ကြီးဒေါ် သမိုင်းပုံပြင်တွေလား ကျနော်ကတော့ တခါမှ မကြားဖူးဘူး ကျေးဇူးတင်ပါတယ်


လေးစားလျက်
တောင်ပေါ်သား

ရေတမာ said...

ဖတ်လို့အရမ်းကောင်းတယ်.. အသံလေးပါရင်ပိုကောင်းမယ်

တလနွန် said...

မငုံရေ....ပုံပြင် လာဖတ်သွားပြန်ပါပြီးးးးး

ခင်မင်ခြင်းနှင့်
တလနွန်

မိုးစက်အိမ် said...

မကြီးရေ အဲဥတေန ဘု၇င်တော. များနေပြီဗျာ
တွေ.သမျှလိုက်ယူနေတာဘဲ အနော်ဖို.ကျန်တော.
ဘူးထင်တယ်ဗျာ...နောက်တစ်ပိုင်း ထပ်တင်လို. နောက်
တစ်ယောက်ထပ်ယူလို.ကတော. အနော်သူ.ကို စီး
ချင်းထိုးလိုက်တော.မယ် ဆိုင်ကယ်နဲ. ဟီးးးးးးးးးးးးးးးး
နောက်ဆက်တွဲတွေ စောင်.နေတယ်နော် မကြီး ...

kiki said...

ဃောသကသူဌေးဆိုတာ ဘဒ္ဒ၀တီသူဌေးနဲ့ လူချင်းမတွေ့ဖူးပဲ အင်မတန်ခင်မင်ကြတဲ့ မိတ်ဆွေပေါ့။

အဲဒီခေတ် ကတည်းက အင်တာနက် ရှိလို့ လား ဟင် ။
ဟိဟိ ။ ငုံလေး နဲ့ ဖွား ကိ တို့လိုပေါ့ နော် ။
အိမ်သာ နတ် ကြီးကျေးဇူးကြောင့် လူချင်းမတွေ့ ဖူးပဲ လေ
ဟို လို လေ ..ဒီလိုလေ ... ခင်သွား ကြ တာလေ ..

ဒူဘိုင်းမှာရော .. ဥတေန လက်သစ် ရှိနေလား မသိ ။
ရေဆိပ်ဆင်းရင် သတိထား နော် ..
မြေးလေးငုံ ကို ဖွား ဆိတ်မ ချ ဘူးကွယ် ...
ဆိတ်ထီးပဲ ချတော့မယ် ..

မြစ်ကျိုးအင်း said...

နောက်ထပ်ဘုရင်က ဘယ်နှယောက်တောင် ယူအုံးမှာလဲ မသိဘူး စောင့်ဖတ်မှာတော့သေချာပါတယ်
ပုံပြင်ကတော့ကြိုက်တယ် ဘုန်းကြီးကျောင်းသွားရင် ၅၅၀ နိပါတ်တော်တွေ တောင်းဖတ်တတ်တာလေ..

လင်းကြယ်ဖြူ said...

အင်း...ပုံပြောကောင်းတဲ့ မမ လို့ ပဲ ခေါ်မယ်နော်..
ကောင်းတယ် ဗဟုသုတ တကယ်ရတယ်။။အထူးသဖြင့် မိဇော် တို့ ကျွန်တော် တို့လို ဘာမှ မသိတဲ့ လူတ္ဂေ အတ္ဂက် ပိုကောင်းတယ်..သ္ဂားမပြောနဲ့နော်..ဟဲ..
ကျေးဇူးပါ မငုံ ရေ....နောက်မှတ္ဂေ့မယ်နော်

နေဒေးသစ် said...

ရှေးခေတ် ဘုရင်တွေကလည်း တော်တော်လေးကို ပိုကဲ လွန်းတယ် .. ဟော တစ်ယောက် ဟောတစ်ယောက် .. :D

နေဒေးသစ်။