ကိုလင်းကြယ်ဖြူ တဂ်လိုက်တာပါ။ ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းများနဲ့ အစားအစာများတဲ့။ အစားအသောက်ဆို စားလို့ရသမျှ သစ်သားနဲ့ လူသားကလွဲ အားလုံးစားပါတယ် J မေ့မရတဲ့ဟင်းအကြောင်းလေး ပြောရရင်....
  • ရှမ်းပီသစွာနဲ့ ရှမ်းပဲပုတ်ပါ။ ငယ်လေးကတည်းက ရှမ်းပဲပုတ်ကို ဘယ်လိုချက်ချက် ကြိုက်တယ်။ တခြားဟင်းချက်တဲ့ နေ့ထက် ထမင်းပိုစားဖြစ်တယ်။ ( သုံးခွက်လောက် က တော့ အသာလေးပေါ့ :) အခုတွေး အခုစားချင်တယ် :( အိမ်က လူကြုံနဲ့ထဲ့လာပေးတဲ့ ရှမ်းပဲပုတ်လေး ကုန်သွားစလေး။ ကဲ ခွင့်ပြန်မဲ့ ဒူဘိုင်းရောက် မြန်မာများ ရှမ်းပဲပုတ်လေး လူကြုံမှာချင်လို့ ။
  • နောက်ဟင်းတခွက်ကတော့ ရှမ်းပဲပုတ်ပြီးရင် အကြိုက်ဆုံးပါပဲ. မုန်ညင်းပါ။ မုန်ညင်းဆိုလို့ ကျွန်မတို့ ရှမ်းပြည်ဘက်က စားတဲ့ မုန်ညင်းပင် ( ကျွန်မတို့ အခေါ်ကတော့ မုန်ညင်းညှောင့်)ကိုပြောတာနော်။ မုန်ညင်းဟင်းနဲ့ နမ်းဖတ်ချဉ်သုတ် ခုနေစားရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်။ အဲဒီမုန်ညင်းတောင် အဟဲ ဘိန်းခင်းကြားမှာ စိုက်တဲ့ မုန်ညင်းက ပိုချိုတယ်။ ပိုကောင်းတယ်တဲ့။ ပြောကြတာကို ကြားဖူးတာနော်။ရှမ်းဟင်းဆို ဘာငြားငြား စားချင်တယ်။ မမေ့ဘူး။ ခွင့်နဲ့ ပြန်တဲ့အခါ အားရပါးရ စားလိုက်ဦးမယ်လို့ ကြုံးဝါးထားတယ်။
  • ငပိရည်ကျိုလေးပါ။ အတို့အမြုပ်တွေ စုံလင်စွာနဲ့သာ ကျွေး၊ တခြား အသားဟင်းတွေ မလိုဘူး။ ဒီတစ်မျိုးတည်းနဲ့ စားတတ်တယ်။ အိမ်က လုပ်ပေးတာကတော့ ငပိရည်ကျိုထဲကို သရက်သီးစိမ်းလေးပါးပါးလှီးထဲ့တာ ။ တွေးကြည့်ရင်းနဲ့ သရေယိုလိုက်တာ။
  • နောက် ရခိုင် ငပိချက်။ ငရုတ်သီးကို ပြုတ် မညက်တညက်ထောင်းပြီး ငပိလေးထဲ့ နောက် ငါးနဲ့ချက်ထားတဲ့ ရှူးရှဲရှူးရှဲ။


တခြား ထမင်းနဲ့ တွဲမစားပဲ ခုံမင်တဲ့ အစားအစာကတော့...

  • ရှမ်းထမင်းချဉ်ပါ။ ဒီမှာလဲ ခဏခဏ လုပ်စားဖြစ်တယ်ဆိုပေမဲ့ သတိရနေတယ်။
  • တို့ဟူးနွေး။ ဒါလဲ လုပ်စားဖြစ်ပါတယ်။ ဒါပေမဲ့ မတူနေဘူး။ အီကြာကွေးလေး ညှပ်ထဲ့ပြီး စားတတ်တယ်။ အချိုရည်လေး များများဆမ်းလို့ပေါ့။
  • ယိုးဒယားသင်္ဘောသီးထောင်း ။ တောင်ကြီး အ.ထ.က.၆ ကျောင်းရှေ့ ဆိုင်လေးကို သတိရလိုက်တာ။ ဆိုင်လေး ရှိကောရှိသေးလားမသိပါဘူး။ နောက်တစ်ဆိုင်က မြို့ထဲက ချစ်စရာဆိုတဲ့ ဆိုင်ပေါ့။ ( တောင်ကြီးသားများ သိမယ်ထင်ပါတယ်။ ESEကားဂိတ်နားမှာပါ ။ ကြော်ငြာပေးတာ )မကြီး သူငယ်ချင်းဆိုင်လေ။ ပိုပိုသာသာလဲ ထဲ့ပေးတဲ့အပြင် ကြိုက်တတ်တာလေးတွေကို ပိုထဲ့ပေးတတ်တယ်။ ပြန်သွားရင် စားဦးမဲ့ စာရင်းထဲ ထဲ့ထားတယ်။ မြေပဲဆန်မထဲ့နဲ့ ငရုတ်သီးလေး ပိုထဲ့ပေးလို့ အခုကတည်းက ကြိုတွေးပြီး မှာနေမိပြီ။
  • ရခိုင်မုန့်တီ ဒါလဲ ငါးဖယ်လေးထဲ့ပြီး ငရုတ်သီးပြုတ်ထောင်းတာလေးကို ခပ်များများလေးထဲ့၊ ငံပြာရည်လေးကို လောင်းနဲ့ မပြီးနိုင်မစီးနိုင် စားနေကျ။ ရန်ကင်း မင်းလမ်းမှာ ရောင်းတဲ့ဆိုင်က လက်ညှစ်ရခိုင်မုန့်တီဆိုင်လေးဆို ဖောက်သည်ကို ဖြစ်လို့။
  • နောက်မမေ့မလျော့ သွားစားရမှာက စမ်းချောင်း ၊ စမ်းချောင်းလမ်း က ၀က်သားဒုတ်ထိုးဆိုင်လေးပါ။ အဲဒီဆိုင်က အချဉ်ရည်လေးလဲ ကောင်းတယ်။ ညီအကိုနှစ်ယောက် ရောင်းတာ။ မိန်းကလေး ရောင်းတာထက် ပိုဆိုးတယ်။ သေးသေးပါးပါးလေး လှီးတာ။ ဖောက်သည်ဆိုတော့ အဆစ်များများ စားရတယ်။ လျော့ပေးတယ်။ :)
  • အခွင့်သင့်ရင် စားချင်တဲ့တာလေးက တောင်ငူ ရွှေဆံတော်ဘုရား မှာရောင်းတဲ့ မုန့်ဟင်းခါးသုပ်လေးပါ။ တောင်ငူ မုန့်ဟင်းခါးသုပ်လေးက တခြားနဲ့မတူပါဘူး။ ခရမ်းချဉ်သီးအစိမ်း ၊ ပဲသီးအစိမ်းထဲ့သုပ်တယ်။ ပဲမှုန့်အစား ဆန်မှုန့်နဲ့ သုပ်တာပါ။ တော်တော်လေး ကောင်းပါတယ်။ ဟင်းရည်က တော့ ဟင်းရည်ကျဲလေးပါ။ တောင်ငူမုန့်ဟင်းခါးဆိုတာ ဟင်းရည်လေးနဲ့ ကျဲကျဲလေးချက်ထားပါတယ်။ ခဏက ပြောသလိုလေး စားကြပါတယ်။ ကျောင်းတက်တုန်းကတော့ နေ့ခင်းဘက်ဆို သူငယ်ချင်းတွေနဲ့ ကျောင်းနားက ဆိုင်တွေမှာ မစားပဲ ကဲပြီး အဲဒီ ဘုရားအထိ သွားစားတတ်ပါတယ်။

အင်းးး စားချင်တာတွေသာ ချရေးရရင် အပိုင်းတွေခွဲရေးနေရမယ်။ အခု ကိုယ်ရေးထားတဲ့ ကိုယ်စားသောက်ပုံကို ဖတ်ရတော့ တော်တော်ကျန်းမာရေး ညီညွှတ်အောင် စားနေတာပါလားလို့ တွေးမိပါတယ်။ အစပ် တအားစား၊ အချဉ်တွေစားနဲ့ ဘယ်တတ်နိုင်မှာလဲနော့။ မိန်းကလေးဆိုတော့လဲ အချဉ်အစပ်တော့ ကြိုက်တာပဲနော့။

22 comments:

လင်းကြယ်ဖြူ said...

စားစရာတ္ဂေကလည်းများလိုက်တာ...ဖတ်ပြီး ဗိုက်တောင် ဆာသ္ဂားပြီ...
ရှမ်းထမင်းချဉ် စားချင်တယ်...လုပ်ကျွေးပါဦး...
ဝက်သားဒုတ်ထိုးလည်း စားချင်တယ်...
ဟာဗျာ...အကုန် ကြိတ်ချင်တယ်..ဒါပဲ...
သူက ....
သစ်သားနဲ့လူသား မစားဖူးတဲ့ ..
ခြေလေးချောင်းသားဆိုရင် ကုတင် ပဲရှောင်တယ်..ကျွန်တော်ကတော့ ..ဟဲ..
ကျေးဇူးနော်....ခုလို တုန့်ပြန်ပေးတာလေးကို အမှတ်တရရှိ နေပါတယ်..ပျော်ပါစေ အစ်မရေ ခင်ဗျာ

Sein Lyan Tun said...

ရှမ်းထမင်းချဉ်

တို့ဟူးနွေး

ယိုးဒယားသဘောင်္သီးထောင်း

ရခိုင်မုန့်တီ

ဝက်သားဒုတ်ထိုး

မုန့်ဟင်းခါသုတ်


အဲဒါတွေ အကုန်ကြိုက်တယ်


အပျိုကြီါ်ဆီလာလည်ရင် ချက်ကျွေးရမယ်နော်


ကျနော်လဲ အဲဒီအစားအကြောင်းပြောတော့

လွမ်းသွားပြီးး(


ချစ်ခင်စွာဖြင့်

ဖိုးစိန်

မိုးစက်အိမ် said...

ဝေးးးးးးးးးးးးးးးး မကြီး စားချင်တာတွေ စွတ်ပြောနေ
အိပ်တော.မဲ.လူ ဗိုက်ပြန်ဆာလာပြီနော် ရန်ကုန်ရောက်
ရင် မကြီး အဲဒါတွေ အကုန် လုပ်ကျွေးဖို. ပြင်ထားနော်
မကျွေးလို.ကတော. မကြီး ကို ခေါ်ဘူးနော် :P
အကြိုက်ချင်း အကုန်တူတယ် မစားရတာကြာနေပြီဗျာ :(

Anonymous said...

စားချင်စရာတွေချည်းပါလားဗျာ။ သရေတောင်ကျတယ်။တောက်... ရွာပြန်ရင်တော့ အမုန်းဆွဲမယ် တေးထားတယ်
ဝမ်းသွားအောင်ကို ဆွဲပစ်မှာ..။ အဟီးဟီး ကျနော် ရွာပြန်ရောက်တဲ့ပထမဆုံးနေ့တိုင်း မုန့်ဟင်းခါး ၃ပွဲအကြော်စုံ ဆွဲတာ နောက်နေ့ဆို၇င်တော့.... ဗိုက်ထဲ စစ်ဖြစ်နေပြီဗျ အဲလိုအမုန်းဆွဲတာ... ခုလဲ မှတ်ထားတယ် အမုန်းဆွဲဖို့

kiki said...

ရေးထားတဲ့ စားချင်တာတွေ
ဖတ်ရတာနဲ့ တင်
ဗိုက်တောင်နာတယ် .. အဲလေ
ဗိုက်တောင်ဆာတယ် .. ဂွီ....

အချဉ် အစပ် တွေ ဒီလောက်စားရသလား
မြေးလေးရဲ့ 
အဆစ်တောင်းတဲ့  အကျင့်လည်း ဖျောက်အုံး
တော်ကြာ ယောကျာင်္းယူတော့ အဆစ်တောင်းနေရင်
ဒွတ်ခ ...

ဘွားကိ

မေလေး said...

မမငုံတော်တော်ဆိုးးးပြောတော့ချက်ထားတယ် ဆို။ခုတော့ပိုဆာအောင်လုပ်တယ်။စနေတနင်္ဂနွေ လုပ်စားမယ် ။စလုံးကို လာခဲ့နော်။

ရေတမာ said...

ဟင်းဟင်း မစားရ ၀ခမန်းပြောရင် ဘာလုပ်ရမယ်ဆိုတာ သိတယ်နော်.. မကြီးကိ ပုဒ်မနဲ့ညှိတယ်.........

ဘယ်သူ့အားကိုးနဲ့ မိုက်နေတာလဲ... အသက်တွေလည်းကြီးလှပါပြီ မကြီးရာ
ရသတဏှာတွေ လျော့ပါ.......
ကျန်းမာရေး ဂရုစိုက်....

ခင်တဲ့
ဟိ
(ဆရာလုပ်ရတာ ကောင်းလိုက်တာ ;P)
ပြန်လာလုပ်မှာ စိုးလို့ လင့်တောင်မထားခဲ့ဘူး သိလား

တောင်ပေါ်သား said...

ငိုချင်းအောင် လုပ်ပြန်ပြီ ကြီးဒေါ် ကျနော်ကတော့ ရှမ်းထမင်းချဉ်လေး နဲ့ ဂျူးမြစ်လေး ကိုက်ရတာကို သတိရတယ် အမေချက်တဲ့ ငါးခေါင်းဟင်းလဲ စားချင်တယ်း( ရှမ်းမုန်ညှင်းချဉ်များများနဲ့ တို့ဟူးနွေးလေး စားချင်တယ်း((

လေးစားလျက်
တောင်ပေါ်သား

ကောင်းကင်ပြာ said...

တို့လဲ စားချင်တယ်၊ ခုတော့ အမေ ပို့ထားတဲ့ ပဲပုပ်ကြော် လာပို့တာ ၊ မမ မစားတော့ဘူး ငုံ စားလိုက်တော့နော်

နှင်းနဲ့မာယာ said...

ငုံရေးထားတာတွေ အကုန်စားချင်တယ်...
မကျွေးရင် မခေါ်တော့ဘူး...
လာချက်ကျွေးနော်...
စာဖတ်တဲ့သူတွေကို သားရေကျအောင်လုပ်တယ်....

Dream said...

ရှမ်းပဲပုတ်နဲ့ ရှမ်းထမင်းပဲချားချင်တယ်..ရှမ်းခေါက်ဆွဲ စားချင်တယ်...လုပ်ကျွေး..

း)

Mogok Thar said...

မငုံ.....
ရှမ်းစာတွေ ရေးပြထားတာ ကျနော့်ကို နှိပ်စက်နေသလိုပဲ။
ကြိုက်သာကြိုက်၊ လုပ်မစားတတ်တော့ မငုံဆီ လာပီး ကပ်စားတော့မယ်ဗျာ။

သီဟသစ် said...

မငုံရေ

တော်သေးတယ် ညစာစားပြီးမှ လာဖတ်မိလို့ နို့မို့တဂွိဂွိနေတော့မှာပဲ

:D

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

မရေ..........
စားချင်တာလေးတွေ
ရခိုင်ငပိရည်ကတော့ကြိုက်တယ်
အင်းအားလုံးကြိုတ်ပါတယ်
မုံညှင်းစေားချက်တတ်လားဟင်မမ
သင်ပေးလေနော်

မြူးလေး

တလနွန် said...

ဗိုက်ဆာတယ်....ရှမ်းပြည်က အစားအစာတွေကို သတိရမိသွားတယ်...ဆယ်တန်းတုန်းက ပြင်ဦးလွင်မှာ
နေတော့ ရှမ်းအစာတွေ ကောင်းကောင်းရင်းနှီးတယ်
မငုံရေ ပြင်ထားပေတော့ ရှမ်းအစားအစာ လာလည်စားအုံးမယ် :)

ဇော် said...

အားပါးပါး
သူ့အိမ်သွားလည်ရင် ဒါတွေ လုပ်ကျွေးဖို့ ပူဆာဦးမှ။ အဟိ။

ဒေါ်လေးငုံကတော့ အကျွေးကို ချက်ချင်းကို ဆပ်တာကိုးဗျ။
ကျနော်ကတော့ ဘဲဥ ဘယ်လိုပြုတ်တယ်ဆိုတာ သေချာလုပ်ကြည့်ဦးမှ။ အဟီး။

မိုးခါး said...

သြော်
ရက်စက်ပ ရက်စက်ပ
စားချင်သွားပြီ
း((
ဘာပဲပြောပြော မှန်းပြီး ငမ်းသွားတယ် :D

ပျော်ရွှင်ပါစေ
မြန်မြန်ခွင့်ရပြီး မြန်မြန်ပြန်ဝါးနိုင်ပါစေး))

နေဒေးသစ် said...

ခက်ပါပြီ ..
အကြိုက်တွေ တူကုန်ပြီ ..
ရေးထားတာတွေ ဖတ်ပြီး ဗိုက်လည်း အားကြီး စာသွားပြီ ..
အလွမ်းဆုံးကတော့
ငါးပိရည်
ရခိုင်မုန့်တီ စပ်စပ်နဲ့
ပဲပုတ် ..

စားချင်လိုက်တာ ..

နေဒေးသစ်။

Yu Ya said...

ကျွန်တော်လည်း ရှမ်းပဲပုတ်ကြိုက်တယ်ဗျို့ ။ ၀က်သားဒုတ်ထိုးကတော့ တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် ထိုင်စားတယ်...အဟီး။

yu ya

Yu Ya said...
This comment has been removed by the author.
ဂျစ် said...

ဝက်သားဒုတ်ထိုး သတိရသွားတယ်...မမငုံရေ

ဝက်သားဒုတ်ထိုးစားရင် ဘေးကအဖော်ပါလာတဲ့
သူကိုတောင် မေ့နေတတ်တယ် .။

သူက ၀က်သားမစားဘူးလေ ....

ချစ်တဲ့
ဂျစ်

နွယ်ရိုး said...

ရှမ်းပဲပုပ်
မုန်ညင်း
ငပိရည်ကျို (ဒီတမျိုးထဲနဲ့လည်း စားဖြစ်တယ်)
တို့ဟူးနွေး
ရခိုင်မုန့်တီ

အဟဲဟဲ ဒါတွေတော့ ကြိုက်တာတူတယ်၊